Tecno Pouvoir 4 Series နဲ့ဈေးကွက်ထဲမှာနာမည်ရခဲ့တဲ့  Tecno ကတော့သူတို့ရဲ့ နောက်ထပ် Series အသစ်ကို ဈေးကွက်ထဲမှာရောင်းချဖို့အဆင်သင့်ဖြစ်နေပါပြီ။ ဒီ Series အသစ်ကတော့ Camon 16 series ပဲဖြစ်ပါတယ်။ ဒီ Series ထဲမှာတော့  Camon 16, Camon 16 Pro နဲ့ Camon 16 Premier တို့ပါဝင်ထားပါတယ်။ ဒီထဲက  Camon 16 Premier ကတော့ ကျွန်တော်တို့ မြန်မာနိုင်ငံကိုမကြာခင်မှာရောက်ရှိလာတော့မှာပဲဖြစ်ပါတယ်။

ဆိုတော့ ဖုန်းဟာဈေးတန်တန်နဲ့ ဘယ်လို Specs တွေကိုပေးထားလေမလဲ??

Camon 16 Premier Design

ဖုန်းကိုစကိုင်လိုက်နဲ့ ကျောဘက်မှာ စတုရန်း ပုံစံ Camera Setup ကို ခပ်ကြီးကြီးတပ်ဆင်ပေးထားတာကိုတွေ့ရမှာပါ။  ဖုန်းရဲ့ရှေ့ဘက်မှာတော့ Selfie Camera နှစ်လုံးပါဝင်တဲ့ ဆေးတောင့်ပုံစံ Punch Hole ကိုတပ်ဆင်ပေးထားပါတယ်။  Back Design ကတော့ Glass လို့ထင်ရပေမယ့်လည်း Plastic Back ကိုပဲသုံးပေးထားပါတယ်။ 

Volume ခလုတ် နဲ့ Side-mounted Fingerprint Scanner ပါတဲ့ Power ခလုတ်ကိုတော့ ဖုန်းရဲညာဘက်မှာတပ်ဆင်ပေးထားပါတယ်။ ဖုန်းရဲ့အောက်ခြေမှာတော့ ထုံးစံအတိုင်း 3.5mm နားကြပ်ပေါက် ၊  USB-C Port နဲ့ Speaker ကိုတွေ့ရမှာပါ။ ဒီမှာ Tecno Pouvoir 4 Pro မှာပါခဲ့တဲ့ Stereo Speakers တော့ပါမလာတော့ပါဘူး။ 

Display 

Display မှာတော့ 6.9-inch LCD Full HD+ Display ကိုသုံးပေးထားပါတယ်။ ဒီ Display ဟာဆိုရင် 90Hz Refresh Rate ကိုထောက်ပံ့ပေးထားပါတယ်။ ဒီလို Mid-range ဖုန်းတစ်လုံးမှာ 90Hz  ထောက်ပံ့ပေးလာတာကတော်တော်လေးအားရစရာပါ။ နောက်ထပ် HDR10+ ကိုလည်းထောက်ပံ့ပေးထားတာမို့လို့ ဖုန်း Display ရဲ့အရောင်စိုစွတ်မှုတွေဟာလည်း ပိုကောင်းလာမှာပါ။ 

Camera

Camera အတွက် Quad Camera Setup ထဲမှာ 64 MP Sony IMX686  Main Sensor ၊ 8 MP Ultra Wide-Angle Camera ၊ 2MP Depth Sensor ၊ 2MP Video Camera တို့ကိုတပ်ဆင်ပေးထားပါတယ်။  ဒီ Sony IMX686 64MP Sensor ဟာ Redmi K30  မှာသုံးပေးထားတဲ့ Sensor ပါ။ ဆိုတော့ Camera ပိုင်းမှာ K30 လိုပဲစွမ်းဆောင်နိုင်မယ်လို့ ယူဆရပါတယ်။

Selfie မှာတော့  Punch-hole ထဲမှာ 48 MP,(wide) + 8 MP (ultrawide) တို့ကိုတပ်ဆင်ပေးထားပါတယ်။ဒီမှာ 48MP Selfie ကိုသုံးထားက တော်တော်လေးတော့ အံအားသင့်စရာပါ။ ဒီ 48MP Selfie ဟာ ဘယ်လောက်ထိများ စွမ်းဆောင်ပေးနိုင်မလဲ?? စိတ်ဝင်စားဖို့တော့ကောင်းနေပါပြီ။ 

Video မှာတော့ 4K@30fps, 1080p@30fps, 720p@960fps Videos တွေကိုရိုက်ပေးနိုင်မှာပါ။ 

Performance 

Performance မှာ MediaTek ရဲ့  Gaming အသားပေး Chip တစ်ခုဖြစ်တဲ့ Helio G90T နဲ့ အားဖြည့်ပေးထားပါတယ်။ ဒီမှာ Helio G90T Chip ဟာ အနည်းငယ်တော့ ဟောင်းနေပေမယ့်လည်း Gaming Performance ကတော့ တော်တော်လေးကောင်းတာကို  Redmi Note 8 Pro Users တွေသိပြီးဖြစ်မှာပါ။ ပူတာလေးကလွှဲလို့ပေါ့ :3 

 ဒီ Chip ကိုတော့ 8 GB RAM ၊ 128 GB Internal Storage တို့နဲ့တွဲပေးလာမှာပါ။ 

Software အတွက် Android 10 အပေါ်အ‌ခြေခံထားတဲ့ HIOS 6.0 နဲ့ Run ပေးလာဖို့ရှိနေပါတယ်။

Battery မှာတော့ 33W Fast Charging ထောက်ပံ့ပေးထားတဲ့ 4,500 mAh battery ကိုတပ်ဆင်ပေးထားပါတယ်။  33W Fast Charging ကြောင့် 70% ကို မိနစ် ၃၀ အတွင်းမှာအားဖြည့်ပေးနိုင်မယ်လို့ Tecno ကဆိုထားပါတယ်။

ဈေးအနေနဲ့ Tecno Camon 16 Premier ဟာ 8 GB RAM ၊ 128 GB Internal Storage ကို  Euro 230 (မြန်မာငွေ သုံးသိန်း ၇ သောင်းဝန်းကျင်) ကျသင့်လာနိုင်ပါတယ်။ ကျွန်တော်တို့ဆီကို ရောက်လာမယ့်ဈေးကိုတော့သေချာမသိရသေးပါဘူး။ 

အချုပ်အနေနဲ့ ဒီလို Specs တွေနဲ့ Tecno ဟာ Mid-range ထဲမှာရွေးသင့်တဲ့ဖုန်းတစ်လုံးဖြစ်လာလေမလား??

Comments မှာဝင်ရောက်ဆွေးနွေးသွားကြပါဦးခင်ဗျာ… 

အသစ္ထြက္လာမယ့္ Tecno ရဲ႕ Camon 16 Premier ဟာ Mi-range ထဲမွာေ႐ြးစရာမ်ားျဖစ္ေနမလား??

(Zawgyi)

Tecno Pouvoir 4 Series နဲ႔ေဈးကြက္ထဲမွာနာမည္ရခဲ့တဲ့ Tecno ကေတာ့သူတို႔ရဲ႕ ေနာက္ထပ္ Series အသစ္ကို ေဈးကြက္ထဲမွာေရာင္းခ်ဖို႔အဆင္သင့္ျဖစ္ေနပါၿပီ။ ဒီ Series အသစ္ကေတာ့ Camon 16 series ပဲျဖစ္ပါတယ္။ ဒီ Series ထဲမွာေတာ့ Camon 16, Camon 16 Pro နဲ႔ Camon 16 Premier တို႔ပါဝင္ထားပါတယ္။ ဒီထဲက Camon 16 Premier ကေတာ့ ကြၽန္ေတာ္တို႔ ျမန္မာႏိုင္ငံကိုမၾကာခင္မွာေရာက္ရွိလာေတာ့မွာပဲျဖစ္ပါတယ္။

ဆိုေတာ့ ဖုန္းဟာေဈးတန္တန္နဲ႔ ဘယ္လို Specs ေတြကိုေပးထားေလမလဲ??

Camon 16 Premier Design

ဖုန္းကိုစကိုင္လိုက္နဲ႔ ေက်ာဘက္မွာ စတုရန္း ပုံစံ Camera Setup ကို ခပ္ႀကီးႀကီးတပ္ဆင္ေပးထားတာကို
ေတြ႕ရမွာပါ။ ဖုန္းရဲ႕ေရွ႕ဘက္မွာေတာ့ Selfie Camera ႏွစ္လုံးပါဝင္တဲ့ ေဆးေတာင့္ပုံစံ Punch Hole ကိုတပ္ဆင္ေပးထားပါတယ္။ Back Design ကေတာ့ Glass လို႔ထင္ရေပမယ့္လည္း Plastic Back ကိုပဲသုံးေပးထားပါတယ္။

Volume ခလုတ္ နဲ႔ Side-mounted Fingerprint Scanner ပါတဲ့ Power ခလုတ္ကိုေတာ့ ဖုန္းရဲညာဘက္မွာတပ္ဆင္ေပးထားပါတယ္။ ဖုန္းရဲ႕ေအာက္ေျခမွာေတာ့ ထုံးစံအတိုင္း 3.5mm နားၾကပ္ေပါက္ ၊ USB-C Port နဲ႔ Speaker ကိုေတြ႕ရမွာပါ။ ဒီမွာ Tecno Pouvoir 4 Pro မွာပါခဲ့တဲ့ Stereo Speakers ေတာ့ပါမလာေတာ့ပါဘူး။

Display

Display မွာေတာ့ 6.9-inch LCD Full HD+ Display ကိုသုံးေပးထားပါတယ္။ ဒီ Display ဟာဆိုရင္ 90Hz Refresh Rate ကိုေထာက္ပံ့ေပးထားပါတယ္။ ဒီလို Mid-range ဖုန္းတစ္လုံးမွာ 90Hz ေထာက္ပံ့ေပးလာတာကေတာ္ေတာ္ေလးအားရစရာပါ။ ေနာက္ထပ္ HDR10+ ကိုလည္းေထာက္ပံ့ေပးထားတာမို႔လို႔ ဖုန္း Display ရဲ႕အေရာင္စိုစြတ္မႈေတြဟာလည္း ပိုေကာင္းလာမွာပါ။

Camera

Camera အတြက္ Quad Camera Setup ထဲမွာ 64 MP Sony IMX686 Main Sensor ၊
8 MP Ultra Wide-Angle Camera ၊ 2MP Depth Sensor ၊ 2MP Video Camera တို႔ကိုတပ္ဆင္ေပးထားပါတယ္။ ဒီ Sony IMX686 64MP Sensor ဟာ Redmi K30 မွာသုံးေပးထားတဲ့ Sensor ပါ။ ဆိုေတာ့ Camera ပိုင္းမွာ K30 လိုပဲစြမ္းေဆာင္ႏိုင္မယ္လို႔ ယူဆရပါတယ္။

Selfie မွာေတာ့ Punch-hole ထဲမွာ 48 MP,(wide) + 8 MP (ultrawide) တို႔ကိုတပ္ဆင္ေပးထားပါတယ္။ဒီမွာ 48MP Selfie ကိုသုံးထားက ေတာ္ေတာ္ေလးေတာ့ အံအားသင့္စရာပါ။ ဒီ 48MP Selfie ဟာ ဘယ္ေလာက္ထိမ်ား စြမ္းေဆာင္ေပးႏိုင္မလဲ?? စိတ္ဝင္စားဖို႔ေတာ့ေကာင္းေနပါၿပီ။

Video မွာေတာ့ 4K@30fps, 1080p@30fps, 720p@960fps Videos ေတြကို႐ိုက္ေပးႏိုင္မွာပါ။

Performance

Performance မွာ MediaTek ရဲ႕ Gaming အသားေပး Chip တစ္ခုျဖစ္တဲ့ Helio G90T နဲ႔ အားျဖည့္ေပးထားပါတယ္။ ဒီမွာ Helio G90T Chip ဟာ အနည္းငယ္ေတာ့ ေဟာင္းေနေပမယ့္လည္း Gaming Performance ကေတာ့ ေတာ္ေတာ္ေလးေကာင္းတာကို Redmi Note 8 Pro Users ေတြသိၿပီးျဖစ္မွာပါ။ ပူတာေလးကလႊဲလို႔ေပါ့ :3

ဒီ Chip ကိုေတာ့ 8 GB RAM ၊ 128 GB Internal Storage တို႔နဲ႔တြဲေပးလာမွာပါ။
Software အတြက္ Android 10 အေပၚအ‌ေျခခံထားတဲ့ HIOS 6.0 နဲ႔ Run ေပးလာဖို႔ရွိေနပါတယ္။

Battery မွာေတာ့ 33W Fast Charging ေထာက္ပံ့ေပးထားတဲ့ 4,500 mAh battery ကိုတပ္ဆင္ေပးထားပါတယ္။ 33W Fast Charging ေၾကာင့္ 70% ကို မိနစ္ ၃၀ အတြင္းမွာအားျဖည့္ေပးႏိုင္မယ္လို႔ Tecno ကဆိုထားပါတယ္။

ေဈးအေနနဲ႔ Tecno Camon 16 Premier ဟာ 8 GB RAM ၊ 128 GB Internal Storage ကို Euro 230 (ျမန္မာေငြ သုံးသိန္း ၇ ေသာင္းဝန္းက်င္) က်သင့္လာႏိုင္ပါတယ္။ ကြၽန္ေတာ္တို႔ဆီကို ေရာက္လာမယ့္ေဈးကိုေတာ့ေသခ်ာမသိရေသးပါဘူး။

အခ်ဳပ္အေနနဲ႔ ဒီလို Specs ေတြနဲ႔ Tecno ဟာ Mid-range ထဲမွာေ႐ြးသင့္တဲ့ဖုန္းတစ္လုံးျဖစ္လာေလမလား??

Comments မွာဝင္ေရာက္ေဆြးေႏြးသြားၾကပါဦးခင္ဗ်ာ…

Author