Black Shark Company အနေနဲ့ ဒီနေ့နေ့လည်တုန်းက တရုတ်မှာ Online Launch ပွဲတစ်ခုပြုလုပ်ခဲ့ပြီး Black Shark 3s ကိုမိတ်ဆက်လိုက်ပါပြီ။  Black Shark 3s ဟာဆိုရင် မကြာသေးခင်ကထွက်ခဲ့တဲ့ ROG Phone 3 ၊ Red Magic 5s ၊ Lenovo Legion ဖုန်းတွေနဲ့ ယှဉ်ပြိုင်လာမှာပဲဖြစ်ပါတယ်..

ဆိုတော့ကာ.. ROG Phone 3 ၊ Red Magic 5s ၊ Lenovo Legion ဖုန်းတွေနဲ့ ယှဉ်ပြိုင်လာမယ့်  Black Shark 3s Specs ကိုသွားကြည့်လိုက်ကြရအောင်..

Black Shark 3s Design

Black Shark 3s Design ကတော့ ကျွန်တော်တို့တွေ့မြင်ဖူးခဲ့ပြီးသား Black Shark ဖုန်းတွေလိုပဲ ကျောဘက်မှာ ‘X’ shape ပုံစုံကိုဆက်သုံးပေးထားပါတယ်။ ဘာမှထူးထူးခြားခြားပြောင်းသွားတာမျိုးမရှိပါဘူး။ 

Black Shark 3  ကလို Camera Setup ထဲမှာ LED နှစ်လုံးထည့်းပေးထားပြီး နောက်ထပ် LED တစ်လုံးကိုတော့ ဖုန်းအောက်ဘက်မှာတွေ့ရမှာပါ။ ထုံးစံအတိုင်း LED ထည့်ပေးထားတဲံ့  Black Shark logo ကိုဖုန်းကျောဘက်မှာတွေ့ရဦးမှာပါ။ Black Shark logo ထဲက မီးအရောင်ကိုလည်း ကျွန်တော်တို့စိတ်ကြိုက်ပြောင်းလို့ရဦးမှာပါ။ ဥပမာအနေနဲ့  ဖုန်းအားသွင်းနေတဲ့ အချိန်ဆိုမီးကိုအနီရောင်လို့ရပြီး Games ဆော့နေရင် အစိမ်းရောင်ပြောင်းလို့ရတာမျိုးပါ။ 

ရှေ့ဘက်မှာတော့ Notch တွေ Punch-hole’ တွေသုံးပေးမထားဘဲ Font Facing Camera အတွက် Screen ထပ်မှာ Cutout ကိုပဲထည့်ပေးထားပါတယ်။ ဒီ Cutout ကြောင့် Bezels တွေကတော့ ထူနေတုန်းပါပဲ။ 

Gaming ဖုန်းတွေမှာ  Punch-hole ထည့်ရင် ဂိမ်းဆော့ရင် အဆင်မပြေတာမလို့ ဒီလို Cutout လုပ်ပေးထားက ပိုကောင်းသွားတယ်လို့ ပြောလို့ရပါတယ်။ 

ဖုန်းရဲ့ဘယ်ဘက်ထောင့်ခြေမှာတော့ Volume ခလုတ်ကိုတပ်ဆင်ပေးထားပြီး ညာဘက်အပေါ်မှာတော့ ပါဝါခလုတ် နဲ့  Shark Space ထဲကိုဝင်သွားမယ့် ခလုတ်လေးကိုတပ်ဆင်ပေးထားပါတယ်။  ဖုန်းအောက်ခြေမှာတော့  USB-C port ကိုတပ်ပေးထားပြီး အပေါ်မှာတော့  3.5mm Headphone Jack ကိုထည့်ပေးထားပါတယ်။ 

Display

Black Shark 3s မှာ Full HD+ resolution ( 2340 x 1080 pixels) ရတဲ့ 6.67inch AMOLED Display ကိုသုံးပေးထားပြီး  120Hz Refresh Rate ကိုထောက်ပံ့ပေးထားပါတယ်။ 

နောက်ထပ် Display မှာ Smooth ဖြစ်တဲ့ Transition ရဖို့ MEMC 3.0 technology ကိုထောက်ပံ့ပေးထားပါတယ်။ 6.67inch AMOLED Display  ကြောင့် Game ဂျပိုးတွေအတွက် Games ကစားရာမှာ နှစ်မြောဖွယ်ခံစားချက်မျိုးရမယ်လို့  Black Shark ကဆိုထားပါတယ်။ 

နောက်ထပ် ဖုန်းမှာ 270 Hz Touch Sampling rate, 17ms Touch Response rate, HDR10+, Optimized Refresh Rate for Games, DC Dimming, Blue light filter, နဲ့ In-screen fingerprint sensor တို့လည်းပါဝင်ထားပါတယ်။ 

Camera

Black Shark 3s ရဲ့ Triple Camera Setup ထဲမှာ 64 MP Main Camera ၊ 13‌MP Ultra Wide Camera နဲ့ 5MP Macro Camera တို့ ပါ၀င်ထားပါတယ်။ Selfie Camera မှာတော့ 20MP Camera ကိုသုံးပေးထားပါတယ်။

Main Camera ဟာဆိုရင် 4K Video တွေကို အမြင့်ဆုံး 60fps အထိ နဲ့ 1080p Videos တွေကို 240fps အထိရိုက်ပေးနိုင်တယ်လို့သိရပါတယ်။ Selfie မှာတော့ 1080p Videos တွေကို 30fps မှာပဲရိုက်ပေးနိုင်ပါသေးတယ်။ 

Specs & Features

Performance အတွက် Black Shark 3s မှာ Snapdragon 865 5G Chipset နဲ့ အားဖြည့်ပေးထားပြီး 12GB RAM နဲ့ 512 GB Internal Storage တို့နဲ့တွဲပေးထားပါတယ်။ သူ့ရဲ့ပြိုင်ဘက်တွေဖြစ်တဲ့ ROG Phone 3 နဲ့ Lenovo Legion ဖုန်းတွေမှာ  Snapdragon 865+ သုံးထားတာကို ရိုးရိုး Snapdragon 865 5G ပဲသုံးထားတာက နည်းနည်းတော့အောက်နေပါတယ်။  ဒါပေမယ့်လည်း ဖုန်းရဲ့ Antutu Scores ဟာ  666280 အမှတ်အထိရှိပါတယ်။ ဒီအမှတ်ဟာ ROG 3 (646310 Points) ထက်ပိုများနေပါတယ်။ 

Features အသစ် တွေအနေနဲ့ Screen mirroring ၊ Motion controls ၊ Keyboard input via USB စတဲံ့ Features  တွေပါဝင်လာပါတယ်။ 

Screen Mirroring ဆိုတဲ့ Features ကတော့  ဖုန်းရဲ့ Display ကို ပိုကြီးတဲ့ Screen မှာ Mirror လုပ်ပြီး ဂိမ်းတွေကို Screen ကြီးကြီးမှာဆော့လို့ရနိုင်တဲ့ Feature တစ်ခုပဲဖြစ်ပါတယ်။  Keyboard Input Via USB ကြောင့် Keyboard နဲ့ ချိတ်ပြီး PC Gaming လိုမျိုးကစားရဦးမှာပါ။ 

Motion Controls ဆိုတာကတော့ ဖုန်းကို Motion လုပ်ပြီး Command လုပ်လို့ရမှာပဲဖြစ်ပါတယ်။ ဥပမာအနေနဲ့ ဖုန်းကို အောက်ကို အနည်းငယ်စောင်းလိုက်ပြီဆို Reload လုပ်တာတွေလုပ်လို့ရပြီး ဖုန်းကိုအပေါ်နဲနဲလှန်လိုက်ရင်တော့ ခုန်တာတွေလုပ်လို့ရမှာပဲဖြစ်။ ခလုတ်တွေ ဘာတွေနှိပ်နေစရာမလိုတော့ပါဘူး။ ဒီ Features ကတော့ တော်တော်လေးမိုက်တယ်လို့ဆိုရမှာပါ။ 

နောက်ထပ် ပိုကောင်းတဲ့ Gaming Experience ရနိုင်ဖို့ Game Engine + Tencent SolarCore Feature ကိုလည်းထည့်ပေးထားပါသေးတယ်။ 

နောက်ထပ် Features တွေအနေနဲ့ Sandwich Liquid Cooling System, 3D Sound, အသံနဲ့ ထိန်းချုပ်ကစားနိုင်တဲ့ Features တွေပါဝင်ထားပါတယ်။ 

Battery  ပိုင်းမှာတော့ 65W Fast Charging ထောက်ပံ့ပေးထားတဲ့ 4,720 mAh Battery  ကိုသုံးပေးထားပါတယ်။ 65W Fast Charging ကြောင်း 4,720 mAh Battery ကို 100 % အပြည့်အားသွင်းမယ်ဆို ၃၈ မိနစ်ပဲကြာမှာဖြစ်ပြီး 50 % ဆိုရင် ၁၂ မိနစ်ပဲကြာမယ်လို့ Black Shark ကဆိုထားပါတယ်။

Software ပိုင်းမှာတော့ Android 10 အပေါ်အခြေခံထားတဲ့ JoyUI 12 ကို Run ပေးထားပါတယ်။ Joy UI 12 သာ MIUI 12 ကိုပဲပြုပြင်ပြောင်းလဲထားတဲ့ UI ပဲဖြစ်ပါတယ်။

Black Shark 3s ရဲ့ ဈေးနှုန်းများ..

Black Shark 3s ဟာ တရုတ်မှာ 

Black Shark 3s 12 GB RAM + 128 GB Storage 

 3,999 Yuan ( မြန်မာငွေ  7 သိန်း 8 သောင်း ဝန်းကျင် )

Black Shark 3s  12 GB RAM + 256 GB Storage

4,299 Yuan ( မြန်မာငွေ 8 သိန်း 4  သောင်း ဝန်ကျင်း ) 

Black Shark 3s 6 GB RAM + 512 GB Storage 

4,799 Yuan ( မြန်မာငွေ 9 သိန်း ခွဲဝန်းကျင် ) ဆိုပြီး သုံးမျိုးရောင်းချလာမှာပဲဖြစ်ပါတယ်။ 

စတင်ရောင်းချလာမယ့်ရက်တော့  August 4 ရက်နေ့ဖြစ်ပြီး  Skyfall Black and Crystal Blue နှစ်ရောင်ရွေးချယ်ဝယ်ယူလို့ရမှာပဲဖြစ်ပါတယ်။ 

Author