Apple Watch Series တွေဟာဆိုရင် အခုလက်ရှိဈေးကွက်ထဲမှာ အကောင်းဆုံး Smartwatches တွေအနေနဲ့ ရပ်တည်နေတာကို အားလုံးသိပြီးဖြစ်မှာပါ။  အရင်နှစ်တွေကတည်းက Apple ဟာ သူတို့ရဲ့  Apple Watch တွေအတွက် Feature အသစ်တွေနဲ့ Hardware ပိုင်းတွေကိုပိုကောင်းပြုလုပ်လျှက်ရှိပါတယ်။ 

အခုထွက်လာတဲ့သတင်းတွေအရ  Apple Watch Series 6 မှာ သွေးတွင်းအောက်စီဂျင်ပမာဏကို တိုင်းတာပေးမယ့် Blood-Oxygen Level Monitor နဲ့ Sleep Tracking Feature ပါဝင်လာမယ်လို့သိထားရပါတယ်။ 

Apple အနေနဲ့ Apple Watch Series 6 ကို iPhone 12 Series နဲ့အတူဒီနှစ်ကုန်လောက်မှာမိတ်ဆက်လာ ဖို့ရှိနေပါတယ်။ နောက်ထပ် MacRumors ဆီကနေထွက်ထားတဲ့ သတင်းအရ  Watch Series 6 မှာ Users တွေတောင်းဆိုထားတဲ့ Features တွေပါဝင်လာမယ်လို့ သိထားရပါသေးတယ်။ 

MacRumors ရဲ့သတင်းထဲပြောထားတာကတော့ Watch တွေမှာ အိပ်တဲ့ အခြေအနေတွေကိုထိန်းပေးမယ့် Biosensors ၊ သွေးတွင်းအောက်စီဂျင်ပမာဏ ၊ နှလုံးခှုန်နှုန်း ၊ သွေခုန်းနှုန်း စတာတွေကိုတိုင်းပေးမယ့် Features တွေပါဝင်လာမယ်လို့ဖော်ပြပေးထားပါတယ်။ 

ဒီ Watch မှာ  သွေးတွင်းအောက်စီဂျင်ပမာဏကို တိုင်းတာပေးတဲ့ Blood-Oxygen Level Monitor ပါလာမယ်ဆိုတဲ့ သတင်းကခုမှထွက်လာတာမဟုတ်ပါဘူး။  March လတုန်းကထွက်ခဲ့တဲ့ iOS 14 Leaked Code ထဲမှာလည်း ဒီ‌ Feature ပါလာမယ့်အကြောင်း ဖော်ပြထားပါသေးတယ်။ 

အပေါ်မှာဖော်ပြထားတဲ့ Features တွင်အပြင် Apple Watch Series 6 မှာ ဖြုတ်လို့တပ်လို့လွယ်တဲ့ circuit board အတွက်  LCP (Liquid Crystal Polymer) ပါဝင်လာမယ်လို့ သိထားရပါတယ်။ 

ကဲ Apple Users တွေ Watch Series 6 လေးကို‌ လိုချင်နေကြပြီလား? 

Ref : Gizmochina

Author