(Unicode)

Apple ကတော့ လာမယ့် စက်တင်ဘာ ၁၅ ရက်နေ့မှာ Apple Event တစ်ခုကိုပြုလုပ်ဖို့ပြင်ဆင်နေပြီပဲဖြစ်ပါတယ်။ ဒီပွဲမှာ Apple Watch အသစ်နဲ့ Apple Watch တွေထက် ဈေးပိုသက်သာတဲ့ Apple SE တို့မိတ်ဆက်လာဖို့ မျှော်လင့်ရပါတယ်။ iPhone 12 Series ကိုတော့တွေ့လာရဦးမှာမဟုတ်ပါဘူး။  အခုမှာတော့ Apple Leakster တစ်ဦးဖြစ်တဲ့ Jon Prosser က ဒီ Apple Watch SE ရဲ့ Details တစ်ချို့ကိုထုတ်ပြန်လိုက်ပါတယ်။ 

Jon  အရ  Apple Watch SE ဟာ 40mm ၊ 44mm နဲ့ဆိုပြီး နှစ်မျိုးထွက်လာမယ်လို့သိရပါတယ်။ ဒီ Model နှစ်မျိုးစလုံးဟာ GPS နဲ့ Celluar ဆိုပြီး နှစ်မျိုး ထွက်လာဦးမှာပါ။ Jon တင်ထားတဲ့ Tweet ထဲမှာ Apple Watch SE ရဲ့ Codenames တွေကိုပါဖော်ပြပေးထားပါတယ်။

Apple Watch SE ရဲ့ Design ပိုင်းမှာ Apple Series 4 ရဲ့ Design အပေါ်အခြေခံပြီးထွက်လာမယ်လို့ သိရပါတယ်။ Apple Watch SE ဟာဈေးသက်သာတဲ့ Version အနေနဲ့ထွက်လာမှာမို့လို့ Always-on Display နဲ့ ECG တို့ပါလာတော့မှာမဟုတ်ပါဘူး။ နောက်ထပ်ဒီ Watch မှာ M9 Chip ပါလာမယ်လို့သိထားရပါတယ်။ 

ဒီ M9 Chip ကြောင့် Step Tracking တွေကိုလုပ်ပေးနိုင်ဦးမှာပဲဖြစ်ပါတယ်။ နောက်ထပ် ဒီ Chip ဟာ Hey Siri ကိုလည်း အမြဲဖွင့်ပေးနေဦးမှာပါ။ 

Apple Watch SE ရဲ့ဈေးကတော့ မထွက်ထားသေးပေမယ့် Apple Watch SE ဟာ $199 ( ၂ သိန်း ၈ သောင်း ဝန်းကျင်) လောက်မှာ စတင်ထွက်လာဖို့ခန့်မှန်းရပါတယ်။

Ref : Gizmochina

ေဈးနည္းနည္း နဲ႔ထြက္လာမယ့္ Apple Watch SE 

(Zawgyi)

Apple ကေတာ့ လာမယ့္ စက္တင္ဘာ ၁၅ ရက္ေန႔မွာ Apple Event တစ္ခုကိုျပဳလုပ္ဖို႔ျပင္ဆင္ေနၿပီပဲျဖစ္ပါတယ္။ ဒီပြဲမွာ Apple Watch အသစ္နဲ႔ Apple Watch ေတြထက္ ေဈးပိုသက္သာတဲ့ Apple SE တို႔မိတ္ဆက္လာဖို႔ ေမွ်ာ္လင့္ရပါတယ္။ iPhone 12 Series ကိုေတာ့ေတြ႕လာရဦးမွာမဟုတ္ပါဘူး။  အခုမွာေတာ့ Apple Leakster တစ္ဦးျဖစ္တဲ့ Jon Prosser က ဒီ Apple Watch SE ရဲ႕ Details တစ္ခ်ိဳ႕ကိုထုတ္ျပန္လိုက္ပါတယ္။ 

Jon  အရ  Apple Watch SE ဟာ 40mm ၊ 44mm နဲ႔ဆိုၿပီး ႏွစ္မ်ိဳးထြက္လာမယ္လို႔သိရပါတယ္။ ဒီ Model ႏွစ္မ်ိဳးစလုံးဟာ GPS နဲ႔ Celluar ဆိုၿပီး ႏွစ္မ်ိဳး ထြက္လာဦးမွာပါ။ Jon တင္ထားတဲ့ Tweet ထဲမွာ Apple Watch SE ရဲ႕ Codenames ေတြကိုပါေဖာ္ျပေပးထားပါတယ္။

Apple Watch SE ရဲ႕ Design ပိုင္းမွာ Apple Series 4 ရဲ႕ Design အေပၚအေျခခံၿပီးထြက္လာမယ္လို႔ သိရပါတယ္။ Apple Watch SE ဟာေဈးသက္သာတဲ့ Version အေနနဲ႔ထြက္လာမွာမို႔လို႔ Always-on Display နဲ႔ ECG တို႔ပါလာေတာ့မွာမဟုတ္ပါဘူး။ ေနာက္ထပ္ဒီ Watch မွာ M9 Chip ပါလာမယ္လို႔သိထားရပါတယ္။ 

ဒီ M9 Chip ေၾကာင့္ Step Tracking ေတြကိုလုပ္ေပးႏိုင္ဦးမွာပဲျဖစ္ပါတယ္။ ေနာက္ထပ္ ဒီ Chip ဟာ Hey Siri ကိုလည္း အၿမဲဖြင့္ေပးေနဦးမွာပါ။ 

Apple Watch SE ရဲ႕ေဈးကေတာ့ မထြက္ထားေသးေပမယ့္ Apple Watch SE ဟာ $199 ( ၂ သိန္း ၈ ေသာင္း ဝန္းက်င္) ေလာက္မွာ စတင္ထြက္လာဖို႔ခန႔္မွန္းရပါတယ္။ 

Ref : Gizmochina

Author