အရင် Apple ရဲ့ iPhone XS ဟာဆိုရင် Apple ရဲ့ iPhones တွေထဲမှာ အများဆုံး Storage ဖြစ်တဲ့ 512GB Internal Storage ပါတဲ့ပထမဆုံးဖုန်းအနေနဲ့ထွက်လာပါတယ်။ ဒီလိုနဲ့ အခု နောက်ပိုင်း iPhones တွေမှာ အများဆုံး 512GB of internal storage အထိရွေးချယ်လို့ရနေပြီပဲဖြစ်ပါတယ်။ အခုမှာတော့ နောက်နှစ်မှာ ထွက်လာတော့မယ့်  iPhone 13 Series မှာ 1TB Internal Storage အထိရွေးလို့ရတော့မယ်လို့ သတင်းတွေထွက်လို့လာပါပြီ။ ဒီသတင်းကိုတော့ နာမည်ကြီး Apple Leaker တစ်ဦးဖြစ်တဲ့  Jon Prosser ကနေ Shared ခဲ့တာပဲဖြစ်ပါတယ်။  

အခုလက်ရှိမှာ ပုံမှန် Users တွေအတွက် 1TB လောက်ထိမလိုအပ်နေပေမယ့်လည်း iPhone နဲ့ Resoluion ကောင်းကောင်း Videos တွေနဲ့ ပုံတွေကိုပဲရိုက်တတ်တဲ့ ဓာတ်ပုံဝါသနာအိုးတွေအတွက်တော့ 1TB Storage ကတော်တော်လေးအဆင်ပြေလာမှာပါ။ Videos နဲ့ပတ်သက်ပြီး လက်ရှိ iPhone 12 မှာ 4K 60FPS Videos တွေကိုပဲရိုက်လို့ရပါသေးတယ်။ ဒါပေမယ့်လည်းနောက်နှစ် iPhone 13 မှာတော့ 8K video recording ပါလာဖို့ရှိနေပါတယ်။ ဒီအကြောင်းကြောင့်လည်း Apple ဘက်ကနေ 1TB Stroage ကိုထည့်ပေးဖို့ စီစဉ်နေတာဖြစ်နိုင်ပါတယ်။

အရင်တုန်းကထွက်ထားတဲ့သတင်းတွေအရ iPhone 13 Series မှာ  Apple A15 Bionic နဲ့အားဖြည့်လာဖို့ရှိနေပါတယ်။ နောက်ထပ်ဖုန်းတွေမှာအစဉ်အလာမပြတ် Notch လည်းပါလာဦးမယ်လို့သိရပါတယ်။ ဒီ Notch ကတော့ အရင် iPhones တွေထက်တော့ ပိုသေးလာမယ်လို့သိရပါတယ်။ လက်ရှိမှာ iPhone 13 Series ထွက်လာဖို့ ၁ နှစ်နီးပါးလိုသေးတာမို့လို့ နောက်ပိုင်းရက်တွေမှာ iPhone 12 Series နဲ့ပတ်သက်ပြီး သတင်းတွေထပ်ထွက်လာနိုင်ပါတယ်။ 

Ref: Gizmochina

Author