Apple အနေနဲ့ သူတို့ရဲ့ iPhones တွေကို နှစ်စဉ် စက်တင်ဘာလတိုင်းမှာ မိတ်ဆက်လာဖို့ရှိနေပေမယ့် ဒီနှစ် စက်တင်ဘာမှာကျင်းပခဲ့တဲ့  Apple Event မှာတော့ iPhones တွေအစား Apple Watch Series 6 နဲ့ iPads အသစ်တွေကိုသာမိတ်ဆက်ခဲ့ပါတယ်။ ဆိုတော့ iPhone 12 Series တွေကိုဘယ်အချိန် လောက်မှာတွေ့လာရနိုင်လဲ?

အရင်ပေါက်ကြားခဲ့တဲ့သတင်းတွေအရတော့ October လဝက်လောက်မှသာ iPhone 12 Series ကိုတွေ့လာရမယ်လို့သိရပါတယ်။  

မကြာသေးခင်ကထွက်ထားတဲ့ သတင်းတွေအရလည်း iPhone 12 Series ထဲက iPhone 12 ဟာ iPhone 11 ဈေး $699 နဲ့ထွက်လာမယ်လို့သတင်းတွေထွက်ထာပါတယ်။ အခုမှာတော့ ဒီ iPhone 12 ဟာ iPhone 11 ထပ်ပိုများတဲ့ဈေးနဲ့ထွက်ရှိလာမယ်လို့သိရပါတယ်။ ဒီလို ဈေးကြီးလာတဲ့ အကြောင်းကတော့  5G Modem ၊ OLED Screen တို့ကြောင့်လို့ သိထားရပါသေးတယ်။

နောက်ထပ် Apple အနေနဲ့ iPhone 12 Series ရဲ့ ဘူးခွံထဲမှာ အရင်လို အားသွင်းခေါင်း ဒါမှမဟုတ် Earphones တွေထည့်မပေးဘဲ ရောင်းချလာပေးလာဖို့ရှိနေတယ်လို့ သတင်းထွက်ထားပါတယ်။ ဒါကြောင့်မို့လို့ သီးသန့် Charger တစ်ခုကိုထပ်ဝယ်ရမယ့်ပုံပါပဲ။ 

iPhone 12 Series ရဲ့ ဈေးတွေအနေနဲ့ 

iPhone 12 ဟာ $699 – $749

iPhone 12 Max ဟာ  $799-849 နဲ့

Pro Models တွေကတော့ $1,100 – $1,200 ဆိုပြီး အသီးသီးကျသင့်လာဖို့ခန့်မှန်းရပါတယ်။

ကဲ ဘယ်လို ဈေးနှုန်းနဲ့ ထွက်လာမလဲဆိုတာ သေချာသိရဖို့ October လမှာကျင်းပလာမယ့် Event ကိုစောင့်ကြည့်လိုက်ရအောင်…

Ref : Gizmochina

Author