Apple အနေနဲ့ ဒီနေ့ ည ၁၁ ခွဲအချိန်မှာ Special Event တစ်ခုကိုကျင်းပခဲ့ပြီး အားလုံးစောင့်မျှော်နေကြတဲ့ Products အသစ်တွေဖြစ်တဲ့ Apple Watch Series 6 ၊ iPad  Air 4th Gen ၊  iPad 8th Gen နဲ့ Apple Watch SE  တို့ကိုမိတ်ဆက်သွားပြီပဲဖြစ်ပါတယ်။ ဒီပွဲမှာ iPhone 12 Series ကိုတော့ မိတ်ဆက်သွားခဲ့ခြင်းမရှိပါဘူး။ 

ဆိုတော့ ဒီ Products အသစ်တွေဟာ ဘယ်လို Specs တွေနဲ့ထွက်လာလဲ?

Apple Watch Series 6 

Watch Series 6 ဟာ Series 5 လိုမျိုး Design နဲ့ပဲထွက်လာပါတယ်။ Apple အနေနဲ့ သူတို့နာရီတွေရဲ့ Design အယူအဆကိုမပြောင်းလဲချင်တဲ့ပုံပါပဲ။ Design ကတော့ သိသိသာသာမပြောင်းလဲသွားပေမယ့် Specs တွေနဲ့ Features တွေကတော့ သိသိသာသာပြောင်းလဲသွားပါတယ်။

ဘာတွေပြောင်းလဲဆိုတော့..

Series 5 မှာ S5 processor အသစ်ပါလာသလိုမျိုး Series 6 မှာ S6 Processor အသစ်ကို ထည့်ပေး ထားပါတယ်။ ဒီ Proceesor ကြောင့် အရင် S5 ထပ် Performace နဲ့ Effiency ပိုင်းမှာ 20 % အထိ သိသိသာသာတိုးတက်လာမယ်လို့ Apple ကဆိုထားပါတယ်။

Feature အသစ်အနေနဲ့ သွေးတွင်း အောက်စီဂျင်ကိုတိုင်းပေးမယ့်Blood Oxygen Monitoring Feature ပါဝင်လာပါတယ်။ ဒီလို Oxygen Monitoring ကိုလည်း ၁၅ စက္ကန့်အတွင်းမှာ တိုင်းပေးနိုင်မယ်လို့ Apple ကဆိုထားပါတယ်။ ဒီ Feature ဟာ အခုလို Covid-19 Pandemic မှာတော်တော်လေးအသုံးဝင်လာမှာပါ။ အကြောင်းကတော့ဒီ Coronavirus ဟာ သွေးတွင်းအောက်စီဂျင်ကိုလျော့ကျစေလို့ပါပဲ။ အောက်စီဂျင်ကိုတိုင်းပေးမယ့် Feature နဲ့အတူ Apple Watch Series 6 မှာ Panic Attack ဒါမှမဟုတ် Stress တွေများလာတဲ့အချိန်မှာ စိတ်သက်သာရာရဖို့ လုပ်သင့်တဲ့လေ့ကျင်းခန်းတွေကိုဖော်ပြပေးသွားမယ့် Mental Health Capabilities တွေပါဝင်ထားပါတယ်။  

Smartwatch Users အတွက် Key Feature လို့ပြောရမယ့် Battery  မှာတော့  303mAh battery ပါလာပါတယ်။ ဒီ Battery ဟာ ၁ ရက်အထိ Battery Life ပေးလာမှာပဲဖြစ်ပါတယ်။

Display  မှာလည်း အရင်က Series 5 ထက်  Brightness မှာ 2.5 ဆ ပိုကောင်းလာမယ်လို့သိရပါတယ်။ Watch Series 5 လိုပဲ Always on Display ကိုသုံးပေးထားပါတယ်။ နောက်ထပ် Watchfaces တွေထဲမှာ  Memoji Watch Face ပါလာတာကတော်တော်လေးမိုက်ပါတယ်။ 

ဈေးအနေနဲ့  399$ ( မြန်မာငွေ ၅ သိန်းခွဲဝန်းကျင်) ကျသင့်ပါတယ်။ အရောင်အနေနဲ့ အနီရောင်အရောင်သစ်ပါလာပြီး  Solo Loop ဆိုတဲ့ Band အသစ်နဲ့လည်းထွက်လာပါတယ်။ တစ်ခြား Bradied Loop နဲ့ Leather Link Loop ကိုလည်းရွေးချယ်လို့ရမှာပါ။ 

Apple Watch SE 

ဒီ Apple Watch SE ကတော့ Apple Watch 6 ထက်ဈေးပိုသက်သာတဲ့ Version အနေနဲ့ထွက်လာတာပဲဖြစ်ပါတယ်။  သူ့ရဲ့ Design ကတော့  Apple Series 6 ရဲ့ Design အပေါ်အခြေခံပြီးထွက်လာပါတယ်။ Apple Watch SE ဟာဈေးသက်သာတဲ့ Version ဖြစ်တာနဲ့အညီ Series 6 မှာပါလာတဲ့ Always-on Display နဲ့ ECG တို့မပါလာတော့ပါဘူး။ ဒီ SE မှတော့ S5 processor နဲ့ အားဖြည့်ပေးထားပါတယ်။ သူ့မှာလည်း Series 6 လို Accelerometer, Gyroscope ၊ Altimeter တို့ပါဝင်လာပါတယ်။

ဈေးအနေနဲ့ကတော့ 199 $ (မြန်မာငွေ ၃ သိန်း ဝန်းကျင်) ကျသင့်လာမှာပဲဖြစ်ပါတယ်။ ဒီ Watch SE လေးကတော့တော်တော်လေးတန်တယ်လို့ပြောလို့ရပါတယ်။

Apple One

ဒီ Apple One ဆိုတာကတော့ Apple Services တွေအကုန်ပေါင်းထည့်ပေးလာမယ့် Service တစ်ခုပဲဖြစ်ပါတယ်။ ဒီ Apple Services တွေထဲမှာဆို  Apple Music, Apple TV+, Apple Arcade, iCloud, နဲ့ Apple News+ စတဲ့ Services တွေပါလာပါတယ်။

နောက်ထပ် အသစ်ပါလာတဲ့ Service ကတော့ Fitness+ Service ပါပဲ။ ဒီ Fitness Service ထဲမှာဆိုရင် Fitness နဲ့သက်ဆိုင်တဲ့ Workout Class တွေကို နာမည်ကြီး  Trainers တွေနဲ့ပါ Workout လုပ်နိုင်မှာပဲဖြစ်ပါတယ်။ နောက်ထပ် ကျွန်တော်တို့စိတ်ကြိုက်လေ့ကျင်ခန်းတွေကိုလည်းရွေးချယ်ပြီး လုပ်နိုင်ဦးမှာပဲဖြစ်ပါတယ်။ ဥပမာအနေနဲ့ Yoga Cycling လို လေ့ကျင့်ခန်းတွေပါ။ ဒီ Apple Fitness+ ကိုတော့ US,UK , Australia, Canada, Ireland တို့မှာပဲရဦးမှာပါ။မြန်မာမှာတော့ရလာဦးမှာမဟုတ်ပါဘူး။ 

iPad Air 4th Gen

iPad Air 4th Gen ကတော့ iPad Pro လို All-Screen Design နဲ့ထွက်လာပြီး Touch ID ကိုဖုန်းရဲ့ အပေါ်ထိပ်က Power button ကိုမှာထည့်ပေးလာပါတယ်။ 

iPad Air 4th Gen ရဲ့ Display မှာတော့ 10.9 inch  Liquid Retina Display (2360 x 1640 pixels ) ကိုသုံးပေးထားပါတယ်။ ဒီ Display ဟာ ပိုမိုကောင်းမွန်တဲ့ Experience ရစေဖို့ Full Lamination ၊ True Tone Tech နဲ့ P3 Wide Color တို့ကိုထည့်ပေးလာပါတယ်။ iPad Pro လို 120Hz ProMotion တော့ထောက်ပံ့ပေးလာခြင်းမရှိပါဘူး။ 

Performance 

Performance အတွက်တော့ Apple ရဲ့ A14 Bionic 5nm Chipset အသစ်နဲ့ အားဖြည့်ပေးထားပါတယ်။ ဒီ Chip ဟာ Chips တွေထဲမှာမှ 5nm Pro ကိုပထမဆုံးသုံးတဲ့ Chip ဖြစ်လာပါတယ်။ 5nm Chip ဖြစ်သွားတဲ့အတွက် Performance နဲ့ အားသက်သာမှုပိုင်းဟာ အရင် iPad Air နဲ့ ယှဉ်ရင်  40% ထိတိုးတက်လာတယ်လို့ Apple ကဆိုထားပါတယ်။ ဒီ iPad 4 ဟာ A14 Chip ကိုပထမဆုံးသုံးလာတဲ့ Apple ရဲ့ Device လို့လည်းပြောလို့ရပါတယ်။ Performance ကြီးကတာ့ ရှယ်လန်းနေဦးမှာမြင်ယောင်နေပါသေးတယ်။ 

Camera အတွက် ကျောဘက်မှာ 12MP Main Camer‌‌a တစ်လုံးကိုပဲတပ်ဆင်ပေးထားပြီး Selfie အတွက် 7MP Selfie Camera ကိုသုံးပေထားပါတယ်။ Video ပိုင်းမှာတော့ Main Camera ဟာ 60FPS 4k Video တွေကိုရိုက်ပေးနိုင်မှာပဲဖြစ်ပါတယ်၊

Battery မှာတော့ 10 နာရီအထိ  Battery Life ပေးနိုင်မယ်လို့ Apple ကဆိုထားပါတယ်။ Charging ပိုင်းမှာတော့ 20W Fast Charging ကိုထောက်ပံ့ပေးထားပါတယ်။ 

Connectivity ပိုင်းမှာ Wifi 6 နဲ့ထောက်ပံ့ပေးထားပြီး  iPad Pro‌ လိုပဲ iPad Air မှာ  Lightning port အစား USB-C port  ကိုတပ်ဆင်ပေးထားပါတယ်။ တစ်ခြား Features  တွေအနေနဲ့  Magic Keyboard နဲ့ချိတ်ဆက်နိုင်မယ့် Smart Connector  ၊ Landscape Stereo Speakers Pencil Support တို့ပါဝင်ထားပါတယ်။ 

iPad Air 4th Gen ရဲ့ဈေးကတော့..

$599 (မြန်မာငွေ ၈ သိန်းကျော်) ကနေ စတင်ကျသင့်လာမှာဖြစ်ပြီး အရောင်အနေနဲ့  Gold/Silver/Gray/Green/Blue ဆိုပြီးရွေးချယ်ဝယ်ယူနိုင်မှာပဲဖြစ်ပါတယ်။ သူ့ကိုတော့ နောက်လမှာစတင်ဝယ်ယူလို့ရမှာပဲဖြစ်ပါတယ်။ 

iPad Air  4 ကိုဈေးကြီးလို့မတတ်နိုင်တဲ့သူတွေအတွက်နောက်ထပ်ရွေးချယ်စရာ iPad တစ်လုံးကိုလည်း  Apple ကမိတ်ဆက်လိုက်ပါတယ်။ သူကတော့ iPad 8th Gen ပဲဖြစ်ပါတယ်

iPad 8th Gen ကတော့ iPad 7th လို Design မျိုးကိုဆက်သုံးပေးထားပြီး 10.2-inch Retina Display နဲ့ထွက်လာပါတယ်။ Performance အတွက်သူ့မှာ A12 Bionic Chip နဲ့အားဖြည့်ပေးထားပါတယ်။ 

iPad 8th Gen

Camera မှာတော့ 8MP MP Rear Camera နဲ့ 1.2MP Selfie Camera  ကိုတပ်ဆင်ပေးထားပါတယ်။သူ့မှာလည်း Magic Keyboard နဲ့ချိတ်ဆက်နိုင်မယ့် Smart Connector နဲ့  Pencil တို့ကိုထောက်ပံ့ပေးထားပါတယ်။ 

iPad 8th Gen ရဲ့ဈေးကတော့ $329 (မြန်မာငွေ ၄သိန်း ဝန်းကျင်) ကျသင့်လာမှာပဲဖြစ်ပါတယ်။  

နောက်ဆုံးသတင်းကောင်းအနေနဲ့ကတော့ Apple Users တွေအဖို့ iOS 14, iPadOS 14, watchOS 7 နဲ့ tvOS 14 တို့ကို ဒီနေ့မှာ တရားဝင် Update ရလာတော့မှာပဲဖြစ်ပါတယ်။ 

Apple အနေနဲ့ ဒီပွဲမှာ အပေါ်က Products တွေကိုပဲမိတ်ဆက်သွားခဲ့ပါတယ်။ အားလုံးစောင့်မျှော်နေကြတဲ့ iPhone 12 Series ကတော့ နောက်အောက်တိုဘာလလောက်မှသာထွက်လာနိုင်ပါတယ်။ 

Author