မကြာသေးခင်ကကျင်းပခဲ့တဲ့ October 13 Apple Event မှာ iPhone 12 Series နဲ ့အတူ AirPods Pro 2 ကိုမိတ်ဆက်လာဖို့ Users တွေတစ်ချို့ မျှော်လင့်ခဲ့ကြပေမယ့် Apple ကတော့ AirPods Pro 2 အစား HomePod Mini ကိုပဲမိတ်ဆက်ခဲ့ပါတယါ။  အခုမှာတော့ ဒီ AirPods Pro 2နဲ့ပတ်သက်ပြီး သတင်းတစ်ချို့စထွက်လို့လာခဲ့ပါပြီ။

ဒီသတင်းကိုတော့ @LeaksApplePro က Twitter မှာတင်ခဲ့တာပဲဖြစ်ပါတယ်။ @LeaksApplePro အရ AirPods Pro 2nd Generation ဟာ249 US Dollars (မြန်မာ‌ေငွ သုံးသိန်းခွဲ၀န်းကျင်) နဲ့ ရောင်းချလာဖို့ရှိနေပြီး 2021 နှစ်ကုန် ဒါမှမဟုတ် 2022 အစောပိုင်းလောက်မှ သာထွက်လာမယ်လို့သိရပါတယ်။ အခုအချိန်ဟာ တစ်နှစ်လောက်ထိကြာဦးမှာမလို့ AirPods Pro 2nd Generation မှာ ပိုကောင်းတဲ့ Features တွေပါလာဖို့ခန့်မှန်းရပါတယ်။

LeaksApplePro ကတော့ AirPods Pro 2 မှာ ပိုကောင်းတဲ့ Battery Life ၊ ပိုတိုးတက်လာမယ့် Noise cancelling feature နဲ့ ambient light sensors ပါလာမယ်လို့ Twitter မှာ‌ဖော်ပြထားပါတယ်။ ‌AirPods Pro နဲ့ ယှဉ်ရင် 2 မှာ ကြီးကြီးမားမားပြောင်းလဲမှု‌ေတွပါလာဖို့မရှိဘူးလို့ LeaksApplePro ကဆိုထားပါ‌ေသးတယ်။ဒါပေမယ့်လည်း ဒီသတင်းဟာ ကောလဟလပဲရှိသေးတဲ့အတွက် AirPods Pro 2 ထွက်လာမှသာ သေချာသိရမှာပဲဖြစ်ပါတယ်။

ကဲစာဖတ်သူကော ဒီ AirPods Pro 2 မှာ ဘယ်လို Features တွေကိုမြင်ချင်လဲ?? 

Comments မှာ ၀င်ရောက်ဆွေးနွေးသွားကြပါဦး…

Author