Google အနေနဲ့ Android 11 Stable ကိုမိတ်ဆက်ပြီး ရက်အနည်းငယ်အကြာမှာ Budget ဖုန်းတွေ အတွက် Android 11 Go Edition ကိုမိတ်ဆက်လိုက်ပါပြီ။ ဒီလို Budget ဖုန်းတွေအတွက် Android 11 Go Edition ဟာ Privacy Features အသစ်တွေနဲ့အတူ Performance မှာလည်းပိုတိုးလာအောင်ပြုလုပ်ပေးလာမှာပါ။

Android 11 Go Edition  ဟာ အရင်  Android 10 Go Edition နဲ့ယှဉ်ရင်  20% အထိ App တွေထဲဝင်တဲ့အချိန်ဟာပိုမြန်လာမယ်လို့ Google ကဆိုထားပါတယ်။ နောက်ထပ် Android 11 Go Devices တွေဟာ Android 11 လိုပဲ  One-time Permission ၊ Permission Auto-Reset For Apps စတဲ့ Features တွေပါလာဦးမှာပါ။၊ 

အခုနောက်ပိုင်း Budget ဖုန်းတွေမှာ Screen ကြီးကြီးတွေကိုသုံးပေးလာတာနဲ့အညီ Android 11 Go Edition မှာ Gesture-navigation ကိုလည်းထောက်ပံ့ပေးလာပါတယ်။ Gesture Navigation ထဲမှာ Home ကိုထွက်ဖို့ Screen အောက်ခြေကနေ Swipe Up လုပ်တာတွေ ၊ Back ထွက်ဖို့ ဖုန်းရဲ့ ဘယ်ဘက် ဒါမှမဟုတ် ညာဘက်ကို Swipe လုပ်တာတွေ စတဲ့ Gesture တွေပါဝင်လာပါတယ်။ 

နောက် Feature တစ်ခုကတော့ Noti သက်သက် ၊ Conversation သက်သက်ဖြစ်သွားတဲ့ Feature ပါ။ ဒီကနေ  Users တွေအနေနဲ့လည်း ဒီ Noti ထဲမှာပဲ Messages တွေကို အလွယ်တကူပြန်လို့ရမှာပါ။ 

ဒီ Android 11 Go မှာ RAM 2 အထိရတဲ့ Devices တွေကိုထောက်ပံ့ပေးလာနိုင်ပါတယ်။ အရင် Android 10  Go မှာတော့ 1.5GB အထိပဲထောက်ပံ့ပေးနိုင်ပါတယ်။  ဒါကြောင်မို့လို့ Budget ဖုန်းတွေ ရဲ့ User Experience ဟာသိသိသာသာတိုးတက်လာမှာပါ။  နောက်ပြီး Apps တွေနဲ့ Games တွေကိုတစ်ချိန်တည်းမှာ Run လို့ရမှာပဲဖြစ်ပါတယ်။

ဒီ Android 11 Go Edition ကတော့နောက်လကနေစပြီး တစ်ချို့ဖုန်းတွေမှာ စတင် Update ရလာမှာပဲဖြစ်ပါတယ်။ နောက်ထပ်  2GB RAM အောက်မှာရှိတဲ့ ဖုန်းအားလုံးဟာ Android Go devices ဖုန်းအနေနဲ့ထွက်လာဖို့ Google ကနေဆိုထားသေးတာမလို့ မကြာခင်မှာ Android 11 Go Edition ဖုန်းတွေဈေးကွက်ထဲကိုအများအပြားဝင်ရောက်လာနိုင်ပါတယ်။ 

Ref : Android Authority

Author