(Unicode)

အခုနောက်ပိုင်းမှာ စမတ်ဖုန်းထုတ်လုပ်တဲ့ကုမ္ပဏီအနေနဲ့ ဆန်းသစ်လှတဲ့ Design နဲ့ဖုန်းတွေကို ထုတ်ဖို့  ထိုးဖောက်လာကြတာကိုအားလုံးသိပြီဖြစ်မှာပါ။ ဥပမာအနေနဲ့ပြရရင်ဆို Foldable ဖုန်းတွေကိုပဲပြရမှာပါ။အရင်ကဆို Foldable ဖုန်းတွေဟာ သိပ္ပံကားတွေထဲတွေ့ရတဲ့ ဖုန်းတွေလို့ပြောလို့ရပါတယ်။ အခုမှာတော့ကျွန်တော်တို့မျက်စိရှေ့မှာတင် ဒီ Foldable ဖုန်းတွေကိုတွေ့ရခဲ့ပါပြီ။

အခုလည်း Samsung ကနေ ဖောက်ထွင်းမြင်နိုင်တဲ့ ဖုန်းတစ်လုံးကို မူပိုင်ခွင့်တင်လိုက်ပါပြီ…Samsung ကနေ ဒီမူပိုင်ခွင့်ကိုတော့ USPTO (United States Patent and Trademark Office) နဲ့ (World Intellectual Property Office) မှာတင်ခဲ့တယ်လို့ LetsGoDigital ကနေဖော်ပြထားပါတယ်။

ဖော်ပြထားတဲ့သတင်းထဲမှာ ဖောက်ထွင်းမြင်နိုင်တဲ့ ဖုန်းထုတ်ဖို့အတွက် လိုအပ်တဲ့ နည်းပညာအကြောင်းကိုလည်းဖော်ပြထားပါတယ်။ နောက်ထပ် ဒီနည်းပညာဟာ TVs ၊ monitors ၊  laptops နဲ့  gaming consoles တွေမှာပါအသုံးပြုလို့ရဦးမယ်လို့သိရပါတယ်။ 

မူပိုင်ခွင့်တင်ထားတဲ့ ဖုန်းဟာ Bezels နည်းနည်းသာရှိတဲ့ ဖောက်ထွင်းမြင်နိုင်တဲ့ Screen ကိုသုံးပေးထားတာကိုတွေ့ရမှာပါ။ ဒီ Screen ပေါ်က Display ကတော့ OLED Display ဖြစ်လာနိုင်ပါတယ်။ဘာလို့လဲဆိုတော့ OLED Display တွေကပဲ ဖောက်ထွင်းမြင်နိုင်တဲ့ Panel ရစေဖို့ အလင်းထိုးဖောက်နိုင်စွမ်းရှိလို့ပါ။ 

လောလောဆယ်တော့ ဒီဖုန်းနဲ့ပတ်သက်ပြီး ဘယ်အချက်ကိုမှာသေချာမသိရသေးပါဘူး။ နောက်ထပ် Samsung ဟာ ဒီဖုန်းကို တကယ်ထုတ်နေလား ? မထုတ်နေလားဆိုတာကလည်း မသေချာသေးပါဘူး။ ဒီအတိုင်းမူပိုင်ခွင့်သက်သက်တင်တာလည်းဖြစ်ပါတယ်။ 

ဒီလိုမူပိုင်ခွင့်ကြောင့် နောက်ပိုင်းနှစ်တွေမှာ ဖောက်ထွင်းမြင်နိုင်တဲ့ Display နဲ့ ဖုန်းတွေကိုတွေ့လာရတော့မှာလား?

စိတ်ဝင်စားဖို့ကောင်းနေပါပြီ… 

Ref : Gizmochina

ေဖာက္ထြင္းျမင္ႏိုင္တဲ့ Display နဲ႔ ဖုန္းတစ္လုံးကို မူပိုင္ခြင့္တင္လိုက္တဲ့ Samsung

(Zawgyi)

အခုေနာက္ပိုင္းမွာ စမတ္ဖုန္းထုတ္လုပ္တဲ့ကုမၸဏီအေနနဲ႔ ဆန္းသစ္လွတဲ့ Design နဲ႔ဖုန္းေတြကို ထုတ္ဖို႔ ထိုးေဖာက္လာၾကတာကိုအားလုံးသိၿပီျဖစ္မွာပါ။ ဥပမာအေနနဲ႔ျပရရင္ဆို Foldable ဖုန္းေတြကိုပဲျပရမွာပါ။
အရင္ကဆို Foldable ဖုန္းေတြဟာ သိပၸံကားေတြထဲေတြ႕ရတဲ့ ဖုန္းေတြလို႔ေျပာလို႔ရပါတယ္။ အခုမွာေတာ့ကြၽန္ေတာ္တို႔မ်က္စိေရွ႕မွာတင္ ဒီ Foldable ဖုန္းေတြကိုေတြ႕ရခဲ့ပါၿပီ။

အခုလည္း Samsung ကေန ေဖာက္ထြင္းျမင္ႏိုင္တဲ့ ဖုန္းတစ္လုံးကို မူပိုင္ခြင့္တင္လိုက္ပါၿပီ…

Samsung ကေန ဒီမူပိုင္ခြင့္ကိုေတာ့ USPTO (United States Patent and Trademark Office) ၊ WIPO (World Intellectual Property Office) မွာတင္ခဲ့တယ္လို႔ LetsGoDigital ကေနေဖာ္ျပထားပါတယ္။ေဖာ္ျပထားတဲ့သတင္းထဲမွာ ေဖာက္ထြင္းျမင္ႏိုင္တဲ့ ဖုန္းထုတ္ဖို႔အတြက္ လိုအပ္တဲ့ နည္းပညာအေၾကာင္းကိုလည္းေဖာ္ျပထားပါတယ္။ ေနာက္ထပ္ ဒီနည္းပညာဟာ TVs ၊ monitors ၊ laptops နဲ႔ gaming consoles ေတြမွာပါအသုံးျပဳလို႔ရဦးမယ္လို႔သိရပါတယ္။

မူပိုင္ခြင့္တင္ထားတဲ့ ဖုန္းဟာ Bezels နည္းနည္းသာရွိတဲ့ ေဖာက္ထြင္းျမင္ႏိုင္တဲ့ Screen ကိုသုံးေပးထားတာကိုေတြ႕ရမွာပါ။ ဒီ Screen ေပၚက Display ကေတာ့ OLED Display ျဖစ္လာႏိုင္ပါတယ္။ဘာလို႔လဲဆိုေတာ့ OLED Display ေတြကပဲ ေဖာက္ထြင္းျမင္ႏိုင္တဲ့ Panel ရေစဖို႔ အလင္းထိုးေဖာက္ႏိုင္စြမ္းရွိလို႔ပါ။

ေလာေလာဆယ္ေတာ့ ဒီဖုန္းနဲ႔ပတ္သက္ၿပီး ဘယ္အခ်က္ကိုမွာေသခ်ာမသိရေသးပါဘူး။ ေနာက္ထပ္ Samsung ဟာ ဒီဖုန္းကို တကယ္ထုတ္ေနလား ? မထုတ္ေနလားဆိုတာကလည္း မေသခ်ာေသးပါဘူး။ ဒီအတိုင္းမူပိုင္ခြင့္သက္သက္တင္တာလည္းျဖစ္ပါတယ္။

ဒီလိုမူပိုင္ခြင့္ေၾကာင့္ ေနာက္ပိုင္းႏွစ္ေတြမွာ ေဖာက္ထြင္းျမင္ႏိုင္တဲ့ Display နဲ႔ ဖုန္းေတြကိုေတြ႕လာရေတာ့မွာလား?

စိတ္ဝင္စားဖို႔ေကာင္းေနပါၿပီ…

Ref : Gizmochina

Author