လွန်ခဲ့တဲ့ နှစ်ပတ်ခန့်ကမှပဲ POCO ဟာ Xiaomi ရဲ့ လက်အောက်ခံ brand အဖြစ်မှ ရုန်းထွက်ပြီး India ရဲ့ SmartPhone Brand တစ်ခုအဖြစ်ရပ်တည်ခဲ့ပါတယ်။ POCO ဟာ အရင်က PocoPhone F1 ကိုထုတ်လုပ်ထားခဲ့ပြီး Xiaomi ရဲ့ လက်အောက်ခံ Brand တစ်ခုဖြစ်မှန်း သိကြတဲ့သူတွေရှိသလို မသိကြတဲ့လူတွေလဲ ရှိခဲ့ပါတယ်။ လွန်ခဲ့တဲ့နှစ်ပတ်ခန့်က POCO, the independent brand ဆိုပြီး သတင်းတွေတက်လာတော့မှ Xiaomi ရဲ့လက်အောက်ခံမှန်း သိကြတဲ့သူတွေလဲ အများသားပါ။ ဒါ့ကြောင့် ကျွန်တော်တို့ Anycall ရဲ့ ပရိတ်သတ်တွေထဲမှာလည်း POCO ကို ဘယ်သူဘယ်ဝါမှန်း မသိကြတဲ့သူတွေအတွက် ရှင်းသွားအောင် မျှဝေပေးချင်ပါတယ်။

POCO (Photo-Internet)

POCO ကိုအိန္ဒိယရဲ့ Xiaomi(Flagship Killer) အဖြစ်သိကြပါတယ်။ တကယ်လည်း Xiaomi ရဲ့လက်အောက်ခံဖြစ်ခဲ့ပါတယ်။ ဒါ့ကြောင့်လဲ PocoPhone F1 လို ဖုန်းမျိုးကို ဈေးသက်သက်သာသာနဲ့ရောင်းနိုင်တာပဲဖြစ်ပါတယ်။ POCO က အရင်က Xiaomi ရဲ့ လက်အောက်ခံဖြစ်ခဲ့တယ်ဆိုပေမယ့် လွန်ခဲ့တဲ့ နှစ်ပတ်ခန့်ကစပြီး အိန္ဒိယအခြေစိုက် SmartPhone Brand တစ်ခုအဖြစ် သီးခြားရပ်တည်နေပါပြီ။ ဘယ်လိုပဲ သီးခြားရပ်တည်နေပါပြီ လို့ဆိုပေမယ့်လည်း တကယ်ကိုသီးခြားဖြစ်ရဲ့လား ဆိုတာကတော့ မေးခွန်းထုတ်စရာပဲဖြစ်ပါတယ်။

Poco ဟာ သီးခြား brand တစ်ခုအဖြစ်ရပ်တည်ပြီးတဲ့နောက်ပိုင်းမှာ ပထမဆုံးအဖြစ် Poco X2 ဖုန်းကိုစတင်ပြီးမိတ်ဆက်ခဲ့ပါတယ်။ Poco ဟာ ဒီနှစ်အတွင်းမှာ ဖုန်း Series နှစ်ခုမိတ်ဆက်ဖို့ရှိနေပါတယ်။ အဲ့ဒီထဲက ပထမတစ်ခုကတော့ ဒီနေ့မှာပဲ မိတ်ဆက်ခဲ့ပြီဖြစ်ပါတယ်။ အဲ့ဒါကတော့ Poco X2 ပါပဲ။ ထိုမိတ်ဆက်ပွဲကို အိန္ဒိယနိုင်ငံမှာပြုလုပ်ခဲ့ပြီး Youtube မှာတိုက်ရိုက်ထုတ်လွှတ်ပြသခဲ့ရာ ကြည့်ရှုသူပေါင်း ရှစ်သောင်းခွဲခန့်ရှိခဲ့ပါတယ်… Poco ရဲ့ P2P(Price to Perfornance) Mid-Ranger ဖြစ်တဲ့ X2 ကိုတချက်လောက် ကြည့်ကြည့်လိုက်ရအောင်….

Poco X2 (Photo-Internet)

ပုံကိုကြည့်ပြီး အံ့ဩမသွားပါနဲ့… အဲ့ဒါက Poco X2 ပါပဲ။ Splash Resistant ဖြစ်သွားတာရယ် Max Brightness 500nits ဖြစ်သွားတာရယ် 8/128GB မော်ဒယ်ကိုရနိုင်တာကလွဲလို့ ကျန်တဲ့ Specifications တွေက Redmi K30 အတိုင်းပါပဲ။ Redmi K30 ကို လွန်ခဲ့တဲ့ December လ 10 ရက်နေ့က Xiaomi ကစတင်မိတ်ဆက်ခဲ့ပါတယ်။ သီးခြား Brand ဖြစ်သွားပေမယ့် Poco ဟာ Xiaomi ရဲ့ အရိပ်အောက်ကမလွတ်နိုင်သေးတဲ့ အခြေအနေမှာပဲရှိနေတယ်လို့ထင်ရပါတယ်။ 

Poco X2 ရဲ့ Specifications ကိုတချက်လောက်ကြည့်ကြည့်ရအောင်… K30 ရဲ့ Specifications ကိုလည်းပြန်နွှေးပြီးသားဖြစ်တာပေါ့လေ 😛😛

ပထမဦးဆုံး Display အနေနဲ့ Resolution 1080 x 2400 pixels, 20:9 ratio ရှိတဲ့ IPS-LCD Display ကိုသုံးပေးထားပြီး 120 Refresh Rate ကို feature လုပ်ပေးထားပါတယ်။ နောက်ပြီး K30 ထက်ပိုသွားတဲ့ နောက်တချက်က Splash Resistant ဖြစ်သွားတာပါ။ ဆိုတော့ ရေစင်တာလောက်ကိုမမှုဘူး လို့ပြောလို့ရပါတယ်။ နောက်ထပ် K30 ထက်ပိုသွားတာက 500nits Brightness ပါ။ ဒါကတော့ ဘာမှထူးခြားသွားတဲ့ အချက်မဟုတ်ပါဘူး။ ဘာလို့လဲဆိုတော့ LCD Display တွေမှာကျွန်တော်တို့တွေ မြင်နိုင်တဲ့ ပုံမှန် feature လေးမို့လို့ပါပဲ။

POCO X2 (Photo-Internet)

နောက်ထပ်အနေနဲ့ SoC အကြောင်းကိုဆက်ပြောကြရအောင်ပါ။ Poco X2 ဟာ Snapdragon 730G Chipset ကိုအသုံးပြုပေးထားပြီး Liquid Cooling System ကိုအသုံးပြုထားပါတယ်။ မိတ်ဆက်ပွဲက POCO ရဲ့ General Manager ရဲ့ပြောကြားချက်အရ သူတို့ဟာ 120Hz Refresh Rate ကို LCD Display ပေါ်မှာသုံးထားပေမယ့်လည်း သူတို့ရဲ့ ကောင်းမွန်တဲ့ Battery Optimization စနစ်ကြောင့် တခြားဖုန်းတွေလို Battery Drainage ပြဿနာကိုစိုးရိမ်စရာမရှိဘူးလို့ဆိုပါတယ်။ 

POCO X2 Camera(Photo-Internet)

ကင်မရာပိုင်းအနေနဲ့လည်း 64MP ရှိတဲ့ Sony ရဲ့ IMX 686 Sensor ကိုအသုံးပြုထားပါတယ်။ နောက်ပြီး ဒီဖုန်းဟာ အိန္ဒိယနိုင်ငံရဲ့ ပထမဆုံး IMX 686 Sensor သုံးထားတဲ့ဖုန်းဖြစ်တယ်လို့လဲ ဆိုထားပါသေးတယ်။ ထို့နောက် K30 နဲ့တူညီစွာပဲ Quad Camera Setup(ကင်မရာ၄လုံး) ကို ဒင်္ဂါးပြားပုံစက်ဝိုင်းအတွင်းမှာ နေရာချထားတာကိုတွေ့ရမှာပါ။ ရှေ့ကင်မရာကတော့ 20MP+2MP နှစ်လုံးပါမှာဖြစ်ပြီး Punch Hole နဲ့ပါပဲ… နောက်ထပ်ကင်မရာနဲ့ပတ်သက်ပြီး ကျွန်တော့်ကို Surprised ဖြစ်သွားစေတဲ့အချက်ကတော့ Raw Image Capture ပါပဲ။ RAW Format နဲ့ရိုက်တဲ့ ဓာတ်ပုံဟာ Retouch ပြန်လုပ်ဖို့အကောင်းဆုံးပါပဲ။

Battery ကတော့ 4500mAh ပါဝင်မှာဖြစ်ပြီး Fast Charging 27W ကို ထောက်ပံ့ပေးထားပါတယ်။ 0 to 100 ကို 68 မိနစ်အတွင်းမှာသွင်းလို့ရပြီး Realme X2 ရဲ့ 30W ထက်ပိုပြီး မြန်ကြောင်း အပူလွန်ကဲမှုပြဿနာလည်း နည်းပါးကြောင်းကို အပြောကြီးကြီးနဲ့ကြွားသွားခဲ့ပါတယ်။ ဒါ့အပြင် Lauch Event တစ်လျှောက်လုံးမှာလည်း Realme X2 ကိုပယ်ပယ်နယ်နယ် ယှဉ်ပြီးကိုတိုက်ခိုက်သွားခဲ့ပါတယ်။ ဈေးနှုန်းအနေနဲ့ကတော့ 6/128GB ကို 16,999 Rs(ရူပီး) ရှိမှာဖြစ်ပြီး အမေရိကန်ဒေါ်လာအနေနဲ့ 238.58 USD ဝန်းကျင်ရှိမှာပဲ ဖြစ်ပါတယ်။ မြန်မာငွေနဲ့တွက်ရင်တော့ 349,000 ကျော်သာကျသင့်မှာဖြစ်ပြီး Redmi K30 ဈေးနဲ့တန်းတူလောက်ပဲသွားကျမှာဖြစ်ပါတယ်။

Poco X2(Photo-Internet)

ဒါ့ကြောင့် အချုပ်အားဖြင့်ပြောရမယ်ဆိုရင် ကျွန်တော်တို့လို Display မှာ Notch ပါတာမကြိုက်တဲ့သူတွေ Xiaomi China အလုံးကို မကိုင်ချင်တဲ့သူတွေအတွက်ကတော့ Poco ရဲ့ X2 ဟာ ရွေးချယ်စရာ ဖုန်းတစ်လုံးဖြစ်လာမှာပါလို့ ပြောရင်း….. သင်ရော Poco ရဲ့ X2 ကိုဘယ်လိုမြင်လဲ K30 Clone ကြီးလို့ပဲမြင်မိလားဆိုတာကို အောက်ကကွန်မန့်မှာဝင်ရောက်ဆွေးနွေးပေးသွားကြပါဦး။