Xiaomi အနေနဲ့ ၂၀၂၀ နှစ်ကုန်ခါနီးမှာပဲ သူတို့ရဲ့  Flagship Series အသစ်ဖြစ်တဲ့ Mi 11 Series မိတ်ဆက်ခဲ့ပါတယ်။ အရင် Mi 10 Series မှာMi 10 ၊ Mi 10 Pro ဆိုပြီး Model နှစ်မျိုးမိတ်ဆက်ခဲ့ပေမယ့် အခု Mi 11 Series မှာတော့ Mi 11 ကိုသာမိတ်ဆက်ခဲ့ပါတယ်။ Mi 11 Pro ကိုတော့မတွေ့ခဲ့ရပါဘူး။ အခုမှာတော့ Mi 11 Pro ထွက်လာမယ့်ရက်နဲ့ Specs တစ်ချို့ထွက်လာပါပြီ။

လောလောလတ်လတ်ထွက်ထားတဲ့ သတင်းတွေအရ Mi 11 Pro မှာ 48-Megapixel (OmniVision OV48C) + 20-Megapixel (Ultra-Wide) + 12-Megapixel (Telephoto with 2x Optical Zoom) Triple Camera Setup ကိုသုံးပေးလာမယ်လို့သိရပါတယ်။Selfie အတွက်တော့ Punch-hole Punch Hole ထဲမှာ 20-megapixel Selfie Camera ကိုတပ်ဆင်ပေးလာမှာပါ ။Performance မှာတော့ Mi 11 လိုပဲ Snapdragon 888 Chipset နဲ့အားဖြည့်ပေးလာမှာပါ။ Battery အတွက်တော့ 120W Wired Charging ထောက်ပံ့ပေးထားတဲ့ 4,500mAh Battery ပါဝင်လာဖို့ရှိနေပါတယ်။

 နောက်ထပ်ဖုန်းမှာ 80W Wireless Charging  အထိထောက်ပံ့ပေးလာမယ်လို့လည်းသိထားရပါတယ်။ ဒီ 80W Charging ဟာဆိုရင်Xiaomi ကနေထုတ်ထားတဲ့ ကမ္ဘာ့အမြန်ဆုံး Wireless Charging လို့ပြောလို့ရပါတယ်။ 80W Wireless Charging ကြောင့် 4,000mAh Battery ကို 19 မိနစ်အတွင်းမှာ အားအပြည့်ဖြည့်ပေးနိုင်မယ်လို့ Xiaomi ကဆိုထားပါတယိ။ အားတစ်၀က်ကိုလည်း ၈ မိနစ်အတွင်းမှာသွင်းပေးနိုင်မယ်လို့သိရပါတယ်။

ဒီ  Mi 11 Pro ကိုတော့ လာမယ့် February 12, 2021 မှာကျင်းပမယ့် တရုတ်နှစ်သစ်ကူးပွဲတော်မှာမိတ်ဆက်လာမယ်လို့သိရပါတယ်။ 

Ref : GSMARENA

Author