၂၀၂၀ နှစ်ကုန်ကိုရောက်လာတာနဲ့အညီ တရုတ် Smartphone Brands တွေအနေနဲ့  ၂၀၂၁ Fast Charging နည်းပညာရဲ့ နောက်မျိုးဆက်အသစ်ကို မိတ်ဆက်ဖို့စီစဉ်နေကြပြီပဲဖြစ်ပါတယ်။ အရင် ၂၀၁၈ တုန်းက 30W နဲ့ 40W တို့ခေတ်စားခဲ့ပြီး ဒီနှစ် ၂၀၂၀ မှာတော့ 65W ကနေ 120W အထိခေတ်စားခဲ့ပါတယ်။ အခုမှာတော့ ၂၀၂၁ အတွက် ထွက်လာတော့မယ်လို့ သတင်းတွေထွက်လာပြီပဲဖြစ်ပါတယ်။ 

ဒီသတင်းကိုတော့ နာမည်ကြီး Leaker တစ်ဦးဖြစ်တဲ့ Digital Chat Station က Weibo မှာတင်ခဲ့တာပဲဖြစ်ပါတယ်။ Digital Chat Station ရဲ့ Post ထဲမှာ 200W+ Fast Charging အကြောင်းအပြင်  Mi Mix 4  အကြောင်းကိုပါဖော်ပြထားပါတယ်။ Post အရ Mi Mix 4 ဟာ ဒီနှစ်မှာထွက်လာဖို့မရှိသေးဘဲ နောက်နှစ်မှသာ ထွက်လာမယ်လို့ဖော်ပြထားပါတယ်။ 

အခုလက်ရှိမှာထွက်ထားတဲ့ 120W charging ဟာ  Xiaomi Mi 10 Ultra’s 4,500mAh battery အားအပြည့်ကို ၂၁ မိနစ်အတွင့်ဖြည့်ပေးနိုင်ပါတယ်။ 200W+ သာဆိုရင်တော့ မတွေ့ဝံစရာပါပဲ။ ဒီလို Fast Charging တွေရဲ့ အားနည်းချက်ကတော့ အားသွင်းနေတဲ့အခါမှာ အပူတက်လာတာမျိုးတွေရှိနေတာပါပဲ။  200W+ မှာတော့ ဖုန်းရဲ့ Battery ကိုမထိခိုက်စေအောင်ပြုလုပ်ပေးမယ့် နည်းပညာအသစ်ပါဝင်လာဖို့ခန့်မှန်းရပါတယ်။ ကျွန်တော်အမြင်မှာတော့ ဖုန်းတွေအတွက် 200+ W ဆိုတာကြီးတော့ မလိုအပ်ဘူးလို့မြင်မိပါတယ်။ အမြင့်ဆုံး 65W လောက်ဆိုရင် အဆင်ပြေနေပြီလို့ ပြောလို့ရပါတယ်။

စာဖတ်သူကော 200+W ကိုလိုတယ်လို့ထင်ရဲ့လား? Comments မှာဝင်ရောက်ဆွေးနွေးသွားကြပါဦးခင်ဗျာ…

Ref :Android Authority

Author