Samsung ဟာအခုလက်ရှိမှာ 100 Megapixels အထက်ရှိတဲ့ Megapixels Sensors တွေကိုပြုလုပ်နေတဲ့ တစ်ခုတည်းသော ကုမ္ပဏီတစ်ခုပဲဖြစ်ပါတယ်။ အခုထွက်လာတဲ့ ကောလဟလတွေအရ  Samsung ဟာ 150MP Sensor တွေကိုပြုလုပ်နေပြီလို့သိရပါတယ်။

အဲဒီ Sensor ဟာ ၁ လက်မအထိကိုကြီးလာမှာဖြစ်ပြီး သူ့ရဲ့ အရွယ်အစားဟာ Sony RX100 ‌လို DSLR CAMERA တွေရဲ့ Sensor Size တွေလောက်ရှိပါတယ်။ဒါဆို 108MP  ISOCELL Bright HMX Sensor ထက်လည်း သိသာသာကြီးမှာပါ။ 

အခု ဖန်တီးနေတဲ့ Samsung ရဲ့ 150MP Sensor ဟာ (9-in-1) Pixel Binning နည်းပညာကိုသုံးလာမယ်လို့ ဆိုထားပါတယ်။ အဲဒီနည်းပညာက 9-in-1 pixel binning ကိုသုံးပြီး 12MP ပုံတွေကိုထုတ်ပေးတဲ့ Samsung S20 Ultra ရဲ့ 108 MP Camera နဲ့ ခပ်ဆင်ဆင်ပါပဲ။ 108MP မှာ 12MP ပုံတွေထုတ်ပေးနိုင်ပြီး အခု 150MP ဆိုတော့ 16MP ပုံတွေထုတ်ပေးနိုင်မယ့် Camera Sensor ပါပဲ။  Xiaomi မှာတော့ 108MP Camera အတွက် 4-in-1 pixel binning နည်းပညာ ကိုပဲသုံးထားလို့ 27MP ပုံတွေကိုပဲထုတ်ပေးပါတယ်။

အခု Samsung ရဲ့ 150MP Camera Sensor အသစ်ကို Xiaomi က ပထဆုံးသုံးလာဖို့ရှိနေပြီး ထို 150 MP ဖုန်းဟာ Q4 ( အောက်တိုဘာလကနေ ဒီဇင်ဘာလအတွင်း) မှာမိတ်ဆက်လာနိုင်ပါတယ်။ Oppo နဲ့ Vivo တို့ကလည်း အဲဒီ  Sensor ကို 2021 အစောပိုင်းမှာသုံးလာနိုင်ပြီး Samsung ကိုယ်တိုင်ကလည်း ဒီ 150 MP Sensor ကို သူတို့ရဲ့ နောက် Flagship Series အသစ် ( S30 Series ) မှာသုံးလာနိုင်ချေများပါတယ်။ 

150MP Camera Sensor ဆိုတဲ့ စကားလုံးဟာ စမတ်ဖုန်းလောကက User တွေအတွက် မက်လောက်စရာဖြစ်ပေမယ့် နံပါတ်တွေကြီးလာသလောက် Quality ကောင်းလာသလားဆိုတာကိုတော့ စမတ်ဖုန်းတွေမှာ သုံးလာတဲ့အချိန်ကျရင် စောင့်ပြီးဆုံးဖြတ်ကြရအောင်….

အဲ့ခါကျရင်လည်း Samsung ရဲ့ S30 Series တွေဟာ အကောင်းဆုံး ကင်မရာ စမတ်ဖုန်းတွေ ဖြစ်လာမလားဆိုတာကတော့ ….

Ref : Gsmarena

Author