မနေညက ကျင်းပခဲ့တဲ့ Mi 10 နဲ့ Mi 10 Pro Global Launch Event မှာ Xiaomi ဟာ 5G ဈေးကွက်အတွက် ဈေးသက်သာတဲ့  Mi 10 Lite ကို မိတ်ဆက်ခဲ့ပါတယ်။ 

 Mi 10 Lite ရဲ့ဈေးဟာ ယူရို ၃၄၉ ( မြန်မာငွေ 5 သိန်း ၃ သောင်းကျော်) သာရှိတဲ့အတွက် လက်ရှိ Global ဈေးကွက်ထဲမှာ ဈေးအသက်သာဆုံး 5G ဖုန်းဖြစ်လာပါတယ်။

ဖုန်းမှာ  6.57 လက်မရှိ AMOLED Display ကိုအသုံးပြုပေးထားပြီး ထို Display ရဲ့အပေါ်မှာတော့  waterdrop notch ကိုတပ်ဆင်ပေးထားပါတယ်။. AMOLED Display ဖြစ်တဲ့အတွက် In-Display Fingerprint Sensor ပါလာပါတယ်။

ဖုန်းမှာ  Qualcomm Snapdragon 765G ကိုအသုံးပြုပေးထားပြီး LiquidCool System ပါလာမယ်လို့ Xiaomi ကဆိုထားပါတယ်။အဲ့အတွက်  Performance ဟာ ပိုပြီးကောင်းလာမှာကတော့ အသေအချာပါပဲ။

ကင်မရာပိုင်းမှာတော့ 48 MP Main Camera ပါတဲ့ Quad Camera System (ကျန်တဲ့ Camera တွေရဲ့ အသေးစိတ်အချက်များ မသိရသေး) သုံးပေးလာပြီး 16-Megapixel Selfie Camera နဲ့တွဲပေးလာပါတယ်။

Camera Features တွေမှာတော့ AI Dynamic Skyscaping ၊ Vlog Mode ၊ Night Mode 2.0  ၊ ShowSteady ၊ 120fps slow-motion Video Recording နဲ့ Pro Mode စတဲ့ Features တွေပါလာပါတယ်။

Battery ပိုင်းမှာတော့ 20W Fast Charging ထောက်ပံ့ပေးထားတဲ့ 4,160 mAh Battery သုံးပေးလာပါတယ်။ လောလောဆယ်မှာ Mi 10 Lite ရဲ့ Specifications အပြည့်အစုံထွက်ထားခြင်း‌မရှိသေးပါဘူး။

Mi 10 Lite ဟာ  64GB နဲ့ 128Gb ဆိုပြီး နှစ်မျိုးထွက်လာပါတယ်။ ဈေးအနေနဲ့ကတော့ 64GB Model ဟာ ယူရို ၃၄၉ ( မြန်မာငွေ 5 သိန်း ၃ သောင်းကျော်) ရှိပြီး 128GB Model ကတော့ယူရို ၃၉၉ ( မြန်မာငွေ 6 သိန်း ကျော်) နဲ့ထွက်လာပါတယ်။ အရောင်အနေနဲ့ကတော့ အဖြူ ၊ အနက် ၊ အပြာဆိုပြီး သုံးရောင်ရနိုင်မှာပါ။ Mi 10 Lite ကို May လမှာစပြီး ဈေးကွက်ထဲမှာစတင်ရောင်းလာတော့မှာပါ။

K30 Pro နဲ့ Mi 10 Lite ဘယ်ဖုန်းကိုရွေးမလဲ ?? 😛

Ref : pocket-lint , slash gear