Realme C3  မှာ Entry-level  (တန်းဖိုးနည်း) ဖုန်းတွေအတွက် Gaming ဦးစားပေး ထုတ်ထားတဲ့ Helio G70 Chipset အသစ်ကို ပထမဆုံးသုံးထားတဲ့ ဖုန်းဖြစ်ပါတယ်။ နောက်ထပ် ဖုန်းမှာ Realme UI ကိုတစ်ခါတည်းထည့်ပေးထားပါတယ်။ Realme C2 နဲ့ ယှဉ်လိုက်ရင် Realme C3 မှာ ပိုကြီးတဲ့ Display  ပိုများတဲ့ Battery ပါဝင်လာပါတယ်။ 

Realme C3 Specifications and Features

Realme C3 မှာ Mini-drop Notch ပါတဲ့ 6.5-inch IPS LCD Display ကိုအသုံးပြုပေးထားပြီး 720 x 1600 Pixels HD+ Resolution ကိုပေးနိုင်ပါတယ်။ ဖုန်းရဲ့ Screen-to-body Ratio ဟာ 89.8 % ရှိတယ်လို့ Realme ကဆိုထားပါတယ်။ ဖုန်းရဲ့ နောက်ဘက် Design မှာတော့ Sunrise Design ကိုအသုံးပြုပေးထားပါတယ်။ ဖုန်းမှာ Android 10 OS နဲ့ ColorOS 7 ကိုပြောင်းလဲထားတဲ့ Realme UI ကို မောင်းနှင်းပေးထားပြီး ထို UI ထဲမှာ Focus Mode ၊ Smart Gestures ၊ Three-finger Screenshot ၊ Dual Mode Music Share နဲ့ Personal Information Protection စတဲ့ Features အသစ်တွေပါဝင်လာပါတယ်။

Realme C3 မှာ ARM G52 Graphics ပါတဲ့ 2.0GHz Helio G70 Chipset (12nm) နဲ့အားဖြည်းပေးထားပြီး 4GB  LPDDR4 RAM နဲ့တွဲပေးထားပါတယ်။ Internal Storage ကတော့ 64GB ရှိပြီး Micro SD ကိုလည်းထပ်စိုက်လို့ရမှာပါ။  

ဖုန်းရဲ့နောက်ဘက်မှာတော့ Al နဲ့ အဆင့်မြှင့်ထားတဲ့ Dual Camera ကိုတပ်ဆင်ပေးထားပါတယ်။ ထို Setup ထဲမှာ f/1.8  Aperture 12-Megapixel Primary Shooter နဲ့ f/2.4 Aperture 2-Megapixel Depth Sensor တို့ပါဝင်ထားပြီး Selfie Camera အတွက်ကတော့ Pixel အရွယ်အစား 1.12micron ရှိတဲ့ 5-Megapixel  AI Beauty Selfie Camera တို့ပါဝင်ပါတယ်။ Camera အတွက် LED Flash, Fast PDAF Focus, Chroma Boost, Panorama Selfie, HDR Mode, Slow-motion Video Shooting ၊ 1080p Video Recording စတဲ့ Featres တွေနဲ့ ဖြည့်ပေးထားပြီး Selfie မှာတော့ AI Portrait, HDR Mode ၊ Panoselfie စတဲ့ Features တွေပါဝင်ပါတယ်။ 

Realme C3 မှာ 5,000mAh battery ပါပေမယ့်လည်း Fast Charging တော့ထောက်ပံ့ထားခြင်းမရှိသေးပါဘူး။ နောက်ထပ် ဖုန်းမှာ Fingerprint Scanner လည်းမပါပြန်ပါဘူး။ အဲ့အတွက် Unlock လုပ်ဖို့ Face Unlock Biometric Recognition ကိုတော့ထည့်ပေးထားပါတယ်။ ဖုန်းမှာ Dual 4G VoLTE, Wi-Fi 802.11ac, Bluetooth 5.0, GPS, microUSB 2.0 နဲ့ 3.5mm audio jack တို့ပါ၀င်ပါတယ်။

Realme C3 ဟာ 3GB RAM + 32 GB storage နဲ့ 4 GB RAM + 64 GB storage ဆိုပြီး နှစ်မျိုးထွက်လာပါတယ်။ ဈေးအနေနဲ့ကတော့ မြန်မာ‌ငွေ ၁သိန်းခွဲနဲ့ ၂ သိန်းကြားမှာရှိပါတယ်။ အရောင်အနေနဲ့ကတော့ Blazing Red နဲ့ Frozen Blue ဆိုပြီး နှစ်ရောင်ရနိုင်မှာပါ။ 

Ref: Gizmochina