Xiaomi အနေနဲ့ နိုင်ငံတကာဈေးကွက်မှာ Redmi Note 9S ကို မနေ့က မိတ်ဆက်ခဲ့ပါတယ်။Redmi Note 9S ဟာ အန္ဒိယမှာ Redmi Note 9 Pro နဲ့ Redmi Note 9 Pro Max မိတ်ဆက်ပြီး ရက်အနည်းငယ်အကြာမှာမိတ်ဆက်လာတာပဲဖြစ်ပါတယ်။ Note 9S ဟာ Redmi Note 9 Pro ၊ Redmi Note 9 Pro Max တို့နဲ့တူတဲ့ Design ရှိပြီး ကင်မရာပိုင်းကလွှဲရင် ကျန်တဲ့အပိုင်းတွေက Redmi Note 9 Pro နဲ့အတူတူတူပါပဲ။

Design & Display

 Redmi Note 9S မှာ a 6.67 လက်မရှိတဲ့ IPS LCD display ကိုသုံးပေးလာပြီး ထို Display ရဲ့ Resolution ဟာ   2280×1080 pixels (FullHD+) ရှိပါတယ်။ ဖုန်းရဲ့ ရှေ့ဘက် Display ကော ကျောဘက် Design မှာပါ Gorilla Glass 5 နဲ့ကာကွယ်ပေးထားပါတယ်။ Gorilla Glass 5 ကြောင့် မတော်တဆထိခိုက်မိတဲ့ ခြစ်ရာ ပွန်းရာတွေကို အေးဆေးခံနိုင်မှာပါ။ Note 9S ဟာ Redmi Note 9 Pro နဲ့တူတာမလို့ ဖုန်းမှာ ဘေးဘက်တွင်တပ်ဆင်ပေးထားတဲ့ fingerprint ၊ USB-C port ၊ 3.5mm audio jack နဲ့  IR blaster တို့ပါလာပါတယ်။

Processor & Memory

Redmi Note 9S မှာ Qualcomm ရဲ့ မကြာသေးခင်ကထုတ်ထားတဲ့ Snapdragon 720G Chipset နဲ့ အားဖြည့်ပေးထားပါတယ်။ ထို 720G Chipset ဟာ Snapdragon 730G ထက် စွမ်းဆောင်ရည်ပိုကောင်းလာတယ်လို့သိရပါတယ်။ ထို Chipset ကို 4GB/ 6GB  RAM တွေနဲ့တွဲပေးထားပြီး Storage ပိုင်းမှာတော့ 64GB ၊ 128GB  storage ဆိုပြီရှိလာမှာပါ။ SD CARD ထက်စိုက်ချင်ရင်လည်း 256GB အထိစိုက်နိုင်မှာဦးမှာပါ။

Camera

Camera ပိုင်းမှာတော့ 48MP Main Camera ၊ 8MP ultra-wide-angle Lens ၊ 5MP Macro lens နဲ့ 2MP depth sensor တို့ပါတဲ့ Quad Camera Setup ကိုတပ်ဆင်ပေးလာပါတယ်။16MP Selfie Camera ကိုတော့ ဖုန်းရဲ့ Display အပေါ်က Punch Hole ‌ပေါ်မှာတပ်ဆင်ပေးထားပါတယ်။

ထို Selfie မှာ AI portraits ၊ Panorama selfie ၊ palm shutter နဲ့ AI scene detection စတဲ့ Features တွေပါလာပါတယ်။ Redmi Note 9 Pro ရဲ့ Selfie Camera က 32MP ပဲဖြစ်ပါတယ်။

Note 9s က Redmi Note 9 Pro နဲ့ Selfie မှာပဲကွာသွားတာပါ။ Battery ပိုင်းမှာတော့ 18W fast charging ထောက်ပံ့ပေးထားတဲ့ 5020mAh battery ကိုသုံးပေးထားပါတယ်။

Note 9s ရဲ့ဈေးနှုန်း

 Redmi Note 9S ဟာ April ၇ ရက်နေ့မှာစပြီးနိုင်ငံတကာဈေးကွက်မှာ 4GB +64GB variant ကို $249 USD (မြန်မာငွေ သုံးသိန်းခွဲကျော် ) ၊ 6GB+128GB variant ကတော့ (မြန်မာငွေ လေးသိန်း၀န်းကျင် ) နဲ့၀ယ်ယူလို့ရမှာပဲဖြစ်ပါတယ်။

ကျွန်တော်တို့မြန်မာကိုလည်း April လလောက်မှာ ရလာမယ်လို့မျှော်လင့်ရပါတယ်။

Note 9s ထွက်လာရင် ၀ယ်ကြမယ့်သူတွေရှိကြလား? ရှိရင် ဘယ်လို Features တွေကြောင့်၀ယ်ဖြစ်မလဲဆိုတာပြောပေးသွားပါဦး…
.

Ref: Gizmochina