14 Jul 2020
Articles, Tips & Tricks

Mi ဖုန်းတွေမှာ Google Apps တွေ အလုပ်မလုပ်ခဲ့ရင် ? 

ကျွန်တော်တို့ဟာ တရုတ်ပြည်အတွက်ထုတ်ထားတဲ့ China version ဖုန်းလေးတွေကို ပိုမိုသက်သာတဲ့ စျေးနှုန်းကြောင့်ရော၊ ဝယ်ယူရလွယ်ကူတဲ့အတွက်ကြောင့်ရော ရွေးချယ်ဖြစ်ခဲ့ကြပါတယ်။ ယခင်က ဒီလိုသက်သာတဲ့စျေးနှုန်းနဲ့ ဒီလို specifications တွေပါတဲ့ဖုန်းတွေကို ကျွန်တော်တို့မမြင်ဖူး မကြားဖူးခဲ့ကြပါဘူး။ ဒါ့ကြောင့် “ပေါချောင်ကောင်းပဲကွာ” ဆိုပြီးဝယ်ကြပါတယ်… လက်ထဲရောက်လာပြီးတော့မှ “ဟာ တရုတ်စာတွေချည်းပဲ၊ Google လဲမပါဘူးဟ၊ ငါတော့ ဂျင်းမိပြီကွာ” လို့ရေရွတ်မိကြပါတယ်။ တကယ်တော့ ဝယ်တဲ့ကျွန်တော်တို့လဲ မမှားသလို၊ ရောင်းတဲ့သူတွေလဲ မမှားပါဘူး။ ဒီစျေးနဲ့ ဒီ Specs ကိုရတာမို့လို့ တကယ်ကိုတန်ပါတယ်… China ဖုန်းလေးတွေရဲ့တစ်ခုတည်းသော ကြီးမားတဲ့ အားနည်းချက်က Google Services လေးတွေမပါတာပါပဲ။ တရုတ်ပြည်အတွက်ဦးစားပေးထုတ်လုပ်ထားတာမို့လို့ သူဘက်ကလဲ…

Articles, Tips & Tricks

Mi ဖုန်းသုံးသူတွေတိုင်းသိထားသင့်တဲ့ Mi Cloud အကြောင်း 

သင့်ရဲ့  ဖုန်းပျောက်သွားပြီဆိုရင် သင့်အနေနဲ့ အရင်ဆုံးသိချင်မယ့်ကိစ္စကဘာဖြစ်မယ်လို့ထင်ပါသလဲ ? ကျွန်တော်မှန်းတာမမှားဘူးဆိုရင်တော့ အဲ့ဒါက သင့်ဖုန်းလက်ရှိရောက်နေတဲ့ တည်နေရာဖြစ်ပါလိမ့်မယ်… သင့်အနေနဲ့ အဲ့ဖုန်းကို ဖုန်းခေါ်ကြည့်တာတို့ စာပို့ကြည့်တာတို့ လုပ်ကောင်းလုပ်နိုင်ပေမယ့် သင့်ဖုန်းက ရိုးရိုးသားသား တနေရာမှာကျန်ခဲ့တာမဟုတ်ဘူးဆိုရင်တော့ ဖုန်းခေါ်လို့ရမှာလဲ မဟုတ်သလို စာပို့လို့အဆင်ပြေမှာလဲ မဟုတ်ပါဘူး။  နောက်တစ်ခုအနေနဲ့ သင့်ဖုန်းက ဘယ်လိုမှပြန်ရှာလို့မရတော့ပဲ ဖုန်းအသစ်ပဲဝယ်လိုက်ရပြီ ဆိုပါစို့။ သင့်အနေနဲ့ အရင်က Memories လေးတွေ ပြန်လိုချင်မှာ အမှန်ပါပဲ။ အထူးသဖြင့် နောက်တခေါက်ပြန်ရလာမှာမဟုတ်တဲ့ အမှတ်တရပုံလေးတွေကိုပေါ့… နောက်ပြီးတော့ အရေးကြီးတဲ့ Contacts လေးတွေပါ။ ကျွန်တော်တို့မှာ ပျက်သွားတိုင်းလဲ နောက်တခေါက်အသစ်ပြန်တောင်းလို့မရတဲ့ ဖုန်းနံပါတ်လေးတွေ ကိုယ်စီရှိကြပါတယ်။  ဒါ့အပြင်…

Tips & Tricks

သင့်ဖုန်းရဲ့ ဘက်ထရီအခြေအနေ (Battery Health) ကို ဘယ်လို စမ်းသပ် စစ်ဆေးမလဲ? 

Unicode Version ဘက်ထရီ အခြေအနေ (Battery Health) ဟာ ကျွန်တော်တို့ ဖုန်းအတွက် အရေးကြီးပါတယ်။ ဘာကြောင့်လည်းဆိုတော့ ကျွန်တော်တို့ ဖုန်းမှာ ကင်မရာ ဘယ်လောက်ပဲ ကောင်းနေပါစေ၊ စွမ်းဆောင်ရည် ဘယ်လောက်ပဲ ကောင်းနေပါစေ၊ လျှင်မြန်မှု ဘယ်လောက်ပဲ ရှိနေပါစေ၊… ဘက်ထရီ မကောင်းဘူး ဘက်ထရီ ကြာကြာမခံဘူးဆိုရင် အဲတာတွေကို ကျွန်တော်တို့ရဲ့ နေ့စဉ် လူမှု့ ဘဝမှာ ကောင်းမွန်စွာ အသုံးချနိုင်ဖို့၊ ကောင်းမွန်စွာ အသုံးပြုနိုင်ဖို့ဆိုတာ မဖြစ်နိုင်ပါဘူး။ ဒီတော့ ကျွန်တော်တို့ ဖုန်းရဲ့ ဘက်ထရီ အခြေအနေ(Battery Health) ကို ဘယ်လို စမ်းသပ်…

Copyright By Anycall Mobile | 2020