14 Jul 2020
Articles, News, Reviews

Snapdragon 720G, 5020mAh Battery နဲ့ Fast Charging 33W တွေပါတဲ့ Redmi Note 9 series လာပါပြီ 

Redmi ရဲ့ Note series တွေဟာ Price to Perfornance ဖြစ်တာကို လူတိုင်းသိကြမှာပါ။ နောက်ဆုံးထွက်ခဲ့တဲ့ Series ကိုပြောရရင် 8 Series ပါ။ သူ့ကို လွန်ခဲ့တဲ့ 2019 September လမှာ စတင်ထုတ်လုပ်ရောင်းချခဲ့ပါတယ်။ ချိုသာတဲ့ဈေးနှုန်း၊ ကောင်းမွန်တဲ့ ကင်မရာနဲ့ လေးစားဖွယ် Performance တွေက Note 8 series အတွက် မှတ်တိုင်တခုဖြစ်လို့နေပါတယ်။ ဒါပေမယ့် အဲ့ဒီမှတ်တိုင်ဟာ နောက်ထပ် ကြာကြာခံတော့မှာ မဟုတ်ပါဘူး။ ဘာလို့လဲဆိုတော့… လွန်ခဲ့တဲ့ 12 ရက်နေ့ကပဲ သူ့ကိုအစားထိုးဖို့ Note 9…

Articles, News

MWC 2020 ကို ဖျက်သိမ်းပြီးနောက်မှာ ကုမ္ပဏီတွေအနေနဲ့ သူတို့ဖုန်းတွေကို ဘယ်လိုမိတ်ဆက်သွားကြမလဲ ? 

MWC 2020 (Mobile World Congress) ကို လာမယ့် February လ 24 ရက်နေ့မှာ စတင်ကျင်းမှပါလိမ့်မယ်။ အကယ်၍ Cancel လုပ်ခြင်းသာမခံရခဲ့ဘူးဆိုရင်ပေါ့။ အခုတော့ Corona Virus ရဲ့ ဝင်ရောက်မွှေနှောက်မှုကြောင့် ကျွန်တော်တို့ နည်းပညာဂျပိုးတွေ မျှော်လင့်စောင့်စားနေတဲ့ MWC 2020 ပွဲကြီးကို ရက်အကန့်အသတ်မရှိ Cancel လုပ်လိုက်ပါပြီ။ အဲ့ဒီပွဲကိုကျင်းပတဲ့ GSMA(GSM Association) အဖွဲ့ကလည်း ပြန်လည်ကျင်းပဖို့ ရှိမရှိဆိုတာနဲ့ပတ်သက်ပြီး ဘာသတင်းမှ ထုတ်ပြန်ထားခြင်း လည်းမရှိပါဘူး။ ဒါ့ကြောင့် MWC 2020 ဟာ လုံးဝ Cancel ဖြစ်သွားပြီလို့ဆိုရမှာပါ။…

Articles

အခုနောက်ပိုင်း ဖုန်းတွေမှာ တွေ့တွေ့လာရတဲ့ UFS ဆိုတာဘာလဲ ? 

အကယ်၍ သင်က စမတ်ဖုန်းနယ်ပယ်နဲ့မစိမ်းတဲ့သူဆိုရင် အခုနောက်ပိုင်းထွက်လာတဲ့ Higher Mid Range ဖုန်းတွေ, Flagship ဖုန်းတွေမှာပါလာတဲ့ UFS 2.1 တို့ UFS 3.0 တို့ဆိုတာတွေကို မျက်စိဆံပင်မွှေး စူးနေမယ်လို့ ထင်ပါတယ်။ ကျွန်တော်လဲ အဲ့လိုပါပဲ ဘာလို့လဲဆိုတော့ မြင်သာမြင်နေရတာ ဘာတွေမှန်းမသိလို့ပါ။ အခုတော့ ကျွန်တော်ရောသိချင်လို့ ရှာဖတ်ရင်း အားလုံးကိုပါ သိစေချင်လို့ ပြန်လည်မျှဝေပေးလိုက်ရပါတယ်။ ဒီ article ထဲမှာ UFS ဆိုတာဘာလဲ ? eMMC ဆိုတာဘာလဲ ? UFS ကတကယ်ပဲ ကျွန်တော်တို့အတွက် လိုအပ်လာတဲ့နည်းပညာတစ်ခုလား ? စတဲ့အကြောင်းအရာတွေကို…

Articles

တိုက်တိုင်းအောင်စေဖို့ ရွေးချယ်သင့်တဲ့ ဖုန်းတွေက ? 

ဖုန်းနဲ့ Games တွေကစားရတာ ကြိုက်ကြတယ်ဟုတ်? အခုလက်ရှိ မိုဘိုင်းဖုန်းအသုံးပြုသူတော်တော်များများဟာ မိုဘိုင်းဂိမ်းတွေ အထူးသဖြင့် Online Games တွေကို ကျယ်ကျယ်ပြန့်ပြန့်ကစားလာကြပါတယ်။ အဲ့အတွက် ကျွန်တော်တို့အနေနဲ့ ဖုန်းဝယ်ရာမှာ Games တွေကို ကောင်းကောင်းဆော့နိုင်ဖို့အတွက်ပါထည့်စဉ်းစားလာကြပါတယ်။ ပထမဆုံး ဂိမ်းဆော့ဖို့အတွက် ဖုန်းဝယ်တော့မယ်ဆိုရင် ဘယ်အချက်တွေကို အရင်ကြည့်သင့်လဲဆိုတာကို အောက်မှာ ဖော်ပြပေးထားပါတယ်။  1. စွမ်းဆောင်ရည်မြင့် Processor 2. Display အရွယ်အစား  – ပိုကြီးတဲ့ Display ရှိလေ ဂိမ်းဆော့ရတာ ပိုသက်တောင့်သက်သာရှိလေ 3. Memory (RAM & ROM) 4. Design 5….

Articles, Tips & Tricks

Mi ဖုန်းတွေမှာ Google Apps တွေ အလုပ်မလုပ်ခဲ့ရင် ? 

ကျွန်တော်တို့ဟာ တရုတ်ပြည်အတွက်ထုတ်ထားတဲ့ China version ဖုန်းလေးတွေကို ပိုမိုသက်သာတဲ့ စျေးနှုန်းကြောင့်ရော၊ ဝယ်ယူရလွယ်ကူတဲ့အတွက်ကြောင့်ရော ရွေးချယ်ဖြစ်ခဲ့ကြပါတယ်။ ယခင်က ဒီလိုသက်သာတဲ့စျေးနှုန်းနဲ့ ဒီလို specifications တွေပါတဲ့ဖုန်းတွေကို ကျွန်တော်တို့မမြင်ဖူး မကြားဖူးခဲ့ကြပါဘူး။ ဒါ့ကြောင့် “ပေါချောင်ကောင်းပဲကွာ” ဆိုပြီးဝယ်ကြပါတယ်… လက်ထဲရောက်လာပြီးတော့မှ “ဟာ တရုတ်စာတွေချည်းပဲ၊ Google လဲမပါဘူးဟ၊ ငါတော့ ဂျင်းမိပြီကွာ” လို့ရေရွတ်မိကြပါတယ်။ တကယ်တော့ ဝယ်တဲ့ကျွန်တော်တို့လဲ မမှားသလို၊ ရောင်းတဲ့သူတွေလဲ မမှားပါဘူး။ ဒီစျေးနဲ့ ဒီ Specs ကိုရတာမို့လို့ တကယ်ကိုတန်ပါတယ်… China ဖုန်းလေးတွေရဲ့တစ်ခုတည်းသော ကြီးမားတဲ့ အားနည်းချက်က Google Services လေးတွေမပါတာပါပဲ။ တရုတ်ပြည်အတွက်ဦးစားပေးထုတ်လုပ်ထားတာမို့လို့ သူဘက်ကလဲ…

Articles

LPDDR5 RAM အကြောင်း 

ကျွန်တော်တို့အနေနဲ့ ဒီနေ့မှာတော့ ဖုန်းတွေမှာ‌တွေ့လာရတော့မယ့် မျိုးဆက်ငါးခုမြောက် DRAM နည်းပညာ အကြောင်းကိုပြောပြပေးသွားမှာပဲဖြစ်ပါတယ်။ LPDDR5 ကို ဖုန်းတွေအပြင် Cloud Computing ၊ မောင်းသူမဲ့ကားတွေနဲ့ AR စနစ် တွေမှာပါ သုံးလာဖို့ရှိနေပါတယ်။ Mobile Computing ကို High-Resolution Content ၊ High Refresh Rate Screen ၊ Mobile Applications တွေအတွက် AI အပေါ်မှီခိုလာပြီး 5G Connectivity တို့ကိုပြောင်းလဲရာမှာလည်း ပိုကောင်းပြီး ပိုမြန်တဲ့ မှတ်ညဏ် (Memory) တွေလိုအပ်လာပါတယ်။  RAM ကို စျေးကွက်ထဲမှာ…

Articles, News

iPhones တွေမှာ နားကြပ်ပေါက်ဖြုတ်ပစ်လိုက်တဲ့ အကြောင်းအရင်းတစ်ခု (သို့) မျိုးဆက်သစ် Airpod Pro … 

iPhones တွေမှာ နားကြပ်ပေါက်ဖြုတ်ပစ်လိုက်တဲ့ အကြောင်းအရင်းတစ်ခုလို့ ပြောလို့ရတဲ့ Airpod ရဲ့ နောက်ထပ် မျိုးဆက်သစ်တစ်ခု ထွက်လာဖို့ ‌တော်တော်လေး နီးကပ်နေပါပြီ။  အခုထွက်ရှိနေတဲ့ 3D Render (သုံးဖက်မြင် ပုံရိပ်) တွေဟာ iOS 13 ရဲ့ Update ထဲမှာ ပါဝင်လာခဲ့တဲ့Logo တစ်ခုကို အခြေခံထားတယ်လို့ သိရပါတယ်။ နောက် ‌ထွက်လာနိုင်မယ့် Airpod Pro ဒါမှမဟုတ် Airpod 3 ဟာရှေ့ကထွက်ခဲ့တဲ့ Airpod နှစ်ခုနဲ့ အများကြီး ကွာခြားလာနိုင်ပါတယ်။  အသိသာဆုံးနဲ့ အမြင်သာဆုံးကတော့ ဒီဇိုင်းပါပဲ။ ရှေ့ကထွက်ခဲ့တဲ့ Airpod နှစ်ခုမှာ…

Articles, Tips & Tricks

Mi ဖုန်းသုံးသူတွေတိုင်းသိထားသင့်တဲ့ Mi Cloud အကြောင်း 

သင့်ရဲ့  ဖုန်းပျောက်သွားပြီဆိုရင် သင့်အနေနဲ့ အရင်ဆုံးသိချင်မယ့်ကိစ္စကဘာဖြစ်မယ်လို့ထင်ပါသလဲ ? ကျွန်တော်မှန်းတာမမှားဘူးဆိုရင်တော့ အဲ့ဒါက သင့်ဖုန်းလက်ရှိရောက်နေတဲ့ တည်နေရာဖြစ်ပါလိမ့်မယ်… သင့်အနေနဲ့ အဲ့ဖုန်းကို ဖုန်းခေါ်ကြည့်တာတို့ စာပို့ကြည့်တာတို့ လုပ်ကောင်းလုပ်နိုင်ပေမယ့် သင့်ဖုန်းက ရိုးရိုးသားသား တနေရာမှာကျန်ခဲ့တာမဟုတ်ဘူးဆိုရင်တော့ ဖုန်းခေါ်လို့ရမှာလဲ မဟုတ်သလို စာပို့လို့အဆင်ပြေမှာလဲ မဟုတ်ပါဘူး။  နောက်တစ်ခုအနေနဲ့ သင့်ဖုန်းက ဘယ်လိုမှပြန်ရှာလို့မရတော့ပဲ ဖုန်းအသစ်ပဲဝယ်လိုက်ရပြီ ဆိုပါစို့။ သင့်အနေနဲ့ အရင်က Memories လေးတွေ ပြန်လိုချင်မှာ အမှန်ပါပဲ။ အထူးသဖြင့် နောက်တခေါက်ပြန်ရလာမှာမဟုတ်တဲ့ အမှတ်တရပုံလေးတွေကိုပေါ့… နောက်ပြီးတော့ အရေးကြီးတဲ့ Contacts လေးတွေပါ။ ကျွန်တော်တို့မှာ ပျက်သွားတိုင်းလဲ နောက်တခေါက်အသစ်ပြန်တောင်းလို့မရတဲ့ ဖုန်းနံပါတ်လေးတွေ ကိုယ်စီရှိကြပါတယ်။  ဒါ့အပြင်…

Articles

SoC ဆိုတာဘာလဲ ? စမတ်ဖုန်း Chipsets တွေနဲ့ ပတ်သက်ပြီး သိထားသင့်သမျှ။  

နည်းပညာ‌ဝါသနာအိုးတွေကတော့ PCs တွေနဲ့ Gaming Consoles တွေကနေစပြီး နောက်ဆုံးပေါ် စမတ်ဖုန်းတွေက Processing Power နဲ့ Chips တွေအကြောင်းကိုပြောရတာ သဘောကျကြပါတယ်။ အခုကျွန်တော်ပြောမှာက Arm ၊ Qualcomm ၊ Samsung ၊  Huawei ၊ MediaTek နဲ့တစ်ခြားကုမ္ပဏီ‌တွေရဲ့ နောက်ဆုံးထွက် Processors တွေအကြောင်းကို နက်နက်နဲနဲ နားလည်စေအောင်ပြောပြပေးပါမယ်။ အစိမ်းသက်သက်ဖြစ်နေတဲ့သူတွေအတွက်အခုစာတွေဟာ ဗန်းစကားမျိုးတွေပါတာမလို့ *SoC ကဘာလဲ* ဆိုတဲ့‌အခြေခံမေးခွန်းတွေကို နားလည်ရခက်နေပါလိမ့်မယ်။ စိတ်တော့မပူလိုက်ပါနဲ့ အောက်မှာ ကျွန်တော်တတ်နိုင်သမျှသေချာရှင်းပြပေးပါ့မယ်။ SoC ဆိုတာဘာလဲ ? SoC ဟာ System-on-a-Chip…

Articles

Android ဖုန်းတွေရဲ့ FRP Lock အကြောင်း တစေ့တစောင်း 

ဟိုးအရင် Huawei G730 တို့ Galaxy J1 တို့ခေတ်မှာ သင့်အနေနဲ့ FRP Lock ဆိုတာကိုကြားဖူးခဲ့မှာ မဟုတ်ပါဘူး။ FRP Lock ဆိုတာ 2015 နောက်ပိုင်းလောက်မှ ပေါ်ထွက်လာတဲ့ Security Method တစ်ခုပါ။ Android ဖုန်းတိုင်းမှာ FRP Lock ပါပါတယ်။ FRP Lock ဆိုတာဘာလဲ ဘယ်လိုအလုပ်လုပ်သလဲဆိုတာကို လေ့လာကြည့်ရမယ်ဆိုရင်ဖြင့် … FRP Lock ဆိုတာဘာလဲ ? FRP Lock ဆိုတာက Android version 5.0 ကနေစပြီး Google ကထည့်သွင်းလာတဲ့…

Articles

ကျွန်တော်တို့အနေနဲ့ 108MP ထိလိုအပ်ရဲ့လား ? 

2019 ကို ရောက်နေသော်လည်း နာမည်ကြီး ဖုန်းထုတ်လုပ်တဲ့ ကုမ္ပဏီတွေဖြစ်တဲ့ Apple ၊ Samsung ၊ Google တို့ဟာ သူတို့ရဲ့ Flagship ဖုန်းတွေမှာ 12MP Cameras တွေကိုသာ ဆက်ပြီး သုံးနေပါတယ်။ Xiaomi ကတော့ အခုနှစ်တွေမှာ တွေ့နေကျ 40 Megapixels ကို‌တောင်သုံးဖို့ မစဉ်းစားတော့ဘဲ သူတို့ရဲ့ နောက်ဆုံး Flagship ဖုန်း‌တွေမှာ 108MP Main Sensor ကိုသုံးလာပါတယ်။ ဘာလို့ Apple ၊ Samsung ၊ Google တို့ဟာ သူတို့ရဲ့ Cameras…

Articles

Phishing ဘာလဲ ဘယ်လဲ ? 

Phishing ဆိုတာဘာလဲ ? Phishing ဆိုတာ လွန်ခဲ့တဲ့နှစ်ပိုင်းတွေမှာ ခေတ်စားခဲ့တဲ့ လိမ်လည်နည်းတစ်ခုပါ။ အခုထိလဲ ဆက်လက်ပြီးပြုလုပ်နေကြဆဲမို့ မခံကြရစေဖို့ အလို့ငှာဗဟုသုတရအောင် ရေးသားလိုက်ရပါတယ်။ လိမ်နည်းတစ်ခုဆိုလို့ လူချင်းတွေပြီးယုံအောင်ပြောကာ ပိုက်ဆံတွေလိမ်သွားတဲ့ပုံစံမျိုးမဟုတ်ပါဘူး။Phishing ရဲ့ပုံစံက သင့်ကို Messenger ကနေပြီး link လေးတစ်ခုပေးလိုက်ပါမယ်။ အဲ့ Link ကိုဝင်လိုက်တဲ့အထိ သင်ဟာလုံခြုံနေပါသေးတယ် (တချို့နည်းလမ်းတွေမှာ Link ထဲကိုဝင်လိုက်တာနဲ့ ပြဿနာတက်နိုင်ပါတယ်။)အဲ့ဒါပြီး နောက်ထပ်ပေါ်လာမှာက Facebook Login Form ပုံစံပါ။ အဲ့ Login Form မှာ ကိုယ့်ရဲ့ Username, Password ထည့်ပြီးဝင်လိုက်ရင်တော့ သင့်ရဲ့ Facebook…

Articles, Reviews

အမေ့အလျော့ခံဖုန်းလေးတွေ (သို့မဟုတ်) လူအများစုတက်နိုင်တဲ့ Budget ဖုန်းလေးများ…🔥 

တစ်ရက်ပြီးတစ်ရက် မရိုးနိုင်အောင် ထွက်လာနေတဲ့ နည်းပညာမြင့်၊ ဈေးကြီးပေးရတဲ့ ဖုန်းတွေ အကြောင်းကို Hype ကြရင်း၊ ငေးမော အားကျရင်း၊ လူအများစုတတ်နိုင်တဲ့ Budget ဖုန်းလေးတွေကိုမေ့လျော့နေကြပါတယ်။ iPhone 11 Pro ရဲ့ Camera က ဘယ်လို၊ Xiaomi MI MIX Alpha က ဘယ်ပုံ၊ Mate 30 Pro ကြီးက အကြမ်းကြီး၊ Mi CC9 Pro ကလည်း တန်လိုက်တာ၊ OnePlus 7T ကလည်း မြန်လိုက်တာ၊ ROG Phone II က…

Articles, News

လူတွေ ပြောပြောနေကြတဲ့ Ultra-wide angles,Telephoto, … ကင်မရာ တွေဆိုတာ… 🔥📷 

ဒီနေ့ခေတ် ကျွန်တော်တို့ရဲ့ စမတ်ဖုန်းတွေမှာ ပုံမှန် ကင်မရာ ၁လုံးကနေ Ultra-wide angles, Telephoto, Depths နဲ့ Macro ဆိုပြီး ကင်မရာ ၂လုံး၊ ၃လုံး၊ ၄လုံးကနေ နောက်ဆုံး ၅လုံး အထိ ပါဝင်နေပါပြီ! ဒီလို ကင်မရာတွေ အများကြီးပါဝင်လာတာကလည်း ကျွန်တော်တို့ကို မတူညီတဲ့ ရှု့ထောင့် အသစ်တွေ ကနေ အမြင်ဆန်းတဲ့ ဓာတ်ပုံတွေကို ရိုက်ကူးစေဖို့ စွမ်းဆောင်ပေးနိုင်ပါတယ်။  ကဲ ဒီနေ့တော့ အဲ့ဒီ ခပ်ရှုပ်ရှုပ် ကင်မရာဆိုင်ရာ အသုံးအနှုန်းတွေကို နားလည်လွယ်အောင် ရှင်းပြပေးပါ့မယ်…။ (*နည်းပညာဆိုင်ရာ စကားလုံးတွေကို တက်နိုင်သလောက် လျော့သွားမှာဖြစ်သလို…

Articles, News

လူတွေ သိပ်မသိကြသေးတဲ့ UFS ဆိုတာ ဘာလဲ? ဘယ်လဲ? 

အခုနောက်ပိုင်းထွက်လာတဲ့ ဖုန်းတွေမှာ သူတို့ရဲ့ Storage ကို ဖော်ပြရင် ပမာဏဖြစ်တဲ့ 128GB တို့ 256GB တို့ ဘာတို့ အပြင် UFS 2.1 တို့ UFS 3.0 တို့ ဆိုပြီး အမျိူးမျိုး ဖော်ပြထားတာကို သတိထားမိကြမှာပါ။ ဒါဆိုရင် အဲ့ဒီ UFS နဲ့ နောက်မှာပါတဲ့ နံပါတ်တွေက ဘာကို ညွှန်ပြဆိုလိုတာလဲ…? ပြည့်ပြည့်စုံစုံ နားလည်သွားအောင် အရင်ဆုံး UFS ရဲ့ ရှေ့ကရှိခဲ့တဲ့ အကြောင်းလေးတွေကို ရှင်းပြပေးပါ့မယ်။  UFS တွေမတိုင်ခင် အရင်က ဖုန်းတွေတော်တော်များများနဲ့ အခုလက်ရှိဖုန်းတစ်ချို့မှာ embedded…

Copyright By Anycall Mobile | 2020