Subscribe to Updates
Get the latest creative news from FooBar about art, design and business.
Author: Anycall
Camera ပိုင်း ဦးစားပေးထွက်ရှိလာတဲ့ iPhone 16 က ကျန်တဲ့အပိုင်းတွေမှာလည်း မလစ်ဟာစေဘဲ Video ရိုက်ကူးချိန်မှာ အသံတွေကို Professional အကျဆုံး ဖမ်းယူနိုင်ဖို့အတွက် စိတ်တိုင်းကျ Adjust လုပ်နိုင်မယ့် Audio Mix Feature ကို ထည့်သုံးပေးလိုက်ပါတယ်။ ဒီ Feature က စကားပြောသံနဲ့ Background အသံခွဲပေးတာ၊ မလိုချင်တဲ့အသံတွေ လျှော့ချပေးတာ စတာတွေကို ပြုလုပ်နိုင်လို့ ပုံမှန်ထက်ပိုကောင်းတဲ့ Audio Quality ကို ဖန်တီးနိုင်ကြတော့မှာပါ။ ဒီ Feature မှာဆိုရင် ကိုယ်လိုချင်တဲ့ Audio Quality ကို ရွေးချယ်နိုင်ဖို့ Standard, In-Frame, Studio နဲ့ Cinematic ဆိုပြီး Options (4) ခုရှိပါတယ်။ In-Frame In-Frame က Camera ချိန်ထားတဲ့ Frame ထဲကသူတွေရဲ့ စကားပြောသံတွေကိုသာ Focus ထားပြီး Frame ပြင်ပက အသံတွေကို ကြားရတော့မှာ မဟုတ်ပါဘူး။ ဒါကြောင့် ဒီ Options လေးက Vlog ရိုက်မယ့်သူတွေအတွက်ဆို အတော်မိုက်ပါတယ်။ Studio Studio နဲ့ ဖမ်းယူမယ်ဆိုရင်တော့ Mic က စကားပြောသူနဲ့ ခပ်လှမ်းလှမ်းမှာရောက်နေမယ်ဆိုရင်တောင် Professional Studio တွေမှာ အသံသွင်းထားသလို အတော်လေးကောင်းတဲ့ Audio ကို ရရှိမှာပါ။ Cinematic Background အသံနဲ့ Frame ထဲက Subject တွေရဲ့အသံကို စနစ်တကျပေါင်းစပ်ပေးပြီး…
ပြီးခဲ့တဲ့ It’s Glow Time Event မှာ Next Generation ဖြစ်တဲ့ AirPods 4 အပြင် Upgrade မြှင့်ထားတဲ့ AirPods Max နဲ့ AirPods Pro 2 တို့ကို ချပြသွားခဲ့ပါတယ်။ AirPods 4 H2 Chip ကို သုံးပေးထားတဲ့အပြင် Acoustic Architecture ကြောင့် Bass သံအမြင့်တွေကို Sound Quality အပြည့်နဲ့ခံစားနိုင်မှာပါ။ Personalized Spatial Audio လည်းပါဝင်တာကြောင့် အသံအရည်အသွေးပိုကောင်းလာပါတယ်။ နောက်တစ်ခုက ခေါင်းညိတ်၊ ခေါင်းခါလုပ်ရုံနဲ့ Siri ရဲ့ သတိပေးချက်တွေကို Yes (or) No ဖြေနိုင်မယ့် Features လည်းပါဝင်လာတော့ အတော်လေးကိုမိုက်နေပါပြီ။ Charging Port ကလည်း USB-C Type ဖြစ်သွားတဲ့အပြင် Wireless Charging လည်း အသုံးပြုနိုင်မှာ ဖြစ်ပါတယ်။ Battery သက်တမ်းက နာရီ 30 အထိဆိုတော့ စိတ်ကြိုက်သုံးရုံပါပဲ။ ဆူဆူညံညံဖြစ်နေတဲ့ ပတ်ဝန်းကျင်မှာ ဖုန်းပြောမယ်ဆိုရင်တောင် ကိုယ်ပြောနေတဲ့စကားတွေကို တစ်ဖက်ကနေ ကြည်ကြည်လင်လင်ကြားနိုင်ဖို့ Adaptive Audio ကိုလည်း ထည့်သွင်းပေးထားပါတယ်။ AirPods အမြဲပျောက်တတ်သူတွေအတွက်တော့ ဝမ်းသာစရာပါပဲ။ ဘာလို့လဲဆိုတော့ Built-In Speaker တွေက ဒီ AirPods 4 မှာလည်းပါဝင်လာပြီမလို့ပါ။ AirPods Max AirPods Max မှာတော့ Midnight,Blue,Purple,Orange and Starlight…
စက်တင်ဘာ (၉) ရက်နေ့က ကျင်းပခဲ့တဲ့ It’s Glowtime Event မှာ Apple Watch Ultra 2 ကို Black Edition နဲ့ ထပ်မံမိတ်ဆက်ပေးသွားခဲ့ပါတယ်။ ဒီ Watch Ultra 2 အတွက် WatchOS 11 လည်း Support ပေးထားပြီး Apple Intelligence Features တွေကိုလည်း အသုံးပြုနိုင်တော့မှာပါ။ Case ကို Corrosion-Resistant Titanium နဲ့ပြုလုပ်ထားလို့အကြမ်းခံမှာဖြစ်ပြီး Titanium Milanese Loop ကိုသုံးထားလို့ New Look ကို ခံစားရမှာပါ။ Dual-Frequency GPS လည်းပါဝင်လို့ Smart Watch ထဲမှာ အတိကျဆုံး GPS ကို အသုံးပြုနိုင်မှာဖြစ်ပြီး Offline Maps လည်း သုံးလို့ရတော့မယ်လို့ Apple ကဆိုထားပါတယ်။ ရုတ်တရက် အသက်ရှူရပ်တဲ့ ဖြစ်စဉ်တွေကို သတိပေးမယ့် Sleep Apnea လို ကျန်းမာရေးအထောက်အကူပြု Function တွေကိုလည်း ထည့်သွင်းပေးထားပါတယ်။ Battery Life က 36 hours ထိ အသုံးပြုနိုင်မယ့်အပြင် Brightness ကလည်း 3000 nits ထိဆိုတော့ နေရောင်ထဲမှာလည်း Screen ကိုကောင်းကောင်းမြင်နိုင်မှာဖြစ်ပါတယ်။ ဒီ Apple Watch Ultra 2 လေးနဲ့ပတ်သက်ပြီး ထင်မြင်ချက်လေးတွေကိုအောက်က Comment မန့်ပေးခဲ့ကြပါဦး။
Series 10 မှာ Design ပိုင်းကို အထူးပြောင်းလဲထားပြီး Thickness ကလည်း အရင် Series တွေထက် ပိုပါးသွားပါတယ်။ နောက်ပြီး Screen Size ကလည်း ကြီးလာမှာဖြစ်ပါတယ်။ Screen ကြီးလာပေမယ့် Series 9 ထက် 20% ထိ ပိုပေါ့တာမလို့ Day to Day ဝတ်ဆင်ချိန်မှာ သက်တောင့်သက်သာရှိစေမှာပါ။ Brightness Level ကလည်း ပိုကောင်းလာပြီး Display က Wide-Angle နဲ့ဆိုတော့ သုံးရတာ တော်တော်ကြီးကို မိုက်လာမှာပါ။ Body ပိုင်းကို ကြည့်မယ်ဆိုရင်လည်း Titanium Case နဲ့ Aluminum Case ဆိုပြီး (2) မျိုးထွက်ထားပြီး Case တစ်ခုစီမှာ Color (3) မျိုး ရွေးချယ်နိုင်ပါတယ်။ SiP 10 Chipset ကိုသုံးပေးထားတာမလို့ Performance ပိုင်းမှာလည်း အပြစ်ပြောစရာမရှိပါဘူး။ မိနစ် (30) အားသွင်းထားရုံနဲ့ 80% ထိ အားပြည့်နိုင်မှာဆိုတော့ Charging ပိုင်းမှာလည်း တော်တော်လေးကိုအားရစရာပါပဲ။ Watch OS11 ကိုသုံးပေးထားတာကြောင့် Apple Intelligence Features တွေကို အသုံးပြုနိုင်မှာဖြစ်ပြီး AI နဲ့ Translation တွေကိုပါ Watch ပေါ်မှာ လုပ်လို့ရလာတော့မှာပါ။ ညဘက်အိပ်နေတုန်း ရုတ်တရက်အသက်ရှူရပ်တဲ့ Sleep Apnea ဖြစ်စဉ်ကို သတိပေးတဲ့ ကျန်းမာရေးအထောက်အကူပြု Function တွေအပြင် အခြား Function…
Model အသစ်ထွက်ရှိတိုင်း Feature အသစ်တွေနဲ့ Hardware ပိုင်း အဆင့်မြှင့်တင်မှုတွေကိုချပြလေ့ရှိတဲ့ Apple က ဒီတစ်ခေါက်မှာလည်း Apple intelligence လို အမိုက်ဆုံး Feature တွေ တိုးမြှင့်ထားတာကြောင့် Hardware ပိုင်းအဆင့်မြှင့်တင်မှုအတွက် ထုတ်လုပ်မှုကုန်ကျစရိတ်တွေ အနည်းနဲ့အများတိုးနေမှာသေချာပါတယ်။ ဒါပေမယ့် တစ်ဖက်မှာလည်း ကမ္ဘာလုံးဆိုင်ရာ စီးပွားရေးအကျပ်အတည်းတွေ၊ Price Tag မြင့်လွန်းရင် ကြီးမားကျယ်ပြန့်တဲ့ ဈေးကွက်ထဲ ယှဉ်ပြိုင်နိုင်စွမ်း လျော့ကျနိုင်ခြေရှိတာတွေကြောင့် လက်လှမ်းမီဖို့ခက်တဲ့ Price မျိုးတွေ ဖြစ်လာဖို့တော့ မရှိဘူးလို့ဆိုကြပါတယ်။ အတိအကျတော့မဟုတ်သေးပေမယ့် ခန့်မှန်းချက်အများစုအရတော့ iPhone 16 ရဲ့ ဈေးက Storage ကိုလိုက်လို့ $799 ကနေ $ 1099 ကြားရှိမယ်၊ 16 Plus က $899 ကနေ $1199 ကြားရှိမယ်၊ 16 Pro က $1099 ကနေ $1599 ကြား ရှိမယ်လို့ ဆိုထားပါတယ်။ Starting Price တွေကတော့ မပြောင်းမလဲ ရှိနေဆဲဖြစ်ပြီး Storage ကိုလိုက်လို့ မြင့်တက်သွားမယ့် Price Rage တွေက လည်း မဆိုးဘူးလို့ ဆိုရမှာဆိုတော့ အားလုံးပဲ ရင်ခုန်စွာနဲ့ စောင့်မျှော်လိုက်ကြရအောင်။
Telegram ရဲ့ သတင်းအချက်အလက်တွေကို အသေးစိတ်အမေး၊အဖြေလုပ်ပေးထားတဲ့ Telegram FAQ ကနေ “Private Chat တွေကို ထိန်းချုပ်ပေးဖို့ တောင်းဆိုလာခဲ့ရင် ကာကွယ်ပေးသွားမယ်” ဆိုတဲ့ စာသားကို ဖယ်ရှားလိုက်ပါပြီ။ စက်တင်ဘာ (၅) ရက်အစောပိုင်းမှာ Durov က အဖမ်းခံရပြီး ပထမဆုံးထုတ်ပြန်ချက်တစ်ခုကို Twitter မှာတင်ခဲ့ပါတယ်။ အဲ့ဒီထုတ်ပြန်ချက်ထဲမှာ Telegram Platform ပေါ်က အကြောင်းအရာတွေကို အရင်ကထက်ပိုပြီး စိစစ်သွားမယ်လို့ ကတိပေးပြောဆိုခဲ့ပြန်ပါတယ်။ ဒီကတိပြုမှုရဲ့ အကျိုးဆက်က Telegram FAQ အပေါ်ကို (၂၄) နာရီအတွင်း သက်ရောက်ခဲ့ပါတယ်။ “Telegram မှာ တရားမဝင်အကြောင်းအရာတွေရှိနေပါတယ်၊ ဒါတွေကို ဘယ်လို ဖယ်ရှားမလဲ” ဆိုတဲ့ မေးခွန်းရဲ့အဖြေက စက်တင်ဘာ (၅) ရက်နေ့အထိမှာတော့ “Telegram Chat နဲ့ Group တွေ အားလုံးမှာ အသုံးပြုသူတွေရဲ့ ကိုယ်ပိုင် အချက်အလက်တွေရှိပါတယ်။ဒီအရာတွေကို ဝင်ရောက်စွက်ဖက်ခြင်းမရှိပါဘူး။” လို့ဖြေထားခဲ့ပေမယ့် စက်တင်ဘာ (၆) ရက်နေ့မှာတော့ “Telegram App မှာ တရားမဝင်အကြောင်းအရာများကို စောင့်ကြည့်သူများဆီ သတင်းပေးပို့နိုင်တဲ့ Report Buttons ဆိုတာလေးပါပါတယ် ၊တစ်ချက်နှိပ်ရုံနဲ့ Report လုပ်နိုင်မှာဖြစ်ပါတယ်၊ ပြုလုပ်နည်းကို အောက်မှာ ကြည့်နိုင်ပါတယ်” ဆိုပြီး ပြောင်းသွားပါတယ်။ ဒီအပြောင်းအလဲတွေရဲ့နောက်ကွယ်ကအကြောင်းအရင်းကို သေချာမသိရသေးသလို Telegram App အသုံးပြုသူတွေရဲ့ Security အပေါ် မှာ ဘယ်လောက်ထိ ထိခိုက်လာနိုင်တယ်ဆိုတာကိုလည်း စောင့်ကြည့်ကြရဦးမှာပါ။
လာမယ့် Apple Event မှာ AirPods ရဲ့ စိတ်လှုပ်ရှားစရာ မျိုးဆက်သစ် AirPods 4 ကို စပြီးမိတ်ဆက်သွားပါတော့မယ်။ ထွက်ရှိထားပြီးဖြစ်တဲ့ AirPods Pro နဲ့ AirPods 3 တို့ရဲ့ Design ကို ရောယှက်ပြီး AirPods 4 အတွက် Design တစ်ခုဖန်တီးမှာ ဖြစ်ပါတယ်။ ဒါကြောင့် Pro နဲ့ AirPods 3 တွေကို သဘောကျခဲ့သူတွေက ပိုကောင်းတဲ့ ဒီဇိုင်းမျိုး ရလာမလား စောင့်မျှော်ရမှာပါ။ ပိုပြီး Fit ဖြစ်မယ့် Stems ကိုလည်း မြင်တွေ့ရမယ်လို့ ဆိုထားတာမို့ တကယ်သုံးတဲ့အခါ ဘယ်လောက်အဆင်ပြေမလဲ ဆိုတာကို စောင့်ကြည့်ရပါမယ်။ နောက်တစ်ခုက iPhone တွေမှာ Lighting ကနေ Type-C ပြောင်းလဲလာသလိုပဲ AirPods တွေမှာလည်း Type-C ပြောင်းလာနိုင်ချေရှိပါတယ်။ ဒါဆိုရင်တော့ အစောကတည်းက Type C ဖြစ်စေချင်နေတဲ့သူတွေ အများကြီးပျော်ရမှာဖြစ်ပါတယ်။ လူကြိုက်များဦးမယ့် Feature အနေနဲ့ AirPods ပျောက်တာပဲဖြစ်ဖြစ်၊ Charging Case ပျောက်တာပဲဖြစ်ဖြစ် လွယ်လင့်တကူရှာဖွေနိုင်မယ့် Built-in Speaker ပါဝင်လာဖို့လည်း ရှိနေတယ်။ Chip ပိုင်းမှာတော့ Power Efficient ဖြစ်တဲ့ H2 Chip ကိုပဲ အားသာချက်အပြည့်နဲ့ သုံးမှာဖြစ်ပြီး ရလာဒ်အနေနဲ့Battery ပိုင်းမှာ ပုံမှန် Single Charge မှာ ၆ နာရီခွဲ လောက်သုံးနိုင်မယ်လို့ ခန့်မှန်းထားပါတယ် စိတ်မကောင်းစရာတစ်ခုက AirPods တွေမှာ ပုံမှန်လို…
သိပ်မကြာခင်ကပဲ Apple က iPhone 16 Series မိတ်ဆက်မယ့် Event နာမည်နဲ့ Event Date ကို အတိအလင်းကြေညာခဲ့ပြီပဲ ဖြစ်ပါတယ်။ ဒီလို Event Date နဲ့ နီးကပ်လာတာနဲ့အမျှ iPhone 16 နဲ့ ပတ်သက်ပြီး ကောလဟာလပေါင်းများစွာကို တွေ့နေ၊ ကြားနေရပါတယ်။ ယုံကြည်ရတဲ့ သတင်းရင်းမြစ်တွေအရ Apple က iPhone 16 Camera ကို သိသိသာသာတိုးတက်မှုတွေရှိလာအောင် အဆင့်မြှင့်ပေးထားတဲ့အပြင် ပိုပြီး Professional ကျကျ ဓာတ်ပုံရိုက်နိုင်ဖို့ Capture Button ပါလာမယ်လို့လည်း သိရပါတယ်။ သတင်းတွေအရ အဆင့်မြှင့်တင်မှုတွေကြောင့် အကောင်းဆုံးဖြစ်လာမယ့် iPhone 16 နဲ့ 16 Pro Camera မှာ ဘာတွေတိုးတက်လာမလဲကြည့်ရအောင်… iPhone 16 နဲ့ 16 Plus ရဲ့ Camera Details သတင်းတွေအရ iPhone 16 နဲ့ 16 Plus က ကင်မရာနှစ်လုံးနဲ့ပဲ လာမှာလို့သိရပါတယ်။ 48MP Main Camera သုံးတာကတော့ iPhone 15 နဲ့အတူတူပါပဲ။ Main Camera မှာ f/1.6 aperture နဲ့ Ultra Wide Camera မှာ f/2.2 aperture သုံးပေးထားတာကြောင့် iPhone 15 ရဲ့ f/2.4 aperture ထက်ကို အလင်းဝင်အားပိုကောင်းလာမှာပါ။ Optical…
Apple က သူတို့ရဲ့ Product အသစ်မိတ်ဆက်ပွဲကို “It’s Glow Time” ဆိုတဲ့ နာမည်နဲ့ မိတ်ဆက်လိုက်ပါတယ်။ Event ချိန်ကိုတော့ အားလုံးခန့်မှန်းထားတာထက် တစ်ရက်စောပြီး စက်တင်ဘာ 9 ရက်နေ့ မြန်မာစံတော်ချိန် ည 11:30 မှာ ကျင်းပသွားမှာပါ။ Apple က ဒီ Event မှာ Siri UI အသစ်ကိုပါ မိတ်ဆက်ပေးမှာဖြစ်ပြီး မိတ်ဆက်မယ့် iPhone 16 Model တွေမှာ တစ်ခါတည်း သုံးလို့ရအောင်လုပ်သွားမှာလို့သိရပါတယ်။ ဒါကြောင့် Siri UI အသစ်က iPhone 16 Model တွေရဲ့ Key Selling Point ဖြစ်လာမှာပါ။ ဒီ Event မှာ iPhone 16 Models တွေအပြင် AirPods, Apple Watch Series 10 နဲ့ တခြား Product တွေကိုပါ တစ်ပါတည်းမိတ်ဆက်သွားမှာပါ။ ဒါတွေအပြင် iOS 18, iPadOS 18, macOS Sequoia, watchOS 11 နဲ့ OS တွေရဲ့ Release Date ကိုပါ ဒီ Event မှာ ကြေညာသွားမှာလို့ သိရပါတယ်။
Apple Device အသစ်တွေကို မိတ်ဆက်ပေးတဲ့ Apple Event ကို ကျင်းပမယ့် အချိန်ကလည်း နီးလာပါပြီ။ Rumour တွေနဲ့ WWDC Event မှာပါလာတဲ့ Leak တွေအရဆိုရင်တော့ Event ရက်က 9 လပိုင်း 10 ရက်နေ့ဆိုတာ သေချာသလောက်ပါပဲ။ ဒီလို Event ချိန် နီးကပ်လာတာနဲ့ iPhone 16 ရဲ့ Specification တွေအကြောင်း Rumour တွေကလည်း ပြန့်နေပါတယ်။ ဒီ Rumour တွေထဲကမှ Reliable ဖြစ်တဲ့ iPhone 16 ရဲ့ Design နဲ့ Specs တွေအကြောင်း ပြောပြချင်ပါတယ်။ Camera iPhone 16 မှာလည်း 48 MP Main Camera နဲ့ 12 MP Ultra Wide Dual Sensor Setup ကိုသုံးပေးထားမယ်လို့သိရပါတယ်။ Specs တွေအရ အတူတူပဲလို့ထင်ရပေမယ့် AI(Apple Intelligence) အကူအညီနဲ့ Software ပိုင်းမှာ အများကြီးပိုကောင်းလာနိုင်ခြေရှိပါတယ်။ Performance iPhone 16 တိုင်းကို RAM 8GB နဲ့မိတ်ဆက်ပေးမယ်လို့သိရပြီး Apple Intelligence ရဲ့ Support ကောင်းကောင်းရအောင် ထုတ်ပေးမယ်လို့သိရပါတယ်။ ဒီလို Apple Intelligence ကို အပြည့်အဝအသုံးချနိုင်ဖို့ဆို A18 Chip နဲ့မှရမှာမလို့ iPhone 16 တိုင်းမှာ A18…