Author: Anycall

ကိုယ့် 𝐌𝐢 𝐏𝐡𝐨𝐧𝐞 ရဲ့ 𝐁𝐚𝐭𝐭𝐞𝐫𝐲 က တအိအိနဲ့ အားကုန်တာ အရမ်းမြန်နေတယ်ဆိုရင် အခုပြောပြမယ့်နည်းလမ်းတွေအတိုင်း အားပိုခံအောင် လုပ်လို့ရပါတယ်။ >> နောက်ကွယ်မှာ အချို့သော App တွေ , 𝐒𝐞𝐫𝐯𝐢𝐜𝐞 တွေ 𝐑𝐮𝐧 မနေအောင် 𝐁𝐚𝐭𝐭𝐞𝐫𝐲 𝐒𝐚𝐯𝐢𝐧𝐠 𝐌𝐨𝐝𝐞 ကိုဖွင့်ပေးထားသင့်ပါတယ်။ ဖွင့်မယ်ဆိုရင် Settings > Battery > Save Battery ဆိုတာကိုရွေးပေးလိုက်ပါ။ >> ဖုန်း Power ဖွင့်ဖွင့်ချင်း App တွေက ကိုယ်မသုံးဘဲနဲ့ 𝐀𝐮𝐭𝐨 𝐑𝐮𝐧 နေတာမျိုးမဖြစ်ရအောင် 𝐀𝐮𝐭𝐨 𝐒𝐭𝐚𝐫𝐭 ကိုပိတ်ပြီးသုံးပေးပါ။ Auto Start ပိတ်ဖို့အတွက်ဆိုရင် Settings > Permission > Autostart ထဲမှာ ဖွင့်ထားတာတွေကို ပိတ်ပေးလိုက်ပါ။ >> 𝐑𝐞𝐟𝐫𝐞𝐬𝐡 𝐑𝐚𝐭𝐞 ကိုအမြင့်ဆုံးထားသုံးတာကလည်း Battery အားကို သိသိသာကုန်နိုင်တာမလို့ Refresh Rate ကိုလျှော့သုံးပေးပါ။ Settings > Display > Refresh Rate > Refresh Rate ကိုနှိပ်ပြီး 60Hz ပြောင်းသုံးပေးလိုက်ပါ။ >>မလိုအပ်ဘဲ ဖုန်း Display ကို လင်းထိန်နေအောင်ထားရင်လည်း ဖုန်းအားကုန်မြန်နိုင်လို့ 𝐀𝐮𝐭𝐨 𝐁𝐫𝐢𝐠𝐡𝐭𝐧𝐞𝐬𝐬 ကိုဖွင့်သုံးတာအကောင်းဆုံးပါပဲ။ Settings > Display > Brightness Level > Automatic Brightness Level ကို…

Read More

တခါတလေ TikTok မှာ Video တွေကြည့်ရင်းနဲ့ Reload မှားလုပ်မိလို့ ကိုယ် Save ချင်တဲ့ Video ကို Save မလုပ်လိုက်ရဘဲ ပျောက်သွားတာမျိုး ဖြစ်ဖူးကြမှာပါ ဒီလိုကြုံရပြီဆိုရင် ကိုယ်ကြည့်ခဲ့တဲ့ Video ကို အောက်ကနည်းအတိုင်း ပြန်ဝင်ရှာလို့ရပါတယ်။ 1. Profile ကိုနှိပ်ပြီး Menu Icon ကို နှိပ်ပေးရပါမယ် 2. Settings and Privacy ထဲက Activity Center ကိုဝင်ပေးလိုက်ပါ 3. ဝင်ပြီးသွားရင် Watch History ထဲကိုဝင်လိုက်တာနဲ့ TikTok မှာ ကိုယ်ကြည့်ထားတဲ့ Video တွေပေါ်လာမှာပါ။

Read More

Apple က iOS 18 နဲ့အတူ အမိုက်စား Changes တစ်ခုဖြစ်တဲ့ Camera Setting Feature အသစ်တစ်ခုကိုပါ ယူဆောင်လာခဲ့ပါတယ်။ 18 Update မတိုင်ခင်က သီချင်းဖွင့်ထားတုန်း Camera နဲ့ Video ရိုက်လိုက်ပြီဆိုရင် ဖွင့်ထားတဲ့သီချင်းက ရပ်ရပ်သွားလို့ စိတ်ညစ်ခဲ့ရဖူးတယ်မလား။ ခုပြောပြမယ့် Feature နဲ့ Video ရိုက်မယ်ဆိုရင်တော့ သီချင်းသံ ရပ်မသွားတဲ့အပြင် Video မှာသီချင်းထည့်ဖို့အတွက် Edit ထပ်လုပ်စရာလည်း မလိုတော့ပါဘူး။ ဒါကြောင့် iOS 18 ရဲ့ ဒီ Camera Setting Feature က သီချင်းဖွင့်ထားပြီး Video ရိုက်ချင်တဲ့သူတွေအတွက် Amazing Feature တစ်ခုပါပဲ။ ဒီ Feature ကို Setup လုပ်ဖို့အတွက် အရင်ဆုံး Setting ထဲက Camera ကိုနှိပ်မယ်။ ပြီးရင် Record Sound ကိုသွား၊ Allow Audio Playback ကို Turn On လုပ်လိုက်ရုံပါပဲ။

Read More

ကိုယ်က ပညာရေး၊ ကျန်းမာရေးနဲ့ပတ်သက်တဲ့ အရေးကြီးတဲ့ Information တွေကို မျှဝေဖို့အတွက် Telegram Group Chat ထောင်ထားပေမယ့် Group ထဲကလူတွေက အလာပသလ္လာပပဲ ပြောနေကြလို့ မလိုအပ်တဲ့ Message တွေ ပွထမနေရအောင် Slow Mode ခံထားလို့ရပါတယ် ဒီလိုလုပ်ထားမယ်ဆိုရင် စာအဝင်နှေးသွားမှာ ဖြစ်ပါတယ်။ Slow Mode ခံဖို့အတွက် အရင်ဆုံး စာအဝင်များနေတဲ့ Group ရဲ့ Name ကိုနှိပ်လိုက်မယ်။ ပေါ်လာတဲ့အထဲက Pen ကိုရွေးပြီး Permission ကိုနှိပ်လိုက်မယ်။ ဒီလိုဆိုရင် Slow Mode ပေါ်လာမှာဖြစ်ပြီး ကိုယ့်ကြိုက်တဲ့ကြာချိန်ကို ရွေးပေးထားမယ်ဆိုရင် အဆက်မပြတ် တတောင်တောင်မြည်နေတော့မှာ မဟုတ်ပါဘူး။

Read More

iOS 18 Update တင်ထားပြီးပြီဆိုရင် ကိုယ့်ရဲ့ Privacy ပိုပြီးလုံခြုံစေဖို့အတွက် Applications တွေကို ဒီလိုမျိုး Lock ခတ်ထားလို့ရပါတယ်။ ပထမဆုံး ကိုယ် Lock ခတ်ထားချင်တဲ့ App ကို ဖိထားလိုက်ပြီး Require Passcode ကိုနှိပ်လိုက်မယ်။ ကိုယ်က Face ID နဲ့ထားထားရင်တော့ Require Face ID လို့ပေါ်နေပါလိမ့်မယ်။ Passcode ထည့်ဖို့ကျလာပြီဆိုရင် ကိုယ်ထားချင်တဲ့ ဂဏန်း 6 လုံးကို ရေးလိုက်ပြီး Done ကိုနှိပ်လိုက်ပါ။ App ထဲကိုဝင်မယ်ဆိုရင် ခုနက ကိုယ်ရိုက်ထည့်လိုက်တဲ့ Passcode ကိုရေးပြီးမှသာ ဝင်လို့ရတော့မှာ ဖြစ်ပါတယ်။

Read More

ဖုန်းအားသွင်းထားပြီးလည်း အိပ်ချင်တယ်။ ကိုယ့်ဖုန်းရဲ့ Battery Health ကိုထိခိုက်မှာလည်းကြောက်တယ်ဆိုရင် Xiaomi နဲ့ Redmi ဖုန်းတွေမှာ Optimized Battery Charging ဆိုတဲ့ Feature ကို ဖွင့်ထားပေးလိုက်ပါ။ ဒီ Feature လေးက ကိုယ့်ဖုန်းရဲ့ Battery ကို 60% ကနေ 90% အထိ Limit ထားပြီး ဖုန်းအားသွင်းလို့ရမှာပါ။ ဒီလိုမျိုး Limit လုပ်ထားလိုက်ရင် ကိုယ်ရွေးထားတဲ့ Limit ကိုရောက်ပြီဆိုတာနဲ့ အလိုအလျောက် Disconnected ဖြစ်သွားမှာဆိုတော့ အားပြည့်လွန်ပြီး Battery Health ထိခိုက်မှာကို စိတ်ပူစရာမလိုတော့ပါဘူး။ ဒီ Feature လေးကို အသုံးပြုချင်တယ်ဆိုရင် အရင်ဆုံး Setting ထဲက Battery ထဲကိုဝင်လိုက်ပါ။ ပြီးရင် Battery Protection ထဲကိုထပ်ဝင်လိုက်မယ်။ ပေါ်လာတဲ့အထဲက Optimized Charging ကိုရွေးပြီး Charging Auto-Disconnect ကို On ပေးလိုက်ရုံပါပဲ။

Read More

Viber ကနေ ဝင်လာတဲ့ Message တွေကိုဖတ်ချင်တယ်.. ဒါပေမယ့် ကိုယ်ဝင်ကြည့်ထားတယ်ဆိုတာကိုလည်း မသိစေချင်ဘူးဆိုရင် အောက်ကနည်းလမ်းအတိုင်း လုပ်ထားလို့ရပါတယ်။ 1. ပထမဆုံး Viber ထဲက More ကို နှိပ်ပြီး 2. Setting ထဲဝင်လိုက်ပါ.. 3. Privacy ထဲဝင်ပြီး 4. Online Status/Read Receipts ထဲဝင်လိုက်မယ် 5. ဝင်ပြီးရင် Read Receipts မှာ On ဖြစ်နေတာလေးကို OFF လိုက်ပါ ဒါဆိုရင် Viber Message တွေကို Seen မပြပဲ ဖတ်လို့ရပါပြီ။

Read More

TikTok ကိုဖွင့်ပြီး FYP ကိုပွတ်လိုက်တာ Internet Data တွေ “ဝေါခနဲ၊ ဝေါခနဲ” ကျွတ်သွားတယ်ဆိုရင် TikTok Setting ထဲက Data Saver ကို ဖွင့်ထားပေးလိုက်ပါ။ ဘယ်လိုဖွင့်ရမလဲဆိုတော့ အရင်ဆုံး TikTok Profile ထဲကိုသွားပြီး Down Arrow ကိုနှိပ်လိုက်မယ်။ တစ်ချို့ဖုန်းတွေမှာတော့ မျဉ်းကြောင်း (၃) ကြောင်းပေါ်နေတတ်တယ်။အတူတူပါပဲ။ အဲ့ဒါတွေနှိပ်ပြီးသွားရင် ပေါ်လာတဲ့အထဲက Setting ကိုရွေးလိုက်မယ်။ အောက်ကိုနည်းနည်းဆွဲလိုက်ရင် Data Saver ကိုတွေ့လိမ့်မယ်။ အဲ့ထဲကို ဝင်ပြီး အဖွင့်အပိတ် Button ကို On ပေးလိုက်မယ်ဆိုရင် Data စား သက်သာသွားမှာပါ ဖြစ်ပါတယ်။

Read More

Camera အကြောင်းကနေ အစချီလိုက်ရအောင်။ Camera အသားပေးဖုန်းပီပီ Main Camera ကို 108MP သုံးပေးထားတယ်။ နောက်တစ်ခုက ဒီဈေးတန်းနဲ့ တခြား Brand မှာမရနိုင်တဲ့ 50MP Ultra Wide Camera ကိုသုံးပေးထားတာတော့ မိုက်တယ်။ ပုံရိုက်ဖို့ Frame မှာချိန်နေတုန်းတော့ ရုပ်ထွက်ပိုင်းက ထင်သလောက် အားရစရာကောင်းမနေပေမယ့် AI Camera တို့ထုံးစံအတိုင်း ရိုက်ပြီးထွက်လာတဲ့ပုံတွေကတော့ မဆိုးဘူးလို့ဆိုရမယ်။ Selfie ကိုလည်း 50MP သုံးပေးထားတော့ တစ်ကိုယ်တော်ပဲ Selfie ဆွဲဆွဲ၊ Group လိုက်ပဲ Selfie ဆွဲဆွဲ မျက်နှာငယ်စရာမလိုဘူးပေါ့။ ဒီဖုန်းက Vlog တွေရိုက်မယ်ဆိုရင် 2K Resolution အထိရတယ်။ ပြီးတော့ AI Focus ကိုဖွင့်ထားရင် Camera ချိန်လိုက်တာနဲ့ Auto Focus ဖြတ်ပေးတယ်။ အဲ့တော့ ရိုက်နေရင်း Focus Out သွားတာ၊ ဘာညာအတွက် စိတ်ပူစရာမလိုတော့ဘူးပေါ့။ မိုက်တဲ့အချက်နောက်တစ်ချက်က ဖုန်းနဲ့ Selfie Video ရိုက်နေရတယ်ဆိုပေမယ့် Hand Shake ဖြစ်ပြီး Video မငြိမ်ဖြစ်သွားတာမျိုး မတွေ့ရဘူး။ Dual Flash Tone လည်းပါတာမလို့ နေ့ရောညပါ Vlog ရိုက်တတ်သူတွေအတွက် အရမ်းအဆင်ပြေတယ်။ ဒီလောက်ဆိုရင်တော့ Vlog Phone လို့လက်ခံရလောက်တဲ့ အနေအထားမှာတော့ရှိတယ်ပေါ့နော်။ နောက်ထပ် Vlog Phone လို့ပြောနိုင်တဲ့အရာတစ်ခုလည်းပါသေးတယ်။ အဲ့တာကတော့ Vlog Template တွေပါလာတာပဲ။ ကိုယ့်စိတ်ကြိုက် Daily…

Read More

၂၀၂၄ မှာ Smartphone Brand အတော်များများက AI ဖုန်းတွေကို ချပြမိတ်ဆက်လာကြတယ်။ ဒီထဲ Oppo လည်းအပါအဝင်ဖြစ်ပြီး အကြောင်းတိုက်ဆိုင်စွာနဲ့ AI Phone ဆိုတဲ့ အမည် နဲ့ တွဲမြင်အခံရဆုံးဖြစ်နိုင်တဲ့ Series ဖြစ်တဲ့ Oppo Reno 12 Series ကို ချပြမိတ်ဆက်ခဲ့ပါတယ်။ ထူးထူးခြားခြားပဲ ဒီဖုန်းက စတင်မိတ်ဆက်ချိန်ကတည်းက အခြား Brand တွေထက် ပိုပြီး ရေပန်းစားသွားတယ်။ ဘာကြောင့်ပါလဲ ။ ဒီအကြောင်းကို အခု Review ရဲ့ အဆုံးမှာပြောပြပေးသွားမှာမလို့ ဖုန်းတစ်လုံးရဲ့ တန်ဖိုးကိုသတ်မှတ်ကြတဲ့ အခြားအပိုင်းတွေက စ အရင်ဆုံးပြောပြပေးပါမယ်။ အရင်ဆုံး ဒီဇိုင်းပိုင်းက စပြောရရင်တော့ ကြိုက်သူကော မကြိုက်သူပါရှိလောက်မယ့် Design မျိုးပါပဲ။ လူငယ်ဆန်ပြီး Innovative ဖြစ်တယ်လို့ ပြောနိုင်မယ့် Nebula Silver ၊ Space Brown ၊ Sunset Gold တို့ကို Modern ဖြစ်မယ့် Design Shape တွေနဲ့အသုံးပြုပေးထားတယ် ။ အတော်လေးလှပြီး ခေတ်ဆန်တယ်။ ဒါပေမယ့် Masculinity နည်းနည်း အားနည်းနေတဲ့ ဒီဇိုင်းမျိုးလို့ ပြောလို့ရတယ်။ ဒီအတွက်ကြောင့်ပဲ အမျိုးသမီးတွေကတော့ ပိုပြီးနှစ်သက်နိုင်တယ်။ အမျိုးသားတွေ သိပ်မကြိုက်ဘူးဖြစ်နေတာက ဒီအချက်ကြောင့်လို့ ပြောလို့ရတယ်။ Frame Type က Plastic Frame အမျိုးအစားဖြစ်ပြီးတော့မှ အကြမ်းခံနိုင်အောင် ပြုလုပ်ထားတယ်။ Curved Shape ကိုမှ Weight က…

Read More