Author: Anycall

Apple ကနေပြီး iOS 18.2Beta မှာ Volume ကို Limit လုပ်နိုင်တဲ့ Feature လေးတစ်ခုပါဝင်လာတော့မှာဖြစ်ပါတယ်။ iPhone ရဲ့ Sound and Haptics setting ထဲမှာ Volume Limit ဆိုတာလေးကကိုယ်လိုချင်တဲ့ အသံအတိုးအလျော့ကို စိတ်ကြိုက်ထားလို့ရနိင်မှာပဲဖြစ်ပါတယ်။ ဒီ Feature လေးကိုအသုံးပြုချင်ရင်တော့ Setting > Sound and Haptics > Volume Limit > Limit Maximum Volume ကို On ပေးလိုက်ရုံနဲ့ Slider ကို ကိုယ်လိုချင်တဲ့ Volume Percent မှာထားလိုက်လို့ရပါပြီ။ Maximum Volume ကို ကိုယ့်စိတ်ကြိုက်သတ်မှတ်ထားခြင်းဖြင့် သီချင်းတွေနားထောင်တဲ့အချိန်မှာအပြင် Movie တွေ၊ Game တွေဆော့တဲ့အချိန်မှာလည်း ကိုယ်နဲ့အဆင်ပြေမယ့်အသံအနေထားနဲ့ ထားလို့ရမှာမလို့ တော်တော်အဆင်ပြေစေမှာပါ။

Read More

iOS 18.2 မှာ iPhone 16 User တွေအတွက် အသုံးဝင်လာမယ့် Visual Intelligence Feature Visual Intelligence ဆိုတာက ကိုယ်ရဲ့ပတ်ဝန်းကျင်အကြောင်းကို လွယ်လွယ်ကူကူနဲ့သိစေမယ့် Feature လေးတစ်ခုဖြစ်ပါတယ်။ သူရဲ့လုပ်ဆောင်ချက်လေးက စားသောက်ဆိုင်တစ်ဆိုင်ကို ကိုယ့်ရဲ့ဖုန်းကင်မရာလေးနဲ့ချိန်လိုက်တာနဲ့ အဲ့ဒီဆိုင်ရဲ့ အစားအသောက် Menu တွေ၊ ဆိုင်ရဲ့ Review တွေအပြင် ဆိုင်ပိတ်ချိန် ဆိုင်ဖွင့်ချိန်ကိုပါ တိတိကျကျဖော်ပြပေးပါတယ်။ ဒါအပြင်… သူ့မှာ Google Search Integration လည်းပါလာသေးတယ်။ Google Search Integration ဆိုတာက ပစ္စည်းတစ်ခုခုကို ကိုယ့်ရဲ့ဖုန်းကင်မရာနဲ့ချိန်လိုက်ရုံနဲ့ အဲ့ဒီပစ္စည်းကိုဝယ်ယူလို့ရနိုင်တဲ့ နေရာတွေအပြင် အသုံးပြုပုံကအစ အသေးစိတ်ဖော်ပြပေးပါတယ်။ ဒီ Feature လေးတွေကတော့ iOS 18.2 မှာပါဝင်လာမှာဖြစ်ပါတယ်။

Read More

Apple ရဲ့ Live Listen လိုမျိုး Android ဖုန်းတွေမှာလည်း အဲ့ဒီလို Feature သုံးလို့ရတယ်ဆိုတာ သိပြီးပြီလား  Samsung ဖုန်းတွေမှာ Bluetooth နားကြပ်တစ်ခုခုသုံးပြီး ကိုယ့်ဖုန်းရဲ့အနီးနား ပတ်ဝန်းကျင်ကအသံကို နားကြပ်ကနေတစ်ဆင့်ပြန်နားထောင်လို့ရတဲ့ Function လေးတစ်ခု ပါပါတယ် ဥပမာ ကိုယ်ကအဲ့ဒီ Function လေးဖွင့်ပြီး ဖုန်းကို ခပ်ဝေးဝေးမှာထားလိုက်ရင်တောင်ဖုန်းရဲ့ဘေးနားကအသံတွေကို နားကြပ်ကနေ ရှင်းရှင်းလင်းလင်းကြားရတာမျိုးပါ ဒီ Function လေးရဲ့ အဓိက ရည်ရွယ်ချက်က Hearing Aid အနေနဲ့ အသုံးပြုနိုင်မှာဖြစ်လို့ အကြားအာရုံချို့တဲ့နေတဲ့ လူတွေအတွက် တကယ့်ကိုအသုံးဝင်စေတဲ့ Function လေးတစ်ခု ဖြစ်ပါတယ် ဒီ Feature လေးကိုသုံးဖို့ကတော့ အရင်ဆုံး Bluetooth နားကြပ်တစ်ခုခုကို ဖုန်းနဲ့ချိတ်ထားဖို့ လိုပါမယ်နော် Setting >> Accessibility >> Hearing Enhancements >> Amplify Ambient Sound ကိုဖွင့်လိုက်ရင်ရပါပြီ။

Read More

ဖုန်းထဲမှာ ပြောခဲ့တဲ့ အလုပ်ကိစ္စတွေကို ပြန် 𝐂𝐡𝐞𝐜𝐤 ဖို့ ဒါမှမဟုတ် ကိုယ်ချစ်ရတဲ့သူတွေနဲ့ ဖုန်းပြောထားတာလေးတွေကို အမှတ်တရအနေနဲ့ သိမ်းထားပြီး ပြန်နားထောင်နိုင်ဖို့ စသဖြင့် ဖုန်းပြောထားတာတွေကို 𝐑𝐞𝐜𝐨𝐫𝐝 လုပ်ဖို့အကြောင်းအရင်းတွေအများကြီးရှိပါတယ်။ တစ်လျှောက်လုံး 𝐂𝐚𝐥𝐥 𝐫𝐞𝐜𝐨𝐫𝐝𝐢𝐧𝐠 မရနေခဲ့တဲ့ 𝐢𝐎𝐒 𝐔𝐬𝐞𝐫 တွေအတွက် သတင်းကောင်းတစ်ခုကတော့ 𝐢𝐏𝐡𝐨𝐧𝐞 တွေမှာ𝐢𝐎𝐒 𝟏𝟖.𝟏 ကစပြီး 𝐂𝐚𝐥𝐥 𝐫𝐞𝐜𝐨𝐫𝐝𝐢𝐧𝐠 လုပ်လို့ရတော့မယ်ဆိုတာပါပဲ။ 𝐢𝐎𝐒 𝟏𝟖.𝟏 မှာ တစ်ယောက်ယောက်နဲ့ ဖုန်းပြောနေချိန် 𝐑𝐞𝐜𝐨𝐫𝐝𝐢𝐧𝐠 𝐢𝐜𝐨𝐧 လေးကို နှိပ်လိုက်တာနဲ့ 𝐑𝐞𝐜𝐨𝐫𝐝𝐢𝐧𝐠 စတင်မှာဖြစ်ပြီး နှစ်ဖက်လုံးကိုလည်း 𝐑𝐞𝐜𝐨𝐫𝐝 လုပ်နေကြောင်း အသိပေးမှာဖြစ်ပါတယ်။ ပိုပြီးစိတ်ဝင်စားစရာကောင်းတဲ့ အချက်က အဲ့ဒီ 𝐂𝐚𝐥𝐥 𝐑𝐞𝐜𝐨𝐫𝐝𝐢𝐧𝐠 တွေကို 𝐀𝐩𝐩𝐥𝐞 𝐈𝐧𝐭𝐞𝐥𝐥𝐢𝐠𝐞𝐧𝐜𝐞 ရဲ့ အကူအညီနဲ့ 𝐀𝐮𝐭𝐨 𝐓𝐫𝐚𝐧𝐬𝐜𝐫𝐢𝐩𝐭𝐢𝐨𝐧 လုပ်ပေးမှာဖြစ်ပါတယ်။ 𝐓𝐫𝐚𝐧𝐬𝐜𝐫𝐢𝐩𝐭 တွေကိုတော့ 𝐍𝐨𝐭𝐞 𝐀𝐩𝐩 ထဲမှာ 𝐒𝐚𝐯𝐞 ထားပေးမှာဖြစ်ပြီး 𝐀𝐢 𝐒𝐮𝐦𝐦𝐚𝐫𝐲 ပါပြန်ပြီးကြည့်လို့ရဦးမှာပဲဖြစ်ပါတယ်။ 𝐀𝐩𝐩𝐥𝐞 𝐈𝐧𝐭𝐞𝐥𝐥𝐢𝐠𝐞𝐧𝐜𝐞 မရတဲ့ ဖုန်းတွေမှာတော့ ဒီ 𝐅𝐞𝐚𝐭𝐮𝐫𝐞 ကိုသုံးလို့ရမှာမဟုတ်ပါဘူး။

Read More

𝐀𝐩𝐩𝐥𝐞 ဘက်က iOS 18.1 နဲ့အတူ 𝐀𝐩𝐩𝐥𝐞 𝐈𝐧𝐭𝐞𝐥𝐥𝐢𝐠𝐞𝐧𝐜𝐞 ကို 𝐋𝐚𝐮𝐧𝐜𝐡 လုပ်ထားပြီးပြီဆိုတော့ ဒီရက်ပိုင်းက တကယ့်ကို ရင်ခုန်စရာအချိန်လေးပါပဲနော်။ ဒါပေမယ့် 𝐀𝐩𝐩𝐥𝐞 𝐈𝐧𝐭𝐞𝐥𝐥𝐢𝐠𝐞𝐧𝐜𝐞 က 𝐃𝐞𝐯𝐢𝐜𝐞 အကုန်လုံးမှာသုံးလို့ရမှာမျိုးမဟုတ်ဘဲ ချွင်းချက်အချို့တော့ရှိနေပါသေးတယ်။ 𝐀𝐩𝐩𝐥𝐞 𝐈𝐧𝐭𝐞𝐥𝐥𝐢𝐠𝐞𝐧𝐜𝐞 ကိုသုံးနိုင်ဖို့အတွက် အဓိကလိုအပ်တဲ့အချက် (𝟔) ချက်ရှိပြီး …. 𝟏. ကိုယ်သုံးမယ့် 𝐃𝐞𝐯𝐢𝐜𝐞 က 𝐀𝐩𝐩𝐥𝐞 𝐈𝐧𝐭𝐞𝐥𝐥𝐢𝐠𝐞𝐧𝐜𝐞 ကို 𝐒𝐮𝐩𝐩𝐨𝐫𝐭 ဖြစ်ရမယ်။ 𝟐. 𝐢𝐎𝐒 𝟏𝟖.𝟏 အထက်ဖြစ်ရမယ်။ 𝟑. 𝐢𝐎𝐒 𝟏𝟖.𝟏 𝐔𝐩𝐝𝐚𝐭𝐞 တင်ပြီးရင် 𝐒𝐞𝐭𝐭𝐢𝐧𝐠 >> 𝐀𝐩𝐩𝐥𝐞 𝐈𝐧𝐭𝐞𝐥𝐥𝐢𝐠𝐞𝐧𝐜𝐞 𝐚𝐧𝐝 𝐒𝐢𝐫𝐢 >> 𝐉𝐨𝐢𝐧 𝐭𝐡𝐞 𝐀𝐩𝐩𝐥𝐞 𝐈𝐧𝐭𝐞𝐥𝐥𝐢𝐠𝐞𝐧𝐜𝐞 ထဲမှာ 𝐖𝐚𝐢𝐭𝐥𝐢𝐬𝐭 ကို 𝐉𝐨𝐢𝐧 ထားရမယ်။ 𝟒. 𝐒𝐭𝐨𝐫𝐚𝐠𝐞 အနည်းဆုံး 𝟒𝐆𝐁 𝐅𝐫𝐞𝐞 ဖြစ်ရမယ်။ (နောက်ပိုင်းမှာတော့ ဒီထက်ပို လိုလာနိုင်) 𝟓. 𝐃𝐞𝐯𝐢𝐜𝐞 𝐋𝐚𝐧𝐠𝐮𝐚𝐠𝐞 နဲ့ 𝐒𝐢𝐫𝐢 𝐋𝐚𝐧𝐠𝐮𝐚𝐠𝐞 ကို 𝐔𝐒 𝐄𝐧𝐠𝐥𝐢𝐬𝐡 ပဲထားထားရမယ်။ 𝟔. နောက်ဆုံးနဲ့ အရေးကြီးဆုံးကတော့ 𝐀𝐩𝐩𝐥𝐞 𝐈𝐧𝐭𝐞𝐥𝐥𝐢𝐠𝐞𝐧𝐜𝐞 က 𝐄𝐔 နဲ့ 𝐂𝐡𝐢𝐧𝐚 မှာ 𝐒𝐮𝐩𝐩𝐨𝐫𝐭 ဖြစ်ဦးမှာမဟုတ်လို့ မြန်မာအပါအဝင် အခြားနိုင်ငံတွေမှာပဲ သုံးလို့ရဦးမှာဖြစ်ပါတယ်။ ဒီအချက်လေးတွေအကုန်လုံးပြည့်စုံတယ်ဆိုရင်တော့ 𝐢𝐎𝐒 𝟏𝟖.𝟏 ကို 𝐔𝐩𝐝𝐚𝐭𝐞…

Read More

Apple က မိတ်ဆက်ပေးလိုက်တဲ့ Mac Mini အသစ်က ပိုပြီးသေးငယ်တဲ့ Design ပိုပြီး powerful ဖြစ်တဲ့ Feature တွေနဲ့ ထွက်ရှိလာပါပြီ Mac Mini M4 နဲ့ M4 Pro ဆိုပြီးထွက်ရှိလာပြီး နှစ်ခုလုံးရဲ့ Chip တွေကလည်း ကမ္ဘာ့အမြန်ဆုံး CPU Core ဖြစ်တာကြောင့် ကိုယ့်ရဲ့ လုပ်ဆောင်ချက်အားလုံးတိုင်းကို မြန်မြန်ဆန်ဆန်ပဲ လုပ်ဆောင်နိုင်မှာ ဖြစ်ပါတယ် Mac Mini က ဈေးနှုန်းတူ Desktop တွေနဲ့ နှိုင်းယှဉ်မယ်ဆိုရင်တောင် ၆ဆ ပိုမြန်ပါတယ်လို့ Apple ဘက်ကပြောထားပြီးတော့ GPU ကလည်း Powerful Feature ဖြစ်လာတာကြောင့် 3D Game တွေနဲ့ Graphic အတော်လေးကို အသုံးဝင်လာမှာ ဖြစ်ပါတယ် Apple ရဲ့ ပထမဆုံး Carbon-neutral Mac ဖြစ်လာတဲ့ Mac Mini က သေးသေးလေးနဲ့ ပိုကောင်းတဲ့ စွမ်းဆောင်ချက်တွေကို စွမ်းဆောင်နိုင်တော့မှာပါ ဒါ့အပြင် သူ့ရဲ့ Apple Intelligence ကလည်း ပို Smart ၊ ပိုကောင်းလာပြီး AI ကိုခိုင်းစေပြီး လုပ်မယ့် AI task တော်တော်များများကိုလည်း လုပ်ဆောင်နိုင်တာကြောင့် ကျောင်းသားတွေအပြင် Productivity သမားတွေအတွက်ပါ အသုံးဝင်လာမှာ ဖြစ်ပါတယ်

Read More

အမြဲလိုလို နားကြပ်တပ်ထားပြီး သီချင်းအကျယ်ကြီးနားထောင်တတ်တဲ့သူလား? ဒါဆိုရင် Apple ရဲ့ Sound Recognition ဆိုတဲ့ Feature လေးကို သိထားသင့်ပါတယ်။ Sound Recognition ဆိုတာက ပတ်ဝန်းကျင်ကအသံတွေကို ဖုန်းက Detect လုပ်ပြီး ကိုယ့်ကိုသတိပေးနိုင်တဲ့ Feature လေးပဲဖြစ်ပါတယ်။ ကလေးငိုတဲ့အသံ၊ ခွေးဟောင်တဲ့အသံ စတာတွေအပြင် Doorbell, Fire Alarm စတဲ့အသံတွေကအစ Detect လုပ်ပေးနိုင်တာကြောင့် နားကြပ်တပ်ပြီး သီချင်းအကျယ်ကြီးနားထောင်နေချိန် ရုတ်တရက် Fire Alarm ထမြည်တာကိုမသိလိုက်တာမျိုး၊ ဒါမှမဟုတ် မှာထားတဲ့ Deli ရောက်လာပြီး Doorbell တီးတာကို မကြားလိုက်ဘဲ လွတ်သွားတာမျိုးမဖြစ်နိုင်တော့ပါဘူး။ ဒီ Feature လေးကိုသုံးဖို့ဆိုရင် Setting >> Accessibility >> Sound Recognition >> Sounds ထဲမှာ ကိုယ်ကြိုက်တဲ့ အသံတွေကိုရွေးထားလိုက်ရုံပါပဲနော်။

Read More

လူတိုင်းရဲ့ ပါးစပ်ဖျားမှာ “𝐀𝐈 𝐀𝐈” ဆိုပြီးဖြစ်နေကြတဲ့အချိန် 𝐗𝐢𝐚𝐨𝐦𝐢 ကလည်း အားကျမခံ 𝐇𝐲𝐩𝐞𝐫𝐎𝐒 𝟐.𝟎 မှာ 𝐀𝐈 𝐟𝐞𝐚𝐭𝐮𝐫𝐞 တွေကို ထည့်သွင်းလာတယ်လို့ သိရပါတယ်။ ဒီ 𝐅𝐞𝐚𝐭𝐮𝐫𝐞 တွေထဲကမှ တော်တော်လေးမိုက်တဲ့ 𝐅𝐞𝐚𝐭𝐮𝐫𝐞 တစ်ခုကတော့ 𝐒𝐮𝐩𝐞𝐫𝐒𝐮𝐦𝐦𝐚𝐫𝐲 ဆိုတဲ့ 𝐅𝐞𝐚𝐭𝐮𝐫𝐞 ပဲဖြစ်ပါတယ်။ဒီ 𝐅𝐞𝐚𝐭𝐮𝐫𝐞 ကတော့ 𝐀𝐈 ကိုသုံးပြီး 𝐍𝐨𝐭𝐞𝐬 တွေ၊𝐀𝐫𝐭𝐢𝐜𝐥𝐞 အရှည်ကြီးတွေကို နားလည်လွယ်အောင် 𝐒𝐮𝐦𝐦𝐚𝐫𝐢𝐳𝐞 လုပ်ပြီး ချုံ့ပေးလိုက်တာမျိုးပါပဲ။ အဲ့ဒီအပြင် 𝐃𝐨𝐜𝐮𝐦𝐞𝐧𝐭𝐬 နဲ့𝐖𝐞𝐛 𝐏𝐚𝐠𝐞 တွေက စာတွေကို 𝐒𝐜𝐫𝐞𝐞𝐧𝐬𝐡𝐨𝐭 ရိုက်ပြီး လည်း 𝐒𝐮𝐦𝐦𝐚𝐫𝐲 တွေပြန်ထုတ်ပေးနိုင်ပါသေးတယ်။ ဒါကြောင့် စာဖတ်ဖို့အချိန်သိပ်မရှိတဲ့သူတွေ၊ စာအရှည်ကြီးဖတ်ရမှာပျင်းတဲ့သူတွေအတွက် အတော်လေးကိုအသုံးဝင်စေမယ့် 𝐅𝐞𝐚𝐭𝐮𝐫𝐞 လေးတစ်ခုပဲဖြစ်ပါတယ်။ ဒီ 𝐅𝐞𝐚𝐭𝐮𝐫𝐞 လေးကိုသုံးဖို့အတွက်ကတော့ 𝐍𝐨𝐭𝐞 𝐀𝐩𝐩 ကို 𝐕𝐞𝐫𝐬𝐢𝐨𝐧 𝟖.𝟓.𝟕 တင်ထားပေးရပါမယ်။ ပြီးရင် 𝐍𝐨𝐭𝐞 𝐀𝐩𝐩 >> 𝐒𝐞𝐭𝐭𝐢𝐧𝐠 >> 𝐐𝐮𝐢𝐜𝐤 𝐍𝐨𝐭𝐞 𝐒𝐞𝐭𝐭𝐢𝐧𝐠𝐬 ကို 𝐎𝐧 ထားပေးရပါမယ်။ ပြီးရင်တော့ ကိုယ်ကြိုက်တဲ့ 𝐖𝐞𝐛𝐬𝐢𝐭𝐞 ထဲက 𝐀𝐫𝐭𝐢𝐜𝐥𝐞 တွေကို 𝐒𝐜𝐫𝐞𝐞𝐧𝐬𝐡𝐨𝐭 ရိုက်လိုက်တာနဲ့  𝐂𝐫𝐞𝐚𝐭𝐞 𝐒𝐮𝐦𝐦𝐚𝐫𝐲 ဆိုတဲ့ 𝐎𝐩𝐭𝐢𝐨𝐧 လေး ပေါ်လာမှာဖြစ်ပြီး နှိပ်လိုက်ရုံနဲ့တင် 𝐍𝐨𝐭𝐞 𝐀𝐩𝐩 ထဲမှာ 𝐒𝐮𝐦𝐦𝐚𝐫𝐲 လုပ်ပေးထားပြီးသားဖြစ်မှာပါ။ 𝐇𝐲𝐩𝐞𝐫𝐎𝐒 𝟐.𝟎 ကလည်း စိတ်ဝင်စားစရာတွေနဲ့ပြည့်နေတာမလို့ ဘယ်လို 𝐅𝐞𝐚𝐭𝐮𝐫𝐞 တွေထပ်ပြီးပါလာဦးမယ်ဆိုတာကို တူတူစောင့်ကြည့်လိုက်ရအောင်။

Read More

ကိုယ့်ဖုန်းလေးနေမကောင်းဖြစ်လို့ 𝐒𝐞𝐫𝐯𝐢𝐜𝐞 အပ်ခဲ့ရပေမယ့် ဖုန်း 𝐏𝐚𝐬𝐬𝐰𝐨𝐫𝐝 ပေးခဲ့ရတဲ့အခါတွေမှာ ကိုယ့်ရဲ့ 𝐏𝐫𝐢𝐯𝐚𝐜𝐲 အတွက်စိတ်မအေး ဖြစ်နေရပြီဆိုရင် ဒါလေးတွေလုပ်ထားလိုက်ပါနော်.. 𝐒𝐞𝐜𝐨𝐧𝐝 𝐒𝐩𝐚𝐜𝐞𝐌𝐈 ဖုန်းတွေမှာဆိုရင် ကိုယ့်ရဲ့ 𝐃𝐚𝐭𝐚 တွေမရှိတဲ့ ဖုန်းအသစ်ပုံစံ 𝐏𝐫𝐨𝐟𝐢𝐥𝐞 တစ်ခုကိုပြပေးအောင်𝐒𝐞𝐜𝐨𝐧𝐝 𝐒𝐩𝐚𝐜𝐞 လို့ခေါ်တဲ့ 𝐅𝐞𝐚𝐭𝐮𝐫𝐞 ကိုဖွင့်ထားလို့ရပါတယ်ကိုယ်က Second Space ကို သီးသန့် Password နဲ့ Create လုပ်ထားပြီး Service သမားက ဖုန်းကိုစစ်ဖို့လိုအပ်တဲ့အခါမှာ ကိုယ်ကSecond Space Password ကိုပဲပေးထားလိုက်ရုံပါပဲ.. အခြား 𝐏𝐡𝐨𝐧𝐞 𝐁𝐫𝐚𝐧𝐝 တွေမှာလည်းMI ရဲ့ Second Space လို Feature တွေပါပါတယ် 𝐇𝐢𝐝𝐞 𝐀𝐩𝐩𝐬ကိုယ်က Service အပ်တဲ့အခါမှာ အရေးကြီးတဲ့ 𝐏𝐞𝐫𝐬𝐨𝐧𝐚𝐥 𝐃𝐚𝐭𝐚 တွေပါတဲ့Viber, Telegram တို့ကို ဖျက်လည်းမထားချင်ဘူး Log Out လုပ်ထားပေမယ့်လည်း စိတ်မချသေးဘူးဆိုရင်Third Party App တွေကိုသုံးပြီး Hide လုပ်လို့ရသလို တချို့ Mi ဖုန်းတွေမှာဆိုရင် Third Party App မပါပဲSetting > Manage App > Hide App ကနေတစ်ဆင့်Hide ထားလို့ရပါတယ်.. ဒါလေးတွေနဲ့ဆိုရင်တော့ ကိုယ့်ရဲ့ 𝐏𝐫𝐢𝐯𝐚𝐜𝐲 ကိုအထိုက်အလျောက် ကာကွယ်ထားနိုင်မှာဖြစ်ပါတယ်..

Read More

နောက်ဆုံးထွက်လာတဲ့ 𝐀𝐢𝐫𝐩𝐨𝐝 𝐒𝐨𝐟𝐭𝐰𝐚𝐫𝐞 𝐕𝐞𝐫𝐬𝐢𝐨𝐧 မှာ 𝐀𝐢𝐫𝐩𝐨𝐝 တွေကိုလက်နဲ့ထိစရာမလိုဘဲ ခေါင်းငြိမ့်ပြီးဖုန်းကိုင်တာ၊ခေါင်းခါပြီး ဖုန်းချတာတွေကို လုပ်လို့ရလာပါတယ်။ ဒီ 𝐆𝐞𝐬𝐭𝐮𝐫𝐞 လေးကတော့ပါးစပ်ကနေ 𝐒𝐢𝐫𝐢 ကို 𝐕𝐨𝐢𝐜𝐞 𝐂𝐨𝐧𝐭𝐫𝐨𝐥 နဲ့ ဖုန်းကိုင်ဖို့ မပြောချင်တဲ့အခါ၊ဆိုင်ကယ်မောင်းနေတဲ့အခါမျိုးတွေမှာ အရမ်းကိုအသုံးဝင်မှာဖြစ်ပါတယ်။ နောက်ပြီး 𝐀𝐢𝐫𝐩𝐨𝐝 𝐏𝐫𝐨 နဲ့ ဆူညံတဲ့နေရာတွေမှာ ဖုန်းပြောတဲ့အခါ အသံကို ကြည်ကြည်လင်လင်ကြားရအောင်လို့နည်းပညာမြှင့်ထားတဲ့ 𝐂𝐨𝐦𝐩𝐮𝐭𝐚𝐭𝐢𝐨𝐧𝐚𝐥 𝐀𝐮𝐝𝐢𝐨 ကိုသုံးပြီး ကိုယ့်အနားမှာရှိတဲ့ 𝐁𝐚𝐜𝐤𝐠𝐫𝐨𝐮𝐧𝐝 𝐍𝐨𝐢𝐬𝐞 တွေကိုဖယ်ရှားပေးမယ့် 𝐕𝐨𝐢𝐜𝐞 𝐈𝐬𝐨𝐥𝐚𝐭𝐢𝐨𝐧 ကိုလည်း ထည့်သွင်းပေးသွားဦးမှာပါ။ နောက်တစ်ချက်ကတော့ 𝐆𝐚𝐦𝐞𝐫 တွေအတွက် အကောင်းဆုံး 𝐆𝐚𝐦𝐢𝐧𝐠 𝐄𝐱𝐩𝐞𝐫𝐢𝐞𝐧𝐜𝐞 ရဖို့𝐕𝐨𝐢𝐜𝐞 𝐪𝐮𝐚𝐥𝐢𝐭𝐲 ကို ပိုကောင်းအောင်လုပ်ပေးထားပြီး ဂိမ်းသံတွေနောက်မကျအောင် 𝐋𝐚𝐭𝐞𝐧𝐜𝐲 ကိုလည်းအနည်းဆုံးဖြစ်အောင် လုပ်ပေးထားပေးပါသေးတယ်။ ဒါဆိုရင်တော့ ဒီပြောင်းလဲမှုအသစ်တွေကို Airpod User တွေသဘောကျမယ်လို့ထင်ပါတယ်

Read More