Author: Anycall

𝐗𝐢𝐚𝐨𝐦𝐢 𝐇𝐲𝐩𝐞𝐫𝐎𝐒 𝟐.𝟎 ရဲ့ 𝐑𝐞𝐥𝐞𝐚𝐬𝐞 𝐝𝐚𝐭𝐞 ကို အတိအကျ မသိရသေးပေမယ့် ဒီနှစ်ကုန်ပိုင်းလောက်မှာ ထွက်ရှိလာမယ်လို့ ခန့်မှန်းထားကြပါတယ်။ 𝐅𝐞𝐚𝐭𝐮𝐫𝐞 အသစ်တွေအများကြီးပါလာမယ်လို့ 𝐑𝐮𝐦𝐨𝐫 ထွက်နေပြီးအဲ့ဒီထဲက အကြိုက်မိဆုံးတစ်ခုကတော့ ကိုယ့်ပတ်ဝန်းကျင်က ဝှက်ထားတဲ့ ကင်မရာတွေကို ရှာဖွေပေးနိုင်မယ့် “𝐂𝐚𝐦𝐞𝐫𝐚 𝐒𝐜𝐚𝐧” ပါပဲ။ ကိုယ့်ပတ်ဝန်းကျင်က 𝐇𝐢𝐝𝐝𝐞𝐧 𝐂𝐚𝐦𝐞𝐫𝐚 တွေကိုချိတ်ထားတဲ့ 𝐍𝐞𝐭𝐰𝐨𝐫𝐤 ကတစ်ဆင့် ရှာပေးမယ့်𝐖𝐋𝐀𝐍-𝐁𝐚𝐬𝐞𝐝 𝐒𝐞𝐚𝐫𝐜𝐡, ဖုန်းရဲ့ ကင်မရာကနေပြီး ပတ်ဝန်းကျင်မှာရှိနေတဲ့ ကင်မရာ မီးအလင်းမှိန်မှိန်လေးတွေကိုရှာပေးမယ့် 𝐄𝐧𝐯𝐢𝐫𝐨𝐧𝐦𝐞𝐧𝐭𝐚𝐥 𝐒𝐜𝐚𝐧စတဲ့ပုံစံမျိုးတွေနဲ့ 𝐃𝐞𝐭𝐞𝐜𝐭လုပ်ပေးနိုင်မယ့် 𝐅𝐞𝐚𝐭𝐮𝐫𝐞 တစ်ခုပဲဖြစ်ပြီး ကိုယ့် 𝐏𝐫𝐢𝐯𝐚𝐜𝐲 ကို ပိုပြီးကာကွယ်ပေးနိုင်မှာဖြစ်ပါတယ်။ ဒီ 𝐅𝐞𝐚𝐭𝐮𝐫𝐞 လေးသာ တကယ်ပါလာမယ်ဆိုရင်တော့တကယ့်ကို အတော်လေး အသုံးဝင်မှာအသေအချာပါပဲ။

Read More

မကြာသေးခင်က ကြားခဲ့ရတဲ့သတင်းတွေအရ iOS 18.1 ဟာ October 28 မှာ ထွက်ရှိလာတော့မှာဖြစ်ပြီး ဒီ Update မှာတော့ Apple Intelligence ရဲ့ ကနဦး Features တွေကိုပါ သုံးလို့ရလာတော့မှာဖြစ်ပါတယ်။ Apple Intelligence ကိုတော့ အရင်ကတည်းက Announce လုပ်ခဲ့သလိုပဲ iPhone 15 Pro Series နဲ့ iPhone 16, 16 Pro Series တွေမှာပဲ သုံးလို့ရမှာဖြစ်ပြီး လက်ရှိ iOS 18 အထိတော့ အသုံးပြုလို့မရသေးပါဘူး။ iOS 18.1 မှာ ကနဦးအနေနဲ့ Apple Intelligence ရဲ့ Enhanced writing tools, A new Siri user interface, Noti  တွေကို Summarize လုပ်ပေးနိုင်တဲ့ Notification Summaries, Photos App ထဲက ဓာတ်ပုံတွေကို Edit ရာမှာ မလိုချင်တဲ့ Element တွေကို ဖယ်ထုတ်ပေးနိုင်တဲ့ Clean Up Tool စတဲ့ Feature တွေကိုပဲ သုံးနိုင်ဦးမှာဖြစ်ပါတယ်။ ကျန်တဲ့ Chat GPT support, Image Playground, Genmoji Feature နဲ့ Siri ရဲ့ ပိုပြီး အဆင့်မြှင့်ထားတဲ့ Version ကိုတော့ နောက်ထပ် Update အသစ်ဖြစ်တဲ့ iOS 18.2…

Read More

September 16 မှာ ထွက်ရှိခဲ့တဲ့ Apple ရဲ့  iOS 18 က အတော်လေးကို မိုက်တဲ့ Feature တွေ ပါလာခဲ့ပေမယ့်  တစ်ဖက်မှာလည်း Bugs တွေ၊ Error လေးတွေရှိနေခဲ့ပါတယ်။ အခုနောက်ဆုံးထွက်ရှိလာတဲ့ iOS 18.0.1 မှာတော့  တစ်ချက်တစ်ချက် Touch လွတ်တဲ့ Error, Camera နဲ့ Video ရိုက်နေရင်း Freeze သွားတဲ့ Error, Message ပို့ရင်း ပြန်ပြန်ထွက်သွားတဲ့ Error စတဲ့ Error လေးတွေကို ပြန်ပြင်ပေးထားတာမလို့ Apple User လေးတွေအနေနဲ့ သေချာပေါက် Update တင်ဖို့ Recommend ပေးပါတယ်နော်။  Settings >> General >> Software Update မှာ Install Now ကိုနှိပ်ပြီး Update တင်လိုက်လို့ရပါပြီ။

Read More

September လထဲမှာထွက်ရှိခဲ့တဲ့ Apple Watch OS11 က စိတ်ဝင်စားစရာ Feature တွေနဲ့ပြည့်နေခဲ့ပြီး သဘောကျစရာ Feature အသစ်တစ်ခုကတော့ Translation App ပဲဖြစ်ပါတယ်။ ဒီထဲမှာဆိုရင်တော့ ဘာသာစကား အမျိုး 20 လောက်ထိ Support လုပ်ပေးမှာဖြစ်ပြီး Internet ရှိရုံနဲ့ ဖုန်းတွေမလိုတော့ဘဲ Watch နဲ့တင် Translate လုပ်လို့ရပြီပဲဖြစ်ပါတယ်။ ဒီ Feature လေးကိုသုံးဖို့အတွက်တော့ Translate App ထဲက ကိုယ် Translate လုပ်ချင်တဲ့ Language ကို Swap button နဲ့ ရွေးလိုက်မယ်။ Microph‌one button ကိုနှိပ်ပြီး တစ်ခုခုပြောလိုက်ရုံပါပဲ။ ပြီးရင်တော့ Play button ကို နှိပ်ပြီး Translate ထားတဲ့အသံတွေကို ပြန်နားထောင်လို့ရပါတယ်။ Translation တွေကို Autoplay ဖို့အတွက်ကတော့ More Options button>>Play Translations ကို နှိပ်ထားရပါမယ်။ Translate လုပ်တဲ့အခါမှာ Typing နဲ့ပါ Translate လုပ်လို့ရပါတယ်။ More Options button>> Mode of Input >>Keyboard ကိုရွေးလိုက်ရင်ရပါပြီ။

Read More

Apple က နှစ်နှစ်လောက်အဖက်မလုပ်ဘဲပစ်ထားခဲ့တဲ့ iPhone SE Series က 2025 ရဲ့ အစောပိုင်းမှာ iPhone SE 4 နဲ့အတူ ပြန်ရောက်လာမယ်လို့သတင်းတွေကြားနေရပါတယ်။ Rumors တွေအရတော့ iPhone SE 4 ရဲ့ Design ပိုင်းက iPhone 14 နဲ့ ဆင်တူပြီး 6.08 inches ဝန်းကျင် OLED Display, အပေါ်ပိုင်းမှာ Notch နဲ့ Touch ID နေရာအစား Full Screen Display အဖြစ်ပြောင်းသွားတော့မှာဖြစ်ပါတယ်။ Touch ID နေရာဖြုတ်လိုက်တာကြောင့် iPhone SE 4 မှာ Touch ID အစား Face ID ကိုသုံးထားပေးမယ်လို့ကြားနေရပါတယ်။ SoC ပိုင်းမှာလည်း iPhone 16 မှာသုံးပေးထားတဲ့ SoC အတိုင်းပဲ 8GB Ram, A 18 Chip နဲ့ 5 Core GPU ကိုသုံးပေးထားတာကြောင့်အတော့်ကို ကြမ်းမယ့် Phone တစ်လုံးဖြစ်လာတော့မှာပါ။ SE 4 အကြောင်း သိရသမျှထဲမှာ အလန်းဆုံးအချက် နှစ်ချက်ရှိပါတယ်။ ပထမတစ်ချက်က‌တော့ iPhone SE 4 မှာ Apple Intelligence ကို သုံးလို့ရမယ်ဆိုတဲ့ အချက်ပါပဲ။ လက်ရှိ iPhone 15 Pro Series နောက်ပိုင်းဖုန်းတွေမှာသာ Apple Intelligence ကိုသုံးလို့…

Read More

Apple ရဲ့ 15 Pro Series မှာ ရိုးရိုး Video တွေကို 4K,60fps အနေနဲ့ ရိုက်ကူးနိုင်ခဲ့ပါတယ်။ Slow Motion Video တွေကိုတော့ 1080p HD,240fps နဲ့သာ ရိုက်ကူးနိုင်ခဲ့ပေမယ့် iPhone 16 Pro Series မှာ ရိုးရိုး Video တွေကိုသာမက Super Slow-Motion Video တွေကိုပါ 4K,120fps နဲ့ရိုက်ကူးလို့ရနေပါပြီ။ iPhone 16 Pro Series ကို သုံးနေတဲ့သူတွေအတွက်တော့ ဒီအချက်က အတော့်ကိုသဘောကျစရာကောင်းပါတယ်။ ဒါပေမယ့် တစ်ခုသိထားရမှာကတော့ 4K,120fps နဲ့ အတော်လေး မြန်တဲ့ Video တွေ (ဥပမာ- ပေါက်ကွဲမှုတွေ၊ Helicopter ရဲ့ Blade တွေ) စတာတွေကို အနှေးပြကွက်နဲ့ ဒရာမာဆန်ဆန် ရိုက်ကူးချင်တဲ့ အချိန်မျိုးတွေမှာ အဓိက သုံးသင့်ပါတယ်။ 4K,120fps နဲ့ Slow-Motion Video တွေရိုက်ကူးမယ်ဆိုရင် တစ်မိနစ်စာ Video ကို File size 800mb ဝန်းကျင်လောက် ရှိမှာပဲဖြစ်ပါတယ်။ ဘယ်လိုပဲဖြစ်ဖြစ် ဒီလိုမျိုးခပ်မိုက်မိုက် Video တွေကို ရိုက်ကူးချင်တယ်ဆိုရင်တော့ Setting >> Camera >> Record Slo-mo >> 4K,120fps ကိုရွေးလိုက်ရင်ရပါပြီ။

Read More

နေ့စဉ်ဘဝမှာ Ai တွေက သိသိသာသာနေရာယူလာကြပြီး Ai Company တွေကလည်း နည်းပညာအသစ်တွေကို အပြိုင်အဆိုင်ချပြလာကြပါတယ်။ Google ကလည်း လွန်ခဲ့တဲ့ရက်ပိုင်းမှာ သူတို့ရဲ့ Gemini Ai ကိုအဆင့်မြှင့်တင်ထားတဲ့ Gemini Live ကို Android User တွေအကုန်လုံး Free သုံးလို့ရပြီဆိုပြီး ချပြလာခဲ့ပါတယ်။ Gemini Live ဆိုတာကတော့ ကိုယ့်ရဲ့ သူငယ်ချင်းတစ်ယောက်နဲ့ စကားပြောသလိုမျိုး Conversation တွေဖန်တီးတာ Research လုပ်တာ အကြံဉာဏ်တောင်းတာ ဆွေးနွေးတိုင်ပင်တာ စတာမျိုးတွေလုပ်လို့ရတဲ့ AI ChatBot တစ်ခုပဲဖြစ်ပါတယ်။ Gemini Live နဲ့စကားပြောရာမှာ လေယူလေသိမ်းကအစ လူတစ်ယောက်နီးပါး ကောင်းမွန်တာကိုတွေ့ရပြီး အားနည်းချက်တစ်ခုကတော့ လက်ရှိမှာ English ဘာသာတစ်မျိုးတည်းကိုပဲ Support ပေးဦးမှာပဲဖြစ်ပါတယ်။ ဒါကြောင့်မို့ Android User တွေအနေနဲ့ Google ရဲ့ Gemini Live ကိုစမ်းသုံးကြည့်ကြဖို့ အကြံပြုလိုက်ပါတယ်နော်။

Read More

iOS 18 ရဲ့ ဒီ Feature အသစ်လေးကတော့ Apple Music နဲ့သီချင်းတွေဖွင့်တဲ့အခါ သီချင်းရဲ့ သံစဉ်အတိုင်း Vibrate လုပ်ပေးနေမှာ ဖြစ်ပါတယ်။ Apple Music, Apple Music Classical, Shazam စတဲ့ Platform တွေအပြင် အချို့သောThird-party apps တွေက သီချင်းတွေနားထောင်ရင်လည်း ဒီ Feature ကိုသုံးလို့ရမှာဖြစ်ပါတယ်။ ဒီ Feature ရဲ့အဓိက ရည်ရွယ်ချက်ကတော့ အကြားအာရုံအားနည်းတဲ့သူတွေအနေနဲ့ သီချင်းရဲ့ စည်းချက်တိုင်းကို လိုက်ပါစီးမျောနိုင်စေဖို့ပဲဖြစ်ပြီး အတော်လေးအသုံးဝင်စေမယ့် Feature လေးတစ်ခုလည်းဖြစ်ပါတယ်။ Music Haptics ကိုဖွင့်ထားဖို့အတွက်တော့ Setting > Accessibility > Music Haptics ဆိုတာလေးကို ဖွင့်ထားပေးလိုက်ရုံပါပဲနော်။ တစ်ခုသတိထားရမှာကတော့ ဒီ Music Haptic Feature လေးက iPhone 12 series နဲ့နောက်ပိုင်း iOS 18 တင်ထားတဲ့ ဖုန်းတွေနဲ့ iPhone SE (3rd generation) အတွက်သာ Support ပေးတာဖြစ်ပြီး အခြား Device တွေမှာတော့ သုံးလို့ရမှာ မဟုတ်ပါဘူး။

Read More

“သူ” ဆိုတာကတော့ iOS 18 မှာ ပါလာတဲ့ Video Recording Pause လုပ်လို့ရတဲ့ Feature အသစ်လေးပဲဖြစ်ပြီး Video ရိုက်နေချိန်မှာ Pause လုပ်နိုင်တဲ့ အရမ်းအသုံးဝင်တဲ့ Feature တစ်ခုပဲဖြစ်ပါတယ်။ အရင်က Video ရိုက်ရင် အမြဲပြန်ပြီး Edit ရတာတွေကြောင့် အချိန်ကုန်ရတာမျိုးတွေရှိပေမဲ့ အခုတော့ ဒီ Feature လေးနဲ့ ကိုယ့်စိတ်ကြိုက် ခဏခဏ Pause လုပ်လို့ရပြီဖြစ်တာကြောင့် အများကြီး ပိုအဆင်ပြေလာပါတယ်။ ဒီ Feature ကို အသုံးပြုဖို့ကတော့ Video ရိုက်နေတဲ့ အချိန်မှာ Video Recording Button ရဲ့ ဘယ်ဘက်ခြမ်းမှာရှိတဲ့ Pause Button လေးကို နှိပ်လိုက်ရုံပါပဲ။

Read More

ကိုယ်စိတ်ဝင်စားတဲ့ သတင်းလေးမှာ စျာန်ဝင်နေတုန်း ရုတ်တရက် ပေါ်ပေါ်လာတတ်တဲ့ Ads တွေကြောင့် စိတ်ရှုပ်ရနေရပြီဆိုရင် ဒီနည်းလေးအတိုင်း ဖြေရှင်းလို့ရပါတယ်။ ပထမဆုံး Setting ထဲက Safari ထဲကိုဝင်မယ်။ ပြီးရင် Block Pop Up ကို On ပေးလိုက်မယ်။ Back ထွက်ပြီးတာနဲ့ Google Chrome ထဲဝင်ပြီး Setting ကိုနှိပ်လိုက်မယ်။ Content Setting ထဲတစ်ချက်ဝင်လိုက်ပြီး Block Pop Up ကို On ပေးလိုက်ရုံပါပဲ။

Read More