Subscribe to Updates
Get the latest creative news from FooBar about art, design and business.
Author: Anycall
ဖုန်းပြောနေတဲ့အချိန်မှာ ပတ်ဝန်းကျင်ကအသံတွေ အရမ်းဆူလာတယ်ဆိုရင် ကိုယ်ပြောတဲ့အသံကို ဟိုဘက်ကမကြားရဘဲ ပြန်ပြန်ပြောပြနေရတာ အတော့်ကို စိတ်ညစ်စရာ ကိစ္စပါပဲ။ တစ်ခါတလေ စိတ်မရှည်လို့ အသံအကျယ်ကြီး အော်အော် ပြောရတာလည်း လုံးဝ မမိုက်ပါဘူး။ ဒီလိုပြသနာတွေအတွက် iPhone User တွေမှာ ဖြေရှင်းနည်းရှိပါတယ်နော်။ ဖုန်းပြောနေရင်း ဒီဘက်ကအသံတွေဆူနေတဲ့ အချိန်မျိုးမှာဆိုရင် Notification bar လေးကို ဆွဲချပြီးတော့ Control Center ထဲက Mic Mode ကိုနှိပ်ပြီး Voice isolation ကို ရွေးလိုက်ရင် ရပါပြီနော်။ Voice Isolation ကို On ထားပြီဆိုရင်တော့ ကိုယ့်ဘေးနားမှာ ဆူနေတဲ့ အသံလေးတွေကို တတ်နိုင်သမျှ လျှော့ချပေးသွားမှာဖြစ်လို့ ဖုန်းပြောတဲ့အခါ အတော်လေးအဆင်ပြေစေမှာပဲဖြစ်ပါတယ်။
iOS 18 မှာ နောက်ထပ် မိုက်တဲ့ Feature တစ်ခုကတော့ 𝐅𝐥𝐚𝐬𝐡𝐥𝐢𝐠𝐡𝐭 ရဲ့ အလင်းအားကို ကိုယ်ကြိုက်သလို ချိန်ညှိလို့ရတဲ့အပြင် အလင်းဖြာထွက်တဲ့ပုံစံကိုပါ ပြန်ပြီး Adjust လုပ်နိုင်တာပဲဖြစ်ပါတယ်။ ဒီ 𝗙𝗲𝗮𝘁𝘂𝗿𝗲 လေးကတော့ ဖုန်းအားနည်းပြီး 𝐅𝐥𝐚𝐬𝐡𝐥𝐢𝐠𝐡𝐭 ဖွင့်ဖို့လည်း လိုအပ်နေတဲ့အချိန်မှာ အားအရမ်းမကုန်စေချင်ရင် သုံးလို့ရသလို တရေးနိုးလို့ 𝐅𝐥𝐚𝐬𝐡𝐥𝐢𝐠𝐡𝐭 ဖွင့်ရင်လည်း အလင်းအားကြောင့် မျက်လုံးမစူးအောင် သုံးလို့ရပါတယ်။ဒါ့အပြင် ကိုယ် Focus ထားချင်တဲ့နေရာဆီ အလင်းရောင်ကို စုထားလိုက်လို့လည်းရပါတယ်။ ဒီလိုမျိုး ချိန်ညှိပြီးသုံးချင်တယ်ဆိုရင်တော့ Control Centre ပေါ်က 𝐅𝐥𝐚𝐬𝐡𝐥𝐢𝐠𝐡𝐭 𝐈𝐜𝐨𝐧 ကို ဖိထားပြီး ပေါ်လာတဲ့ 𝐋𝐞𝐯𝐞𝐥 လေးကို ကိုယ့်စိတ်ကြိုက် အပေါ်အောက် ဘယ်ညာဖိထားပြီး သတ်မှတ်ပေးလိုက်ရုံပါပဲ ဒါဆိုရင်တော့ 𝗖𝗼𝗻𝘁𝗿𝗼𝗹 𝗖𝗲𝗻𝘁𝗲𝗿 ကိုဆွဲချပြီး ဒီ 𝗙𝗲𝗮𝘁𝘂𝗿𝗲 လေးကို အခုပဲစမ်းသုံးကြည့်လိုက်ပါနော်။
iOS 18 ရဲ့ iMessage မှာSchedule လုပ်ပြီး Message ပို့ဖို့ကို အရင်လို Shortcut ကြီးတွေနဲ့ ခက်ခက်ခဲခဲ လုပ်နေစရာမလိုတော့ပါဘူး.. iMessage ထဲမှာပဲ အလွယ်တကူ Schedule လုပ်လို့ရသွားပြီဖြစ်ပါတယ်.. ပထမဆုံး iMessage မှာ ကိုယ်ပို့မယ့် Message ကိုရေးလိုက်ပြီး Add Icon “+” လေးကိုနှိပ်လိုက်ပါမယ် ပြီးရင် More ကိုနှိပ်ပါ.. Send Later ကိုနှိပ်လိုက်ပါ.. ကဲ ဒါဆိုရင်တော့ Date လေးကိုနှိပ်ပြီး ကိုယ်ကြိုက်တဲ့ Date,Time ကိုရွေး ကိုယ်ပို့ချင်တဲ့အချိန်ကို Schedule နဲ့ ပို့လို့ရပြီပဲဖြစ်ပါတယ်။
iOS 18 ရဲ့ Control Center Customization Feature ကိုအတော်လေး သဘောကျတယ်ဟုတ်? Control Center ကို ကိုယ့်စိတ်ကြိုက် ဟိုဟိုဒီဒီ Customize ပြန်လုပ်ကြည့်ရတာ အတော်တော့ ပျော်စရာကောင်းမှာအသေအချာပါပဲ။ ဒါပေမယ့် ပျော်စရာမကောင်းတဲ့အပိုင်းကတော့ ကိုယ့်စိတ်ကြိုက် Customize လုပ်ပြီး ရှုပ်ယှက်ခတ်သွားတဲ့အချိန်ပါပဲ။ နဂိုအတိုင်း တစ်ခုချင်းစီ ကိုယ့်ဘာသာပြန်ပြင်လည်း အတော်လေးပျင်းစရာကောင်းပါတယ်။ ဒီလိုမျိုးတွေအတွက် iOS 18.1 မှာအဆင်ပြေမယ့် Setting လေးတစ်ခုရှိပါတယ်။ Setting>>Control Center>>Reset Control Center လေးကို နှိပ်လိုက်ရုံပါပဲ။ ဒါဆိုရင်တော့ ကိုယ်ရှုပ်ထားတဲ့ အရှုပ်လေးတွေကို တစ်ခါတည်းနဲ့ နဂိုအတိုင်း ရှင်းရှင်းလေးပြန်ထားလို့ရပါပြီ။
𝐢𝐎𝐒 𝐔𝐬𝐞𝐫 တွေအတွက် 𝐢𝐂𝐥𝐨𝐮𝐝 𝐄𝐦𝐚𝐢𝐥 ပြောင်းဖို့ဆိုတာက အင်မတန်ကိုအလုပ်ရှုပ်တဲ့ ကိစ္စတစ်ခုပဲမဟုတ်လား။ 𝐏𝐫𝐢𝐦𝐚𝐫𝐲 𝐄𝐦𝐚𝐢𝐥 အဟောင်းကို ဖျက်၊ အသစ်ပြန်ထည့်၊ 𝐕𝐞𝐫𝐢𝐟𝐢𝐜𝐚𝐭𝐢𝐨𝐧 ပြန်လုပ်စသဖြင့် အတော့်ကိုအချိန်ကုန်တာပါ။ ဒါပေမယ့် 𝐢𝐎𝐒 𝟏𝟖.𝟏 မှာ ဒါတွေအကုန်အေးဆေးပဲနော်။ 𝐏𝐫𝐢𝐦𝐚𝐫𝐲 𝐄𝐦𝐚𝐢𝐥 ဆိုတဲ့ 𝐎𝐩𝐭𝐢𝐨𝐧 တစ်ခုပါလာပြီးကိုယ်ထားချင်တဲ့ 𝐄𝐦𝐚𝐢𝐥 ကို 𝐏𝐫𝐢𝐦𝐚𝐫𝐲 အဖြစ်လွယ်လွယ်ကူကူ ပြောင်းထားလို့ရပါပြီ။ ဒါ့အပြင် ကိုယ့် 𝐢𝐂𝐥𝐨𝐮𝐝 𝐏𝐫𝐢𝐦𝐚𝐫𝐲 𝐄𝐦𝐚𝐢𝐥 ကိုသူများတွေ မသိစေချင်တဲ့အခါ 𝐀𝐥𝐢𝐚𝐬 (အမည်ဝှက် 𝐄𝐦𝐚𝐢𝐥) တစ်ခုနဲ့သုံးမယ့်အစား𝐢𝐎𝐒 𝟏𝟖.𝟏 မှာ 𝐏𝐫𝐢𝐦𝐚𝐫𝐲 𝐄𝐦𝐚𝐢𝐥 ကို လုံးဝပြောင်းလိုက်လို့ရပြီမလို့ အဲ့ဒီလို ပြသနာမျိုးတွေလည်းရှိတော့မှာမဟုတ်ပါဘူး။
Ai တွေ အရမ်းခေတ်စားလာတဲ့အချိန်မှာ ကိုယ်ကခေတ်နောက်ကျကျန်ခဲ့လို့ မဖြစ်ပါဘူး။ ဒါကြောင့် Ai Tools တွေထဲက သဘောကျစရာကောင်းတဲ့ Ai Tool တစ်ခုကို ပြောပြချင်ပါတယ်။ အဲ့တာကတော့ Ideogram Ai ပါပဲ။ကိုယ့်ရဲ့ စိတ်ကူးတွေကို ရုပ်ပုံတွေအဖြစ်ဖန်တီးဖို့ဆိုရင် ဒီ Ai လေးက အတော်မိုက်ပါတယ်။ စမ်းသုံးကြည့်ချင်တယ်ဆိုရင်တော့ အရင်ဆုံး Browser မှာ Ideogram.Ai လို့ရှာလိုက်ပါမယ်။ ပြီးရင် ကိုယ်ဖွင့်မယ့် account ကိုရွေးပြီး Username ကိုရေးပါမယ်။ Website ထဲရောက်ရင် အပေါင်းလက္ခဏာပုံလေးကို နှိပ်လိုက်ပါ။ နှိပ်လိုက်ပြီးရင် ကိုယ်ကြိုက်တဲ့ ပုံကို ဘယ်လိုပုံစံနဲ့ ထုတ်ချင်လဲ ရုပ်ရှင်ဆန်ဆန်လား ပန်းချီဆန်ဆန်လား ကြိုက်တာရွေးလို့ရပါတယ်။ ပြီးတော့ ကိုယ်ထုတ်ချင်တဲ့ ပုံဆိုဒ်ကို Aspect Ratio မှာ ရွေးလို့ရပါတယ်.. “What do you want to create?” မှာကိုယ်လိုချင်တဲ့ Idea ကို ရေးလိုက်ပါမယ်။ နောက်ဆုံး Generate လိုက်မယ်ဆိုရင်တော့ အရမ်းမိုက်တဲ့ပုံလေးတွေ ထွက်လာမှာပဲဖြစ်ပါတယ်။
Google Pixel နဲ့ Samsung ဖုန်းတွေပေါ်မှာ စတင်မိတ်ဆက်ခဲ့တဲ့ Google ရဲ့ Circle To Search က အခုဆိုရင် Xiaomi ရဲ့ 14T Series နဲ့ Xiaomi Mix Flip ဖုန်းတွေမှာပါ သုံးလို့ရလာတော့မှာဖြစ်ပါတယ်။ အရင်ကဆိုရင် လိုင်းသုံးနေရင်း တွေ့မိတဲ့ ဓာတ်ပုံကနေ တစ်ခုခုကိုသိချင်တယ်ဆိုရင် ပုံကို Save တာပဲဖြစ်ဖြစ် Screenshot ရိုက်တာပဲဖြစ်ဖြစ် အရင်လုပ်ပြီးမှ Google Lens လိုမျိုး Search Engine တစ်ခုခုသုံးပြီးမှ ရှာခဲ့ရတာပဲဖြစ်ပါတယ်။ ဒီ Feature ကတော့ ဓာတ်ပုံတွေကနေပြီး ကိုယ်သိချင်တဲ့ အကြောင်းအရာတစ်ခုခုရှိတယ်ဆိုရင် Screenshot ရိုက်တာ Save တာတွေလုပ်စရာမလိုတော့ပဲ Circle To Search ကို Activate လုပ်ပြီး ကိုယ်သိချင်တဲ့အပိုင်းကို စက်ဝိုင်းလေးဝိုင်းလိုက်ရုံနဲ့ အဲ့ဒီအရာနဲ့ပတ်သက်တဲ့ Data တွေအကုန်လုံးကိုရှာလို့ရမှာပဲဖြစ်ပါတယ်။ Circle To Search ကိုသုံးဖို့ဆိုရင်တော့ ဖုန်းကို Software Update နောက်ဆုံး Version တင်ထားပေးရပါမယ်။ ပြီးရင်တော့ Home Button ကိုဖိထားပြီး ကိုယ်ရှာချင်တဲ့အပိုင်းကို စက်ဝိုင်းလေး ဝိုင်းလိုက်ရုံပါပဲ။ Circle To Search Feature ကို လက်ရှိမှာတော့ Xiaomi Mix Flip နဲ့ Xiaomi 14T Series တွေမှာပဲ သုံးလို့ရဦးမှာဖြစ်ပြီး နောက်ပိုင်းမှာတော့ အခြား Model တွေမှာပါ သုံးလို့ရလာနိုင်ပါတယ်။
Game ဆော့တဲ့အခါ Smooth ဖြစ်ဖို့ အသံနောက်မကျဖို့ Performance ကောင်းဖို့ဆိုတာတွေက Gamer တွေအတွက်တော့ တကယ့်ကို အရေးကြီးတဲ့ အချက်တွေပါပဲ။ ဒီလို Performance ကောင်းဖို့ အတွက် iPhone User တွေအနေနဲ့ လူပြောသိပ်မများသေးတဲ့ Game Mode ကို အသုံးချနိုင်တဲ့အကြောင်းပြောပြချင်ပါတယ်။ Game တစ်ခုခုထဲ ဝင်လိုက်တာနဲ့ Auto On ပေးမှာဖြစ်ပြီး ဝင်ဝင်ချင်းမှာ Game Mode On ဆိုတဲ့ Status လေးကျလာမှာဖြစ်ပါတယ်။ အဲ့ဒီအချိန်မှာ ကိုယ်က Off ချင်ရင်လည်း အဲ့ဒီ Status လေးကို နှိပ်လိုက်ပြီး Off လိုက်လို့ရပါတယ်။ ဒါပေမယ့် Game mode ကို On ထားပြီး Game ဆော့မယ်ဆိုရင်တော့ အချို့အချက်လေးတွေမှာ ပိုကောင်းလာမှာဖြစ်ပါတယ်။ 1. ပုံမှန်အတိုင်းဆော့တာထက် Gameplay ကပိုပြီး Smooth ဖြစ်မယ်။Frame Rate အမြင့်ထားပြီး နာရီနဲ့ချီ Game ဆော့မယ်ဆိုရင်တောင် အဆင်ပြေပြေ ဆော့လို့ရမယ်။ 2. Bluetooth Controller တွေနဲ့ ချိတ်ပြီးဆော့မယ်ဆိုရင်လည်း Response ကောင်းကောင်းနဲ့ ဆော့လို့ရမယ်။ 3. AirPods Pro 2 နဲ့ ချိတ်ပြီးဆော့မယ်ဆို Latency ပိုလျော့မယ်၊AirPods 3, AirPods Pro, and AirPods Max တွေနဲ့ ချိတ်ပြီးဆော့မယ်ဆို Personalized Spatial Audio ကို ပိုပြီးကောင်းကောင်း Support…
Apple က iPhone 15 pro Series ကစပြီး Mute switch အစား Action Button ကို စတင်မိတ်ဆက်ခဲ့ပါတယ်။ အရင်က Mute Switch တွေရဲ့ အလုပ်လုပ်ပုံက အရမ်းကိုရိုးရှင်းပါတယ် Silent Mode ကို On,Off လုပ်ဖို့လောက်ပါပဲ။ ဒါပေမယ့် Action Button မှာတော့ ခုနက Mute တာကို On,Off လုပ်တာထက်အများကြီးပိုပြီးအသုံးဝင်တဲ့ Function တွေပါလာခဲ့ပါတယ်။Default အနေနဲ့တော့ Silent Mode,Focus, Camera, Flash Light, Voice Memo,Recongnize Music,Translate, Magnifier, Controls, Shortcut,Accessibility,No Action စသဖြင့် Function များစွာထဲက တစ်ခုကိုရွေးပြီး ထားလို့ရမှာဖြစ်ပါတယ်။ ဒီထဲကမှ Action Button ကိုပိုအသက်ဝင်စေပြီး အသုံးတည့်စေတာကတော့ Shortcuts App ပဲဖြစ်ပါတယ်။ Shortcuts App နဲ့ဆိုရင် ကိုယ်ကြိုက်တဲ့ App တွေကို Open လုပ်ပေးတာ၊ ChatGPT နဲ့ Conversation တစ်ခုစပေးတာ၊ Cellular Data ကို Sim တစ်ခုကနေတစ်ခု Switch လုပ်တာ၊ Note အသစ်တစ်ခုအမြန်မှတ်တာ၊ ကိုယ်ချစ်ရတဲ့သူတွေကို လွယ်လွယ်ကူကူ ဖုန်းခေါ်တာ၊ Message ပို့တာတွေအပြင် အခြားအခြားသော Function တွေအများကြီးကိုသုံးလို့ရမှာဖြစ်ပါတယ်။ ဒီလိုမျိုးသုံးဖို့အတွက်ကတော့ Shortcut တစ်ခု အရင် Create လုပ်ပေးဖို့လိုပါတယ်။ Shortcuts App>> ညာဘက်အပေါ်ဘက်က…
အရင်ကဆိုရင် Remind တွေကို Reminder App ထဲမှာသာ သွားရောက် မှတ်ထားရပေမယ့် အခု iOS 18မှာဆိုရင်တော့ Reminder App ထဲမှာသာမက Calendar App ထဲမှာတင် မှတ်ထားနိုင်တော့မှာဖြစ်ပါတယ်။ မှတ်ထားတဲ့ Task တွေကိုလည်း မတူညီတဲ့ Color တွေနဲ့ ခွဲထားနိုင်ပြီး Calendar App ထဲမှာ ကွဲကွဲပြားပြား ပြပေးမှာပဲဖြစ်ပါတယ်။ ဒါ့အပြင် Calendar ကိုကြည့်ရာမှာလည်း မတူညီတဲ့ View ပုံစံမျိုးနဲ့ ကြည့်နိုင်တော့မှာဖြစ်ပြီး Zoom ချဲ့ကြည့်လို့ရတာ၊ Single Day, Multi Day ပြောင်းပြီးကြည့်လို့ရတာ စတဲ့ Function မျိုးတွေကိုလည်း သုံးနိုင်လာတော့မှာဖြစ်ပါတယ်။ တကယ်လို့ အရေးကြီးကိစ္စတွေလုပ်ဖို့ မေ့သွားမှာ စိုးရိမ်နေရတယ်ဆိုရင် ဒီနည်းလေးအတိုင်း ဖြေရှင်းကြည့်လိုက်ပါနော်။ 𝐂𝐚𝐥𝐞𝐧𝐝𝐚𝐫 𝐀𝐩𝐩 >> 𝐂𝐚𝐥𝐞𝐧𝐝𝐚𝐫 >> အောက်ဘက်ဆုံးနားက 𝐒𝐜𝐡𝐞𝐝𝐮𝐥𝐞 𝐑𝐞𝐦𝐢𝐧𝐝𝐞𝐫𝐬 ကိုအရင်ရွေးပြီး 𝐃𝐨𝐧𝐞 ကိုနှိပ်ထားပေးရပါမယ်။ ပြီးရင်တော့ 𝐂𝐚𝐥𝐞𝐧𝐝𝐚𝐫 𝐀𝐩𝐩 >> ညာဘက်အပေါ်ထောင့်က 𝐒𝐞𝐭𝐭𝐢𝐧𝐠 𝐈𝐜𝐨𝐧 >> 𝐑𝐞𝐦𝐢𝐧𝐝𝐞𝐫 ထဲမှာ ဝင်ပြီး 𝐓𝐚𝐬𝐤𝐬 တွေကို 𝐑𝐞𝐦𝐢𝐧𝐝 လုပ်ထားလို့ရပါပြီ။