Author: Anycall

Apple က iOS 18.1 နဲ့မိတ်ဆက်ပြီး နောက်ပိုင်း Eligible Device တွေမှာ Apple Intelligence Feature တွေ စတင်အသုံးပြုလို့ရခဲ့ပါတယ် ဒါပေမယ့် Ai Feature တွေအသုံးပြုဖို့ Apple intelligence waitlist မှာ စောင့်ပေးရပါတယ်။ Apple intelligence waitlist မှာ Accept ရဖို့ဘာတွေလုပ်ရလဲ အချိန်တွေဘယ်လောက်စောင့်ရလဲ ဆိုတာလေးကိုပြောပြပေးပါမယ်။ ကိုယ့်ရဲ့ iPhone ကိုနောက်ဆုံး iOS Update လုပ်ထားပေးဖို့လည်းလိုသလို Waitlist ကိုလည်း Join ထားပေးဖို့လိုပါတယ် ဒီလို Join ထားဖို့ Storage Space ကိုလည်း 4GB လောက်ရှိအောင်ပြင်ပြီး Language Setting မှာ Apple intelligence ကို Support ပေးတဲ့ Language ကို ထားပြီးရင် Setting > Apple intelligence & Siri > Join The Apple Intelligence Waitlist ကိုဝင်ပြီး Join လို့ရုံပါပဲ.. အချိန်ကအများအားဖြင့်တော့ ၁၅မိနစ်နာရီဝက်လောက်နဲ့ရပြီး ကြာရင်တော့ ၃နာရီ ကနေ ၅နာရီ အတွင်းရတတ်ပါတယ်။

Read More

Apple ဘက်က 2025 နှစ်လယ်မှာ AirTag 2 ကို စတင်မိတ်ဆက်တော့မယ်လို့ ပြောလာပါတယ်။ AirTag 2 ဟာ Apple Vision Pro နဲ့ပါ ချိတ်ဆက်အသုံးပြုနိုင်ပြီး Wireless Chip ကို မိုကောင်းမွန်လာစေမယ့်အပြင် Location Tracking မှာလည်း တိုးတက်လာနိုင်ပါတယ်။ Precision Finding Feature ကိုလည်း အရင်ကထက် ပိုမိုဝေးကွာတဲ့ အကွာအဝေးတွေမှာပါ အသုံးပြုလာနိုင်ပါတယ်။ ထွက်ရှိလာမယ့် AirTag2 မှာ Speaker build-in system ကို ပိုမိုကောင်းမွန်အောင်လုပ်ထားပေးမှာမလို့ Stalking အပိုင်းမှာအပြင် Privacy & Security မှာပါ တိုးတတ်လာစေမှာပါ။

Read More

iOS 18တင်ပြီးနောက်ပိုင်း iPhone 16 User တော်တော်များများနဲ့ တစ်ချို့သော iPhone Model လေးတွေမှာ Photo App နဲ့ပတ်သက်ပြီး Error လေးတစ်ခုရှိပါတယ်။ အဲ့ဒါလေးက ပုံတစ်ပုံကို Edit လုပ်ပြီးတဲ့အချိန် “There was an error saving this photo. Please try again later.” ဆိုတဲ့စာတန်းနဲ့အတူ save လို့မရတာမျိူးတွေဖြစ်တာမျိူးပါ။ User တွေအနေနဲ့လည်း Still Photo အနေနဲ့ပုံတစ်ပုံကို Duplicate လုပ်ပြီး ပုံတွေကို Save လုပ်နိုင်ပါတယ်။ ဒါပေမယ့် ဒီနည်းလမ်းက Live Photo တွေနဲ့ Photographic Style ကိုတော့ ပျက်သွားစေနိုင်ပါတယ်။ ဒီလိုError လေးတွေကြောင့် User တော်တော်များများ အခက်တွေ့နေကျတာမလို့ Apple ဘက်ကနေပြီး ဒီ Error လေးကိုဖြေရှင်းပေးမယ်လို့ ဆိုထားပါတယ်။

Read More

Apple ကနေပြီး‌ iOS 18.1 မှာ Apple Intelligence ကိုစတင်မိတ်ဆက်ခဲ့ပြီးနောက်ပိုင်းမှာ Siri ကိုအသုံးပြုရတဲ့အခါမှာလည် ပိုမိုကောင်းမွန်လာခဲ့ပါတယ်။ အခုတစ်ခါ Siri နဲ့ စကားပြောတာအပြင် စာနဲ့လည်းရိုက်ပြီးပြောလို့ရနေပါပြီ။ ဒီ Feature လေးက အရမ်းအသုံးဝင်ပြီးတော့ အသုံးပြုရတာကလည်းလွယ်ကူပါတယ်။ Siri ကို စာလေးနဲ့ရိုက်ပြီး ကိုယ်သိချင်တာလေးတွေ မေးချင်ရင်တော့ Setting > Apple Intelligence & siri > Type to Siri toggle ကို On ပေးလိုက်ရုံပါပဲ။ Type to Siri ဆိုတာလေးကို On ပြီးသွားတာနဲ့ ဖုန်းအောက်ပိုင်း Display ကို Double Tap နှိပ်လိုက်ရုံနဲ့ Typing Interface ပေါ်လာမှာပဲဖြစ်ပါတယ်။ အဲ့ဒီမှာ ကိုယ်သိလိုတဲ့ အကြောင်းအရာတွေကို စာရိုက်ပြီးမေးလို့ရမှာပဲဖြစ်ပါတယ်။

Read More

Apple ကနေပြီး iOS 18.2Beta မှာ Volume ကို Limit လုပ်နိုင်တဲ့ Feature လေးတစ်ခုပါဝင်လာတော့မှာဖြစ်ပါတယ်။ iPhone ရဲ့ Sound and Haptics setting ထဲမှာ Volume Limit ဆိုတာလေးကကိုယ်လိုချင်တဲ့ အသံအတိုးအလျော့ကို စိတ်ကြိုက်ထားလို့ရနိင်မှာပဲဖြစ်ပါတယ်။ ဒီ Feature လေးကိုအသုံးပြုချင်ရင်တော့ Setting > Sound and Haptics > Volume Limit > Limit Maximum Volume ကို On ပေးလိုက်ရုံနဲ့ Slider ကို ကိုယ်လိုချင်တဲ့ Volume Percent မှာထားလိုက်လို့ရပါပြီ။ Maximum Volume ကို ကိုယ့်စိတ်ကြိုက်သတ်မှတ်ထားခြင်းဖြင့် သီချင်းတွေနားထောင်တဲ့အချိန်မှာအပြင် Movie တွေ၊ Game တွေဆော့တဲ့အချိန်မှာလည်း ကိုယ်နဲ့အဆင်ပြေမယ့်အသံအနေထားနဲ့ ထားလို့ရမှာမလို့ တော်တော်အဆင်ပြေစေမှာပါ။

Read More

iOS 18.2 မှာ iPhone 16 User တွေအတွက် အသုံးဝင်လာမယ့် Visual Intelligence Feature Visual Intelligence ဆိုတာက ကိုယ်ရဲ့ပတ်ဝန်းကျင်အကြောင်းကို လွယ်လွယ်ကူကူနဲ့သိစေမယ့် Feature လေးတစ်ခုဖြစ်ပါတယ်။ သူရဲ့လုပ်ဆောင်ချက်လေးက စားသောက်ဆိုင်တစ်ဆိုင်ကို ကိုယ့်ရဲ့ဖုန်းကင်မရာလေးနဲ့ချိန်လိုက်တာနဲ့ အဲ့ဒီဆိုင်ရဲ့ အစားအသောက် Menu တွေ၊ ဆိုင်ရဲ့ Review တွေအပြင် ဆိုင်ပိတ်ချိန် ဆိုင်ဖွင့်ချိန်ကိုပါ တိတိကျကျဖော်ပြပေးပါတယ်။ ဒါအပြင်… သူ့မှာ Google Search Integration လည်းပါလာသေးတယ်။ Google Search Integration ဆိုတာက ပစ္စည်းတစ်ခုခုကို ကိုယ့်ရဲ့ဖုန်းကင်မရာနဲ့ချိန်လိုက်ရုံနဲ့ အဲ့ဒီပစ္စည်းကိုဝယ်ယူလို့ရနိုင်တဲ့ နေရာတွေအပြင် အသုံးပြုပုံကအစ အသေးစိတ်ဖော်ပြပေးပါတယ်။ ဒီ Feature လေးတွေကတော့ iOS 18.2 မှာပါဝင်လာမှာဖြစ်ပါတယ်။

Read More

Apple ရဲ့ Live Listen လိုမျိုး Android ဖုန်းတွေမှာလည်း အဲ့ဒီလို Feature သုံးလို့ရတယ်ဆိုတာ သိပြီးပြီလား  Samsung ဖုန်းတွေမှာ Bluetooth နားကြပ်တစ်ခုခုသုံးပြီး ကိုယ့်ဖုန်းရဲ့အနီးနား ပတ်ဝန်းကျင်ကအသံကို နားကြပ်ကနေတစ်ဆင့်ပြန်နားထောင်လို့ရတဲ့ Function လေးတစ်ခု ပါပါတယ် ဥပမာ ကိုယ်ကအဲ့ဒီ Function လေးဖွင့်ပြီး ဖုန်းကို ခပ်ဝေးဝေးမှာထားလိုက်ရင်တောင်ဖုန်းရဲ့ဘေးနားကအသံတွေကို နားကြပ်ကနေ ရှင်းရှင်းလင်းလင်းကြားရတာမျိုးပါ ဒီ Function လေးရဲ့ အဓိက ရည်ရွယ်ချက်က Hearing Aid အနေနဲ့ အသုံးပြုနိုင်မှာဖြစ်လို့ အကြားအာရုံချို့တဲ့နေတဲ့ လူတွေအတွက် တကယ့်ကိုအသုံးဝင်စေတဲ့ Function လေးတစ်ခု ဖြစ်ပါတယ် ဒီ Feature လေးကိုသုံးဖို့ကတော့ အရင်ဆုံး Bluetooth နားကြပ်တစ်ခုခုကို ဖုန်းနဲ့ချိတ်ထားဖို့ လိုပါမယ်နော် Setting >> Accessibility >> Hearing Enhancements >> Amplify Ambient Sound ကိုဖွင့်လိုက်ရင်ရပါပြီ။

Read More

ဖုန်းထဲမှာ ပြောခဲ့တဲ့ အလုပ်ကိစ္စတွေကို ပြန် 𝐂𝐡𝐞𝐜𝐤 ဖို့ ဒါမှမဟုတ် ကိုယ်ချစ်ရတဲ့သူတွေနဲ့ ဖုန်းပြောထားတာလေးတွေကို အမှတ်တရအနေနဲ့ သိမ်းထားပြီး ပြန်နားထောင်နိုင်ဖို့ စသဖြင့် ဖုန်းပြောထားတာတွေကို 𝐑𝐞𝐜𝐨𝐫𝐝 လုပ်ဖို့အကြောင်းအရင်းတွေအများကြီးရှိပါတယ်။ တစ်လျှောက်လုံး 𝐂𝐚𝐥𝐥 𝐫𝐞𝐜𝐨𝐫𝐝𝐢𝐧𝐠 မရနေခဲ့တဲ့ 𝐢𝐎𝐒 𝐔𝐬𝐞𝐫 တွေအတွက် သတင်းကောင်းတစ်ခုကတော့ 𝐢𝐏𝐡𝐨𝐧𝐞 တွေမှာ𝐢𝐎𝐒 𝟏𝟖.𝟏 ကစပြီး 𝐂𝐚𝐥𝐥 𝐫𝐞𝐜𝐨𝐫𝐝𝐢𝐧𝐠 လုပ်လို့ရတော့မယ်ဆိုတာပါပဲ။ 𝐢𝐎𝐒 𝟏𝟖.𝟏 မှာ တစ်ယောက်ယောက်နဲ့ ဖုန်းပြောနေချိန် 𝐑𝐞𝐜𝐨𝐫𝐝𝐢𝐧𝐠 𝐢𝐜𝐨𝐧 လေးကို နှိပ်လိုက်တာနဲ့ 𝐑𝐞𝐜𝐨𝐫𝐝𝐢𝐧𝐠 စတင်မှာဖြစ်ပြီး နှစ်ဖက်လုံးကိုလည်း 𝐑𝐞𝐜𝐨𝐫𝐝 လုပ်နေကြောင်း အသိပေးမှာဖြစ်ပါတယ်။ ပိုပြီးစိတ်ဝင်စားစရာကောင်းတဲ့ အချက်က အဲ့ဒီ 𝐂𝐚𝐥𝐥 𝐑𝐞𝐜𝐨𝐫𝐝𝐢𝐧𝐠 တွေကို 𝐀𝐩𝐩𝐥𝐞 𝐈𝐧𝐭𝐞𝐥𝐥𝐢𝐠𝐞𝐧𝐜𝐞 ရဲ့ အကူအညီနဲ့ 𝐀𝐮𝐭𝐨 𝐓𝐫𝐚𝐧𝐬𝐜𝐫𝐢𝐩𝐭𝐢𝐨𝐧 လုပ်ပေးမှာဖြစ်ပါတယ်။ 𝐓𝐫𝐚𝐧𝐬𝐜𝐫𝐢𝐩𝐭 တွေကိုတော့ 𝐍𝐨𝐭𝐞 𝐀𝐩𝐩 ထဲမှာ 𝐒𝐚𝐯𝐞 ထားပေးမှာဖြစ်ပြီး 𝐀𝐢 𝐒𝐮𝐦𝐦𝐚𝐫𝐲 ပါပြန်ပြီးကြည့်လို့ရဦးမှာပဲဖြစ်ပါတယ်။ 𝐀𝐩𝐩𝐥𝐞 𝐈𝐧𝐭𝐞𝐥𝐥𝐢𝐠𝐞𝐧𝐜𝐞 မရတဲ့ ဖုန်းတွေမှာတော့ ဒီ 𝐅𝐞𝐚𝐭𝐮𝐫𝐞 ကိုသုံးလို့ရမှာမဟုတ်ပါဘူး။

Read More

𝐀𝐩𝐩𝐥𝐞 ဘက်က iOS 18.1 နဲ့အတူ 𝐀𝐩𝐩𝐥𝐞 𝐈𝐧𝐭𝐞𝐥𝐥𝐢𝐠𝐞𝐧𝐜𝐞 ကို 𝐋𝐚𝐮𝐧𝐜𝐡 လုပ်ထားပြီးပြီဆိုတော့ ဒီရက်ပိုင်းက တကယ့်ကို ရင်ခုန်စရာအချိန်လေးပါပဲနော်။ ဒါပေမယ့် 𝐀𝐩𝐩𝐥𝐞 𝐈𝐧𝐭𝐞𝐥𝐥𝐢𝐠𝐞𝐧𝐜𝐞 က 𝐃𝐞𝐯𝐢𝐜𝐞 အကုန်လုံးမှာသုံးလို့ရမှာမျိုးမဟုတ်ဘဲ ချွင်းချက်အချို့တော့ရှိနေပါသေးတယ်။ 𝐀𝐩𝐩𝐥𝐞 𝐈𝐧𝐭𝐞𝐥𝐥𝐢𝐠𝐞𝐧𝐜𝐞 ကိုသုံးနိုင်ဖို့အတွက် အဓိကလိုအပ်တဲ့အချက် (𝟔) ချက်ရှိပြီး …. 𝟏. ကိုယ်သုံးမယ့် 𝐃𝐞𝐯𝐢𝐜𝐞 က 𝐀𝐩𝐩𝐥𝐞 𝐈𝐧𝐭𝐞𝐥𝐥𝐢𝐠𝐞𝐧𝐜𝐞 ကို 𝐒𝐮𝐩𝐩𝐨𝐫𝐭 ဖြစ်ရမယ်။ 𝟐. 𝐢𝐎𝐒 𝟏𝟖.𝟏 အထက်ဖြစ်ရမယ်။ 𝟑. 𝐢𝐎𝐒 𝟏𝟖.𝟏 𝐔𝐩𝐝𝐚𝐭𝐞 တင်ပြီးရင် 𝐒𝐞𝐭𝐭𝐢𝐧𝐠 >> 𝐀𝐩𝐩𝐥𝐞 𝐈𝐧𝐭𝐞𝐥𝐥𝐢𝐠𝐞𝐧𝐜𝐞 𝐚𝐧𝐝 𝐒𝐢𝐫𝐢 >> 𝐉𝐨𝐢𝐧 𝐭𝐡𝐞 𝐀𝐩𝐩𝐥𝐞 𝐈𝐧𝐭𝐞𝐥𝐥𝐢𝐠𝐞𝐧𝐜𝐞 ထဲမှာ 𝐖𝐚𝐢𝐭𝐥𝐢𝐬𝐭 ကို 𝐉𝐨𝐢𝐧 ထားရမယ်။ 𝟒. 𝐒𝐭𝐨𝐫𝐚𝐠𝐞 အနည်းဆုံး 𝟒𝐆𝐁 𝐅𝐫𝐞𝐞 ဖြစ်ရမယ်။ (နောက်ပိုင်းမှာတော့ ဒီထက်ပို လိုလာနိုင်) 𝟓. 𝐃𝐞𝐯𝐢𝐜𝐞 𝐋𝐚𝐧𝐠𝐮𝐚𝐠𝐞 နဲ့ 𝐒𝐢𝐫𝐢 𝐋𝐚𝐧𝐠𝐮𝐚𝐠𝐞 ကို 𝐔𝐒 𝐄𝐧𝐠𝐥𝐢𝐬𝐡 ပဲထားထားရမယ်။ 𝟔. နောက်ဆုံးနဲ့ အရေးကြီးဆုံးကတော့ 𝐀𝐩𝐩𝐥𝐞 𝐈𝐧𝐭𝐞𝐥𝐥𝐢𝐠𝐞𝐧𝐜𝐞 က 𝐄𝐔 နဲ့ 𝐂𝐡𝐢𝐧𝐚 မှာ 𝐒𝐮𝐩𝐩𝐨𝐫𝐭 ဖြစ်ဦးမှာမဟုတ်လို့ မြန်မာအပါအဝင် အခြားနိုင်ငံတွေမှာပဲ သုံးလို့ရဦးမှာဖြစ်ပါတယ်။ ဒီအချက်လေးတွေအကုန်လုံးပြည့်စုံတယ်ဆိုရင်တော့ 𝐢𝐎𝐒 𝟏𝟖.𝟏 ကို 𝐔𝐩𝐝𝐚𝐭𝐞…

Read More

Apple က မိတ်ဆက်ပေးလိုက်တဲ့ Mac Mini အသစ်က ပိုပြီးသေးငယ်တဲ့ Design ပိုပြီး powerful ဖြစ်တဲ့ Feature တွေနဲ့ ထွက်ရှိလာပါပြီ Mac Mini M4 နဲ့ M4 Pro ဆိုပြီးထွက်ရှိလာပြီး နှစ်ခုလုံးရဲ့ Chip တွေကလည်း ကမ္ဘာ့အမြန်ဆုံး CPU Core ဖြစ်တာကြောင့် ကိုယ့်ရဲ့ လုပ်ဆောင်ချက်အားလုံးတိုင်းကို မြန်မြန်ဆန်ဆန်ပဲ လုပ်ဆောင်နိုင်မှာ ဖြစ်ပါတယ် Mac Mini က ဈေးနှုန်းတူ Desktop တွေနဲ့ နှိုင်းယှဉ်မယ်ဆိုရင်တောင် ၆ဆ ပိုမြန်ပါတယ်လို့ Apple ဘက်ကပြောထားပြီးတော့ GPU ကလည်း Powerful Feature ဖြစ်လာတာကြောင့် 3D Game တွေနဲ့ Graphic အတော်လေးကို အသုံးဝင်လာမှာ ဖြစ်ပါတယ် Apple ရဲ့ ပထမဆုံး Carbon-neutral Mac ဖြစ်လာတဲ့ Mac Mini က သေးသေးလေးနဲ့ ပိုကောင်းတဲ့ စွမ်းဆောင်ချက်တွေကို စွမ်းဆောင်နိုင်တော့မှာပါ ဒါ့အပြင် သူ့ရဲ့ Apple Intelligence ကလည်း ပို Smart ၊ ပိုကောင်းလာပြီး AI ကိုခိုင်းစေပြီး လုပ်မယ့် AI task တော်တော်များများကိုလည်း လုပ်ဆောင်နိုင်တာကြောင့် ကျောင်းသားတွေအပြင် Productivity သမားတွေအတွက်ပါ အသုံးဝင်လာမှာ ဖြစ်ပါတယ်

Read More