Subscribe to Updates
Get the latest creative news from FooBar about art, design and business.
Author: Anycall
2024 က Mobile Phone လောကအတွက် အပြောင်းအလဲတွေ အတော်များခဲ့တဲ့နှစ်လို့ပဲ ဆိုရမယ်။ Apple ရဲ့ Update အသစ်တွေ၊ iPhone 16 series Launch လုပ်ခဲ့တာတွေ၊ Android ဖုန်းအသစ်တွေအများကြီး ပေါ်လာတာတွေ၊ Ai Phone တွေ ပေါပေါများများဖြစ်လာတာတွေ၊ စသဖြင့် အပြောင်းအလဲတွေ၊ တိုးတက်လာမှုတွေ မနည်းမနောပါပဲ။ အဲ့ဒီပြောင်းလဲမှုတွေနဲ့ အသစ်အသစ်တွေထဲကမှ အမိုက်ဆုံးတစ်ခုကို ရွေးပြပါဆိုရင် Huawei ရဲ့မကြာသေးခင်ကမှ မိတ်ဆက်ခဲ့တဲ့ Foldable ဖုန်းတစ်လုံးဖြစ်တဲ့ Huawei Mate XT ကိုပဲ လက်ညှိုးထိုးမိမှာပါ။ ဒီခေါက်ဖုန်းကို အဓိကထူးခြားစေတဲ့အချက်က ပုံမှန်အခြားပုံမှန်ခေါက်ဖုန်းတွေလိုမျိုး နှစ်ခေါက်ချိုးရုံပဲ မဟုတ်ဘဲ Tri-Fold လို့ခေါ်တဲ့ သုံးခေါက်ချိုး ဖုန်းဖြစ်နေတာပါပဲ။ ပုံမှန် နှစ်ခေါက်ချိုး Foldable ဖုန်းတွေမှာတောင် ခေါက်လိုက်ရင် အတော်ထူပြီး အတော်လည်း လေးတာမလို့ ဒီလိုသုံးခေါက်ချိုးဖုန်းဆိုရင် ပိုဆိုးမှာပေါ့လို့ တွေးမိနေရင်တော့ မှားသွားမှာပဲဖြစ်ပါတယ်။ သူ့ရဲ့ အထူက 12.8mm ပဲရှိပြီး ဒီအထူက Samsung Z Fold 6 ထက် 1mm နီးပါးလောက်ပဲ ပိုပါတယ်။ အလေးချိန် အနေနဲ့လည်း 298g လောက်ပဲရှိပြီး Screen သုံးခုပါတဲ့ ဖုန်းတစ်လုံးအနေနဲ့တော့ အတော်လေးပေါ့တယ်လို့ပြောလို့ရပါတယ်။ Display ပိုင်းမှာတော့ Tri-foldable LTPO OLED နဲ့ Screen Size 10.2inches ရှိပြီး တကယ့် Tablet တစ်လုံးစာလောက်ကို ကြီးပါတယ်။ CPU ပိုင်းမှာတော့…
Apple ရဲ့ နောက်ဆုံး Launch လုပ်ခဲ့တဲ့ iPhone 16 Series မှာ အထူးခြားဆုံးတွေထဲက တစ်ခုကတော့ Camera Control ပဲဖြစ်ပါတယ်။ ဒီ Camera Control Button ကို ပုံမှန်ဆိုရင် Shortcut Key လိုမျိုး နှိပ်လိုက်တာနဲ့ ဖုန်းရဲ့ Default Camera ကိုဖွင့်ပေးတာမျိုး၊ ပုံရိုက်တာ၊ Video ရိုက်တာတွေမှာသုံးကြပေမယ့် Camera Control နဲ့ ပတ်သက်လို့ အခြားသိထားသင့်တဲ့ အချက်ကလေးတွေလည်းရှိပါသေးတယ်။ ဒီအချက်တွေထဲကမှ တကယ်အသုံးဝင်စေမယ့် အချက်နှစ်ချက်ကို ပြောပြပေးသွားပါမယ်။ ပထမဆုံးအနေနဲ့ကတော့ Camera Control Button ကိုနှိပ်လိုက်ရင် Default Camera App တင်မကဘဲ အခြား Magnifier, Code Scanner အပြင် Instagram, Snapchat စတဲ့ Third Party App တွေကိုပါ ပြောင်းပြီးဖွင့်ပေးနိုင်တဲ့ အချက်ပဲဖြစ်ပါတယ်။ ဒီ Feature လေးကို ဖွင့်ဖို့အတွက်တော့ Setting > Camera > Camera Control ထဲကို ဝင်လိုက်ပြီး အောက်ဘက်အဆုံးနားမှာ ကိုယ်သုံးချင်တဲ့ Camera App ကိုရွေးလိုက်လို့ရပါပြီ။ ဒုတိယအချက်ကတော့ Camera Control Button ကို Pressure Adjust လုပ်ထားလို့ရတာပဲဖြစ်ပါတယ်။ ဆိုလိုတာကတော့ Camera Control Button ကိုသုံးဖို့ လက်နဲ့သာသာလေးဖိရုံပဲလား ဒါမှမဟုတ် နည်းနည်းပိုပြီးဖိပေးရမလား ဒါမှမဟုတ် လုံးဝသုံးလို့မရအောင်ပိတ်ထားမလား ဆိုတာမျိုးကိုပြန်ရွေးလို့ရတာမျိုးပဲဖြစ်ပါတယ်။…
𝐒𝐜𝐫𝐞𝐞𝐧 𝐒𝐢𝐳𝐞 ကြီးတဲ့ iPhone တွေမှာ လက်တစ်ဖက်တည်းနဲ့ဖုန်းသုံးနေတဲ့အချိန် ဖုန်းအပေါ်ပိုင်းမှာရှိတဲ့ အရာတွေကို လှမ်းနှိပ်ဖို့ဆိုတာက တော်တော်လေးမလွယ်တဲ့ကိစ္စပါ။ ဒါဆိုရင်တော့ ကိုယ့် ဒီနည်းလမ်းအတိုင်း 𝐑𝐞𝐚𝐜𝐡𝐚𝐛𝐢𝐥𝐢𝐭𝐲 ဖွင့်ပြီး ဖုန်းကိုလက်တစ်ဖက်တည်းနဲ့ အထာကျကျသုံးလို့ရပါတယ်။ 1. အရင်ဆုံး Phone Setting ထဲက Accessibility ထဲကိုဝင်၊ 2. Touch ထဲကိုဝင်ပြီး Reachability လေးကိုဖွင့်၊ 3. ပြီးရင်ဖုန်းအောက်က Home Indicator ကိုလက်မနဲ့အောက်ကိုဆွဲပေးလိုက်ပါ ဒါဆိုရင် ကိုယ်လက်တစ်ဖက်တည်းနဲ့ဖုန်းသုံးနေတဲ့အချိန် လက်လှမ်းမမီတဲ့အရာတွေကို ဒီနည်းအတိုင်းနှိပ်လို့ရပါပြီ။ တကယ်အသုံးဝင်တဲ့ နည်းလေးမလို့ စမ်းဖြစ်အောင်စမ်းသုံးကြည့်လိုက်ပါနော်။
ပို့ချင်တဲ့ပုံလေးတွေကို Messenger (ဒါမှမဟုတ်) Telegram ကနေ ပို့တော့မယ်လုပ်ကာမှ ရွေးစရာပုံတွေပေါ်မလာဘဲဖြစ်နေတယ်ဆိုရင် ဒီနည်းလမ်းအတိုင်း တစ်ဆင့်ချင်းဆီ လုပ်ပေးလိုက်ပါ။ အရင်ဆုံး Setting ထဲကိုဝင်ပြီး Messenger ကိုနှိပ်လိုက်မယ်။ ပြီးရင် ပေါ်လာတဲ့အထဲက Photo ကိုရွေးပြီး Full Access ဆိုတာကို ထပ်ရွေးပေးလိုက်ရင် ရပါပြီ။
iOS Update အသစ်ထွက်လို့တင်မယ်လုပ်တိုင်း Download လုပ်မရဘဲ Error ကြီးပေါ်ပေါ်လာလို့ “မြင်သာမြင်ရ မကြင်ရ” ဖြစ်နေတယ်ဆိုရင် ဒီနည်းလမ်း (3) ခုအတိုင်းဖြေရှင်းလို့ရပါတယ်။ (1) ပထမနည်းကတော့ ကိုယ့်ဖုန်းမှာ Storage ပြည့်လုနီးပါးဖြစ်နေပြီလားဆိုတာကို Settings > General > iPhone Storage ထဲကနေတစ်ဆင့် ကြည့်ပေးရပါမယ်။ တကယ်လို့စက်ပြည့်နေတယ်ဆိုရင် အသုံးမလိုတော့တဲ့ Video တွေ, File တွေကိုဖျက်ပေးလိုက်ပါ။ ပြီးရင် Down ထားတဲ့ iOS Update File ကိုရှာဖျက်ပြီးမှ အသစ်ပြန် Down ပေးရင် ရပါတယ်။ (2) ဒုတိယနည်းကတော့ Force Restart ချတာပါ။ iPhone X နဲ့အထက် Model တွေမှာဆိုရင် Volume Down ကိုတစ်ချက်၊ Volume Up ကိုတစ်ချက် မြန်မြန်နှိပ်ပြီး Power Button ကို Logo ပေါ်လာတဲ့အချိန်ထိ ဖိထားပေးရမှာပါ။ ဒီနည်းကလည်း အချို့ iPhone တွေမှာ တကယ်အသုံးဝင်ပါတယ်။ (3) နောက်ဆုံးအနေနဲ့ ကိုယ်က Cellular Data နဲ့ Download ဆွဲနေတယ်ဆိုရင် Router ကလွှင့်တဲ့ လိုင်းကောင်းတဲ့ Wifi နဲ့ချိတ်ပြီးမှပြန် Down ကြည့်တာမျိုး၊ VPN ချိတ်ထားတယ်ဆိုရင် ဖြုတ်ပြီးမှပြန် Down ကြည့်တာမျိုးတွေလုပ်ပေးကြည့်ပါ။ ဒါဆိုရင်တော့ Software Update တင်မရတဲ့ Error တွေကို ဖြေရှင်းလို့ရသွားမှာပါ။
Mi Phone တွေမှာ Video ထဲက သီချင်းတွေကို ဖုန်းပိတ်ပြီးနားထောင်ဖို့ နားပုံစံ နဲ့ Background Play ဆိုတဲ့ Icon ပျောက်နေတယ်ဆိုရင် ဒီနည်းအတိုင်းပြန်ဖော်လို့ရပါတယ်။ အရင်ဆုံး Security App ကိုဖိထားပြီး App Info ကနေတစ်ဆင့် Uninstall Update လုပ်ပေးရပါမယ်။ ပြီးသွားရင် Security App ထဲကိုပြန်ဝင်ပြီး အောက်ဆုံးမှာရှိတဲ့ Video Toolbox ထဲကိုပြန်ဝင်ပေးလိုက်ပါ။ Video Toolbox ရယ်၊ Video Toolbox Shortcut ဆိုတာရယ်ကို ထပ် On ပေးလိုက်ပြီး Manage Video Apps ထဲကနေတစ်ဆင့် Background Play Icon ပေါ်စေချင်တဲ့ App တွေကို ရွေးပေးလိုက်ရင် ရပါပြီ။
အလုပ်နဲ့ပတ်သက်တာပဲဖြစ်ဖြစ်၊ လူမှုရေးနဲ့ပတ်သက်တာပဲ ဖြစ်ဖြစ် အရေးကြီး Message တွေကို အချိန်မီပို့ပေးဖို့ သတိမေ့တတ်တယ်ဆိုရင် Telegram မှာ Message ကို အောက်ကနည်းလမ်းလေးအတိုင်း Schedule ထားပြီး အချိန်ကိုက်ပို့လို့ရပါတယ်။ ပထမဆုံး Telegram ထဲမှာ ကိုယ်ပို့ချင်တဲ့စာကိုရေးပြီး ဘေးက Send ကိုခပ်ကြာကြာဖိထားပေးလိုက်မယ်။ ပေါ်လာတဲ့အထဲက Schedule Message ကိုရွေးပေးလိုက်ပါ။ ပြီးရင် ကိုယ်ပို့ချင်တဲ့ Date နဲ့ Time ကိုရွေးပီး Send ကိုနှိပ်ပေးရပါမယ်။ ဒီလိုလုပ်ထားမယ်ဆိုရင် ရွေးထားတဲ့အချိန်ကိုရောက်ပြီဆိုတာနဲ့ Noti တက်လာပြီး Message ပို့ချင်တဲ့သူဆီကို Auto ပို့ပေးသွားမှာဆိုတော့ ကိုယ်သတိရတဲ့အချိန်မှာ ကြိုပြီး Schedule ထားလိုက်ရုံပါပဲ။
ကိုယ့် 𝐌𝐢 𝐏𝐡𝐨𝐧𝐞 ရဲ့ 𝐁𝐚𝐭𝐭𝐞𝐫𝐲 က တအိအိနဲ့ အားကုန်တာ အရမ်းမြန်နေတယ်ဆိုရင် အခုပြောပြမယ့်နည်းလမ်းတွေအတိုင်း အားပိုခံအောင် လုပ်လို့ရပါတယ်။ >> နောက်ကွယ်မှာ အချို့သော App တွေ , 𝐒𝐞𝐫𝐯𝐢𝐜𝐞 တွေ 𝐑𝐮𝐧 မနေအောင် 𝐁𝐚𝐭𝐭𝐞𝐫𝐲 𝐒𝐚𝐯𝐢𝐧𝐠 𝐌𝐨𝐝𝐞 ကိုဖွင့်ပေးထားသင့်ပါတယ်။ ဖွင့်မယ်ဆိုရင် Settings > Battery > Save Battery ဆိုတာကိုရွေးပေးလိုက်ပါ။ >> ဖုန်း Power ဖွင့်ဖွင့်ချင်း App တွေက ကိုယ်မသုံးဘဲနဲ့ 𝐀𝐮𝐭𝐨 𝐑𝐮𝐧 နေတာမျိုးမဖြစ်ရအောင် 𝐀𝐮𝐭𝐨 𝐒𝐭𝐚𝐫𝐭 ကိုပိတ်ပြီးသုံးပေးပါ။ Auto Start ပိတ်ဖို့အတွက်ဆိုရင် Settings > Permission > Autostart ထဲမှာ ဖွင့်ထားတာတွေကို ပိတ်ပေးလိုက်ပါ။ >> 𝐑𝐞𝐟𝐫𝐞𝐬𝐡 𝐑𝐚𝐭𝐞 ကိုအမြင့်ဆုံးထားသုံးတာကလည်း Battery အားကို သိသိသာကုန်နိုင်တာမလို့ Refresh Rate ကိုလျှော့သုံးပေးပါ။ Settings > Display > Refresh Rate > Refresh Rate ကိုနှိပ်ပြီး 60Hz ပြောင်းသုံးပေးလိုက်ပါ။ >>မလိုအပ်ဘဲ ဖုန်း Display ကို လင်းထိန်နေအောင်ထားရင်လည်း ဖုန်းအားကုန်မြန်နိုင်လို့ 𝐀𝐮𝐭𝐨 𝐁𝐫𝐢𝐠𝐡𝐭𝐧𝐞𝐬𝐬 ကိုဖွင့်သုံးတာအကောင်းဆုံးပါပဲ။ Settings > Display > Brightness Level > Automatic Brightness Level ကို…
တခါတလေ TikTok မှာ Video တွေကြည့်ရင်းနဲ့ Reload မှားလုပ်မိလို့ ကိုယ် Save ချင်တဲ့ Video ကို Save မလုပ်လိုက်ရဘဲ ပျောက်သွားတာမျိုး ဖြစ်ဖူးကြမှာပါ ဒီလိုကြုံရပြီဆိုရင် ကိုယ်ကြည့်ခဲ့တဲ့ Video ကို အောက်ကနည်းအတိုင်း ပြန်ဝင်ရှာလို့ရပါတယ်။ 1. Profile ကိုနှိပ်ပြီး Menu Icon ကို နှိပ်ပေးရပါမယ် 2. Settings and Privacy ထဲက Activity Center ကိုဝင်ပေးလိုက်ပါ 3. ဝင်ပြီးသွားရင် Watch History ထဲကိုဝင်လိုက်တာနဲ့ TikTok မှာ ကိုယ်ကြည့်ထားတဲ့ Video တွေပေါ်လာမှာပါ။
Apple က iOS 18 နဲ့အတူ အမိုက်စား Changes တစ်ခုဖြစ်တဲ့ Camera Setting Feature အသစ်တစ်ခုကိုပါ ယူဆောင်လာခဲ့ပါတယ်။ 18 Update မတိုင်ခင်က သီချင်းဖွင့်ထားတုန်း Camera နဲ့ Video ရိုက်လိုက်ပြီဆိုရင် ဖွင့်ထားတဲ့သီချင်းက ရပ်ရပ်သွားလို့ စိတ်ညစ်ခဲ့ရဖူးတယ်မလား။ ခုပြောပြမယ့် Feature နဲ့ Video ရိုက်မယ်ဆိုရင်တော့ သီချင်းသံ ရပ်မသွားတဲ့အပြင် Video မှာသီချင်းထည့်ဖို့အတွက် Edit ထပ်လုပ်စရာလည်း မလိုတော့ပါဘူး။ ဒါကြောင့် iOS 18 ရဲ့ ဒီ Camera Setting Feature က သီချင်းဖွင့်ထားပြီး Video ရိုက်ချင်တဲ့သူတွေအတွက် Amazing Feature တစ်ခုပါပဲ။ ဒီ Feature ကို Setup လုပ်ဖို့အတွက် အရင်ဆုံး Setting ထဲက Camera ကိုနှိပ်မယ်။ ပြီးရင် Record Sound ကိုသွား၊ Allow Audio Playback ကို Turn On လုပ်လိုက်ရုံပါပဲ။