Apple  အနေနဲ့  Apple မှာရှိသမျှ အရာတိုင်းကို ဝယ်ယူလို့ရမယ် Apple Gift Card အသစ်ကိုမိတ်ဆက်လိုက်ပါပြီ။  အခု Gift Card အသစ်ဟာဆိုရင် App Store နဲ့ တစ်ခြား Online Services တွေအတွက် အသုံးပြုနိုင်သလို Apple Stores မှာလည်း Products တွေနဲ့ Accessories တွေကိုဝယ်ယူရာမှာလည်းသုံးလို့ရမှာပဲဖြစ်ပါတယ်။

အရင်ကတုန်းက Apple အနေနဲ့ App Store‌ ၊ iTunes Store ၊ iCloud storage တွေကိုဝယ်ယူရာမှာ အသုံးပြုနိုင်ဖို့ iTunes Gift Card နဲ့ Apple Store ထဲက ပစ္စည်းတွေနဲ့ အပြင်အရောင်းဆိုင်တွေကနေ Apple ပစ္စည်းတွေကိုဝယ်ယူရာမှာ အသုံပြုနိုင်တဲ့ Apple Store Gift Card ဆိုပြီး ကဒ်နှစ်မျိုးကိုထုတ်ထားပါတယ်။ 

အခု Apple Gift Card (Gift Card for all things) ကဒ် အသစ်ဟာဆိုရင်  iTunes Gift Card နဲ့ Apple Store Gift Card ကိုပေါင်းပြီးထုတ်ထားတဲ့ သဘောပါပဲ။  အပေါ်မှာပြောထားသလိုပဲ အခု ကဒ်ကို Apple Products ၊ Accessories ၊ Apps ၊ Games ၊ Music ၊ Movies, TV Shows ၊ iCloud တစ်ခြား Apple နဲ့ပတ်သတ်တဲ့ အရာတိုင်းကို ဝယ်ယူရာမှာအသုံးပြုလို့ရမှာပဲဖြစ်ပါတယ်။

 ဒီကဒ်ကို  အရင် iTunes Gift Card လိုမျိုး  ကျွန်တော်တို့ စိတ်ကြိုက် Amount ကိုရွေးချယ်ပြီး ဝယ်ယူနိုင်ပြီး Apple Account Balance ထဲကို Redeem လုပ်လို့ရမှာပဲဖြစ်ပါတယ်။

အခု Card မှာ တစ်ခုထူးခြားသွားတာကတော့ အရောင်စုံတဲ့ Apple  Logo ထည့်ပေးထားတဲ့  သူ့ရဲ့  Design ပါပဲ။ နောက်ထပ် Design ၅ မျိုးအသစ်ကိုလည်းရွေးလို့ရဦးမှာပါ။

Apple ရဲ့ Website မှာဖော်ပြထားချက်အရ Users တွေအနေနဲ့ Apple Store ကဒ်တွေကိုဆက်လက်အသုံးပြုလို့ရဦးမှာဖြစ်ပြီး  ‌App Store‌ နဲ့  iTunes Cards တွေကိုလည်း Apple Store မှာဆက်သုံးလို့ရဦးမယ်လို့သိရပါတယ်။ 

အခုလက်ရှိမှာတော့ ဒီကဒ်အသစ်တွေကို U.S (အမေရိက) မှာပဲဝယ်ယူလို့ရဦးမှာပဲဖြစ်ပါတယ်။ တစ်ခြားနိုင်ငံတွေအတွက် လည်းထုတ်လာဖို့က အနည်းငယ်ကြန့်ကြာလာနိုင်တယ်လို့သိထားရပါတယ်။ 

#Anycall_Mobile #Apple_Gift_Card  #News

Author