𝐆𝐫𝐞𝐞𝐧 𝐋𝐢𝐧𝐞
𝐎𝐋𝐄𝐃 နဲ့ 𝐀𝐌𝐎𝐋𝐄𝐃 𝐃𝐢𝐬𝐩𝐥𝐚𝐲 ဖုန်းတွေ ကိုင်တဲ့သူတိုင်း ခိုက်ခိုက်တုန်အောင် ကြောက်တတ်ကြတဲ့ 𝐄𝐫𝐫𝐨𝐫 တစ်ခု
တကယ်တော့ ဒီ 𝐆𝐫𝐞𝐞𝐧 𝐥𝐢𝐧𝐞 𝐄𝐫𝐫𝐨𝐫 က ဗြုန်းခနဲ ကောက်ဖြစ်သွားတာမဟုတ်သလို ၊ ဖြစ်လည်းဖြစ်ခဲတဲ့ 𝐄𝐫𝐫𝐨𝐫 တစ်ခုပဲ ဖြစ်ပါတယ်
ဒါပေမဲ့ ဖြစ်လာပြီဆိုရင်လည်း ဖုန်းပိုင်ရှင်တွေခမျာ ပြင်ရခက် ၊ ရောင်းရခက် အခြေအနေတစ်ခုကို မရောက်ချင်ဘဲ ရောက်သွားကြရပြန်ပါတယ်
ဒီနေ့မှာ 𝐆𝐫𝐞𝐞𝐧 𝐋𝐢𝐧𝐞 𝐄𝐫𝐫𝐨𝐫 တွေ ဘာကြောင့် ဖြစ်ရတာလဲ
ဘယ်လိုနည်းတွေနဲ့ ပြင်လို့ရလဲဆိုတာကို အကျဉ်းချုပ်ရှင်းပြပေးသွားမှာပဲ ဖြစ်ပါတယ်နော်
𝐆𝐫𝐞𝐞𝐧 𝐋𝐢𝐧𝐞 တွေက 𝐇𝐚𝐫𝐝𝐰𝐚𝐫𝐞 𝐃𝐚𝐦𝐚𝐠𝐞 ၊ 𝐒𝐨𝐟𝐭𝐰𝐚𝐫𝐞 𝐆𝐥𝐢𝐭𝐜𝐡 𝐨𝐫 𝐁𝐮𝐠 နဲ့ 𝐎𝐯𝐞𝐫𝐡𝐞𝐚𝐭𝐢𝐧𝐠 𝐨𝐫 𝐖𝐚𝐭𝐞𝐫 𝐃𝐚𝐦𝐚𝐠𝐞 ဆိုတဲ့ အချက် (𝟑) မျိုးကြောင့် အဖြစ်များပါတယ်
𝐇𝐚𝐫𝐝𝐰𝐚𝐫𝐞 𝐃𝐚𝐦𝐚𝐠𝐞 မှာဆိုရင်
𝐃𝐢𝐬𝐩𝐥𝐚𝐲 (𝐎𝐋𝐄𝐃/𝐀𝐌𝐎𝐋𝐄𝐃 ) ကို ဖုန်းပြုတ်ကျလို့ပဲ ဖြစ်ဖြစ် ၊ ဖိမိလို့ပဲဖြစ်ဖြစ် ၊ 𝐃𝐢𝐬𝐩𝐥𝐚𝐲 အတွင်းပိုင်းမှာ ထိခိုက်သွားလို့ပဲ ဖြစ်ဖြစ် 𝐆𝐫𝐞𝐞𝐧 𝐋𝐢𝐧𝐞 𝐄𝐫𝐫𝐨𝐫 ဖြစ်တတ်ပါတယ်
နောက်ပြီး ဖုန်းအတွင်းပိုင်း ပြုပြင်တဲ့အခါ မတော်တဆ အမှားလုပ်မိရင်လည်း 𝐆𝐫𝐞𝐞𝐧 𝐋𝐢𝐧𝐞 𝐄𝐫𝐫𝐨𝐫 ဖြစ်နိုင်ပါသေးတယ်
𝐒𝐨𝐟𝐭𝐰𝐚𝐫𝐞 အနေနဲ့ကတော့ 𝐒𝐨𝐟𝐭𝐰𝐚𝐫𝐞 𝐔𝐩𝐝𝐚𝐭𝐞 မှာ 𝐁𝐮𝐠 ပါလာတာမျိုး ၊ 𝐒𝐨𝐟𝐭𝐰𝐚𝐫𝐞 𝐂𝐨𝐫𝐫𝐮𝐩𝐭𝐢𝐨𝐧 ကြောင့် 𝐆𝐫𝐚𝐩𝐡𝐢𝐜 𝐄𝐫𝐫𝐨𝐫 ဖြစ်ပြီး 𝐆𝐫𝐞𝐞𝐧 𝐋𝐢𝐧𝐞 တွေ ပေါ်လာနိုင်ပါတယ်နော်
နောက်ပြီး ဖုန်းအပူလွန်တာနဲ့ အစိုဓာတ် ၊ ရေစိုဒဏ်တွေကြောင့်လည်း 𝐆𝐫𝐞𝐞𝐧 𝐋𝐢𝐧𝐞 𝐄𝐫𝐫𝐨𝐫 ဖြစ်နိုင်ပါသေးတယ်
𝐆𝐫𝐞𝐞𝐧 𝐋𝐢𝐧𝐞 𝐄𝐫𝐫𝐨𝐫 ဖြစ်တာကို ပြုပြင်တဲ့ နည်းလမ်းတွေကတော့
ဖုန်းကို 𝐑𝐞𝐬𝐭𝐚𝐫𝐭 ချကြည့်ပြီး ပြန်ကောင်းမကောင်း စမ်းကြည့်လို့ရသလို ,𝐒𝐨𝐟𝐭𝐰𝐚𝐫𝐞 𝐔𝐩𝐝𝐚𝐭𝐞 အသစ်ထပ်တင်တာ ၊ အရင် 𝐕𝐞𝐫𝐬𝐢𝐨𝐧 အဟောင်းကို ပြန်ချပြီး သုံးတာမျိုးနဲ့လည်း 𝐆𝐫𝐞𝐞𝐧𝐥𝐢𝐧𝐞 𝐄𝐫𝐫𝐨𝐫 ကို ဖြေရှင်းကြည့်နိုင်ပါတယ်
နောက်ပြီး 𝐃𝐞𝐯𝐞𝐥𝐨𝐩𝐞𝐫 𝐎𝐩𝐭𝐢𝐨𝐧𝐬 ဖွင့်ပြီးရင် 𝐒𝐞𝐭𝐭𝐢𝐧𝐠𝐬 > 𝐃𝐞𝐯𝐞𝐥𝐨𝐩𝐞𝐫 𝐎𝐩𝐭𝐢𝐨𝐧𝐬 > 𝐃𝐢𝐬𝐚𝐛𝐥𝐞 𝐇𝐖 𝐎𝐯𝐞𝐫𝐥𝐚𝐲𝐬 ထဲကိုဝင်ပြီး 𝐇𝐚𝐫𝐝𝐰𝐚𝐫𝐞 𝐎𝐯𝐞𝐫𝐥𝐚𝐲𝐬 ကို 𝐃𝐢𝐬𝐚𝐛𝐥𝐞 လုပ်ပြီး စမ်းကြည့်လို့လည်းရပါသေးတယ်
ဒီနည်းတွေစမ်းကြည့်လို့ 𝐆𝐫𝐞𝐞𝐧 𝐋𝐢𝐧𝐞 𝐄𝐫𝐫𝐨𝐫 မပျောက်သေးဘူးဆိုရင်တော့ ယုံကြည်ရတဲ့ 𝐒𝐞𝐫𝐯𝐢𝐜𝐞 𝐂𝐞𝐧𝐭𝐞𝐫 ကိုသွားပြီး စစ်ဆေးကြည့်ဖို့ပဲ အကြံပေးချင်ပါတယ်နော်
𝐆𝐫𝐞𝐞𝐧 𝐋𝐢𝐧𝐞 𝐄𝐫𝐫𝐨𝐫 ဖြစ်တာကို လွယ်လွယ်နဲ့ ပြန်ပြင်လို့မရပေမဲ့ အခုပြောသွားနည်းလမ်းလေးတွေကို စမ်းပြီး ပြန်ကောင်းနိုင်သေးတာမို့ စိတ်ဝင်စားတယ် ၊ 𝐆𝐫𝐞𝐞𝐧 𝐋𝐢𝐧𝐞 𝐄𝐫𝐫𝐨𝐫 ဖြစ်နေတယ်ဆိုရင်တော့ စမ်းကြည့်ဖို့ တိုက်တွန်းလိုက်ပါတယ်နော် ။