ပြီးခဲ့တဲ့ 𝐎𝐜𝐭𝐨𝐛𝐞𝐫 လမှာ အပြိုင်အဆိုင်ထွက်ရှိလာခဲ့တဲ့ 𝐐𝐮𝐚𝐥𝐜𝐨𝐦𝐦 𝐒𝐧𝐚𝐩𝐝𝐫𝐚𝐠𝐨𝐧 𝟖 𝐄𝐥𝐢𝐭𝐞 𝐜𝐡𝐢𝐩𝐬𝐞𝐭 နဲ့ 𝐌𝐞𝐝𝐢𝐚𝐓𝐞𝐤 𝐃𝐢𝐦𝐞𝐧𝐬𝐢𝐭𝐲 𝟗𝟒𝟎𝟎 𝐜𝐡𝐢𝐩𝐬𝐞𝐭 နှစ်ခုမှာ ဘယ် 𝐂𝐡𝐢𝐩𝐬𝐞𝐭 ကပိုပြီး ကြမ်းလဲ ပိုပြီးမိုက်လဲ
ဒီမေးခွန်းရဲ့ အဖြေကို သိရဖို့ဆိုရင်တော့ ဒီ 𝐂𝐡𝐢𝐩𝐬𝐞𝐭 နှစ်ခုအကြောင်းကို သေသေချာချာ သိထားဖို့ လိုပါလိမ့်မယ်
ဒီတော့ 𝐒𝐧𝐚𝐩𝐝𝐫𝐚𝐠𝐨𝐧 𝟖 𝐄𝐥𝐢𝐭𝐞 နဲ့ 𝐃𝐢𝐦𝐞𝐧𝐬𝐢𝐭𝐲 𝟗𝟒𝟎𝟎 ဆိုတဲ့ 𝐂𝐡𝐢𝐩𝐬𝐞𝐭 နှစ်ခုကြားက ကွာခြားတဲ့ အချက်လေးတွေကို အရင်ဆုံး ဖော်ပြပါမယ်
အဆုံးထိ ဖတ်လိုက်တာနဲ့ ဘယ် 𝐂𝐡𝐢𝐩𝐬𝐞𝐭 က ပိုကောင်းလဲဆိုတာ ကွဲကွဲပြားပြား သိရမှာပါ
𝐒𝐧𝐚𝐩𝐝𝐫𝐚𝐠𝐨𝐧 𝟖 𝐄𝐥𝐢𝐭𝐞 ဆိုတဲ့ 𝐂𝐡𝐢𝐩𝐬𝐞𝐭 က အရင်နှစ်တွေတုန်းက သုံးခဲ့တဲ့ 𝐂𝐨𝐫𝐭𝐞𝐱 𝐜𝐨𝐫𝐞 တွေကို ထပ်မသုံးတော့ဘဲနဲ့ 𝐎𝐫𝐲𝐨𝐧 ဆိုတဲ့ 𝐜𝐨𝐫𝐞 အသစ်ကို အသုံးပြုခဲ့ပါတယ်
𝐐𝐮𝐚𝐥𝐜𝐨𝐦𝐦 ရဲ့ ပြောဆိုချက်အရ ဒီ 𝐒𝐧𝐚𝐩𝐝𝐫𝐚𝐠𝐨𝐧 𝟖 𝐄𝐥𝐢𝐭𝐞 𝐂𝐡𝐢𝐩𝐬𝐞𝐭 အသစ်က 𝐐𝐮𝐚𝐥𝐜𝐨𝐦𝐦 ရဲ့ အရင်ထုတ်ခဲ့တဲ့ 𝐒𝐧𝐚𝐩𝐝𝐫𝐚𝐠𝐨𝐧 𝟖 𝐆𝐞𝐧 𝟑 လိုအကြမ်းစား 𝐂𝐡𝐢𝐩𝐬𝐞𝐭 ထက် 𝐏𝐞𝐫𝐟𝐨𝐫𝐦𝐚𝐧𝐜𝐞 အပိုင်းမှာ 𝟒𝟓% / 𝐏𝐨𝐰𝐞𝐫 𝐞𝐟𝐟𝐢𝐜𝐢𝐞𝐧𝐜𝐲 အပိုင်းမှာလည်း 𝟒𝟒% လောက် ပိုသာတဲ့ 𝐂𝐩𝐮 ဖြစ်ပါတယ်
𝐂𝐨𝐫𝐞 အနေနဲ့ 𝟒.𝟑𝟐𝐆𝐇𝐳 𝐏𝐫𝐢𝐦𝐞 𝐂𝐨𝐫𝐞 𝟐ခု 𝟑.𝟓𝟑𝐆𝐇𝐳 𝐏𝐞𝐫𝐟𝐨𝐫𝐦𝐚𝐧𝐜𝐞 𝐜𝐨𝐫𝐞𝐬 𝟔ခု ဆိုပြီး စုစုပေါင်း 𝐎𝐫𝐲𝐨𝐧 𝐂𝐨𝐫𝐞 𝟖 ခုထိပါဝင်ပါတယ်
တစ်ဖက်က 𝐃𝐢𝐦𝐞𝐧𝐬𝐢𝐭𝐲 𝟗𝟒𝟎𝟎 𝐂𝐡𝐢𝐩𝐬𝐞𝐭 မှာ 𝐀𝐫𝐦 𝐂𝐨𝐫𝐭𝐞𝐱-𝐗𝟗𝟐𝟓 𝟑.𝟔𝟓𝐆𝐇𝐳 𝐁𝐢𝐠 𝐂𝐨𝐫𝐞 𝟏ခု 𝟑.𝟑𝐆𝐇𝐳 𝐂𝐨𝐫𝐞 𝟑 ခု နဲ့ 𝟐.𝟒𝐆𝐇𝐳 𝐂𝐨𝐫𝐞 𝟒ခု စုစုပေါင်း 𝐂𝐨𝐫𝐭𝐞𝐱 𝐂𝐨𝐫𝐞 𝟖 ခုပါဝင်ပါတယ်
𝐌𝐞𝐝𝐢𝐚𝐓𝐞𝐤 ကလည်း ဒီ 𝐂𝐩𝐮 က အရင် 𝐂𝐩𝐮 တွေထက် 𝐒𝐢𝐧𝐠𝐥𝐞 𝐜𝐨𝐫𝐞 𝐩𝐞𝐫𝐟𝐨𝐫𝐦𝐚𝐧𝐜𝐞 အပိုင်း 𝟑𝟓% ၊ 𝐌𝐮𝐥𝐭𝐢-𝐜𝐨𝐫𝐞 𝐩𝐞𝐫𝐟𝐨𝐫𝐦𝐚𝐧𝐜𝐞 𝟐𝟖% ပိုမြန်မယ် ၊ နောက်ပြီးတော့ 𝐩𝐨𝐰𝐞𝐫 𝐞𝐟𝐟𝐢𝐜𝐢𝐞𝐧𝐜𝐲 အပိုင်းမှာလည်း 𝟒𝟎% လောက်ပိုသာမယ်ဆိုပြီး ပြောခဲ့ပါတယ်
ဒီအချက်တွေအရ 𝐒𝐧𝐚𝐩𝐝𝐫𝐚𝐠𝐨𝐧 𝟖 𝐄𝐥𝐢𝐭𝐞 က 𝐒𝐢𝐧𝐠𝐥𝐞-𝐜𝐨𝐫𝐞 𝐩𝐞𝐫𝐟𝐨𝐫𝐦𝐚𝐧𝐜𝐞 နဲ့
𝐌𝐮𝐥𝐭𝐢-𝐜𝐨𝐫𝐞 𝐩𝐞𝐫𝐟𝐨𝐫𝐦𝐚𝐧𝐜𝐞 အပိုင်းမှာ 𝐃𝐢𝐦𝐞𝐧𝐬𝐢𝐭𝐲 𝟗𝟒𝟎𝟎 𝐂𝐡𝐢𝐩𝐬𝐞𝐭 ထပ် 𝟏𝟎 % ကျော်ကျော်လောက် တစ်နည်းအားဖြင့် နှာတစ်ဖျားလောက်သာနေမှာပဲ ဖြစ်ပါတယ်
ဒါပေမဲ့ 𝐂𝐡𝐢𝐩𝐬𝐞𝐭 နှစ်ခုလုံးက 𝐅𝐥𝐚𝐠𝐬𝐡𝐢𝐩 𝐂𝐡𝐢𝐩𝐬𝐞𝐭 တွေ ဖြစ်တာမို့ နေ့စဉ်အသုံးပြုနေချိန်မှာတော့ ကွာခြားမှု ကြီးကြီးမားမားတွေ့ရမှာ မဟုတ်ပါဘူး
ဆိုတော့ 𝐂𝐡𝐢𝐩𝐬𝐞𝐭 နှစ်ခုရဲ့ ကွာခြားမှုကို ပြောရမယ်ဆိုရင် 𝐒𝐧𝐚𝐩𝐝𝐫𝐚𝐠𝐨𝐧 𝟖 𝐄𝐥𝐢𝐭𝐞 မှာ သုံးထားတဲ့ 𝐎𝐫𝐲𝐨𝐧 𝐜𝐨𝐫𝐞 က 𝐃𝐢𝐦𝐞𝐧𝐬𝐢𝐭𝐲 𝟗𝟒𝟎𝟎 မှာ သုံးထားတဲ့ 𝐂𝐨𝐫𝐭𝐞𝐱 𝐜𝐨𝐫𝐞 တွေထက်ပိုသာမယ်
ဒါပေမဲ့ 𝐃𝐢𝐦𝐞𝐧𝐬𝐢𝐭𝐲 𝟗𝟒𝟎𝟎 မှာပါတဲ့ 𝐆𝐩𝐮 (𝐈𝐦𝐦𝐨𝐫𝐭𝐚𝐥𝐢𝐬-𝐆𝟗𝟐𝟓 ) က 𝐆𝐫𝐚𝐩𝐡𝐢𝐜 အပိုင်းမှာ 𝐒𝐧𝐚𝐩𝐝𝐫𝐚𝐠𝐨𝐧 𝟖 𝐄𝐥𝐢𝐭𝐞 ရဲ့ 𝐆𝐩𝐮 (𝐀𝐝𝐫𝐞𝐧𝐨 𝟖𝟑𝟎 ) ထက် နည်းနည်းလေး ပိုသာမှာဖြစ်ပါတယ်
ဒီအချက်ကလည်း 𝐔𝐬𝐞𝐫 တွေ အသုံးပြုရတဲ့ အမြင်မှာတော့ အရမ်းကွဲပြားနေမှာ မဟုတ်ပါဘူး
ဒီအထိ ဖတ်ပြီးသွားပြီဆိုရင်တော့ အပေါ်မှာ မေးခဲ့တဲ့ ဘယ်သူပိုသာလဲဆိုတဲ့ မေးခွန်းရဲ့ အဖြေတွေကို သိလောက်ပြီလို့ ထင်ပါတယ်နော်
𝐂𝐩𝐮 နှစ်ခုရဲ့ 𝐏𝐞𝐫𝐟𝐨𝐫𝐦𝐚𝐧𝐜𝐞 ပိုင်းဟာ သိပ်မကွာပေမယ့် အသုံးပြုမဲ့ 𝐃𝐞𝐯𝐢𝐜𝐞 ရဲ့ အခြားသော 𝐒𝐩𝐞𝐜 တွေပေါ်မူတည်ပြီး ကွာခြားနိုင်တာတွေလည်း ရှိတာမို့ အခုပြောသွားတဲ့ အချက်တွေက အမြဲတမ်းမမှန်နိုင်တာကိုလည်း သတိပြုစေချင်ပါတယ်။