ပြီးခဲ့တဲ့ (𝟒) ရက်နေ့မှာ
𝐀𝐩𝐩𝐥𝐞 ကနေပြီးတော့ 𝐢𝐎𝐒 𝐔𝐬𝐞𝐫 တွေအတွက်
မွေးနေ့ပွဲ ၊ အိမ်တက် ၊ မင်္ဂလာပွဲ ၊ 𝐏𝐚𝐫𝐭𝐲 ပွဲ ၊ပွဲအမျိုးမျိုး စီစဉ်လို့ရတဲ့
𝐀𝐩𝐩𝐥𝐞 𝐈𝐧𝐯𝐢𝐭𝐞𝐬 ဆိုတဲ့ 𝐀𝐩𝐩𝐥𝐢𝐜𝐚𝐭𝐢𝐨𝐧 အသစ်တစ်ခုကို
မိတ်ဆက်ပေးခဲ့ပါတယ်
ဒီ 𝐀𝐩𝐩𝐥𝐢𝐜𝐚𝐭𝐢𝐨𝐧 က ပွဲအမျိုးမျိုး ၊ 𝐄𝐯𝐞𝐧𝐭 အမျိုးမျိုးအတွက်
𝐈𝐧𝐯𝐢𝐭𝐚𝐭𝐢𝐨𝐧 တွေကို ကိုယ်ကြိုက်သလို 𝐂𝐮𝐬𝐭𝐨𝐦𝐢𝐳𝐞 လုပ်ပြီး
ကိုယ်ဖိတ်ချင်တဲ့ သူတွေဆီကို ပို့လိုက်ရုံနဲ့
အလွယ်တကူ ဖိတ်လို့ရအောင် လုပ်ဆောင်ပေးတဲ့ 𝐀𝐩𝐩 တစ်ခုပဲဖြစ်ပါတယ်
သူ့ရဲ့ ထူးခြားပြီး သုံးလို့ကောင်းတဲ့ အချက်က 𝐈𝐧𝐯𝐢𝐭𝐚𝐭𝐢𝐨𝐧 ပို့ခံလိုက်ရတဲ့
သူတွေဆီကနေ လာမယ် ၊မလာဘူးဆိုတဲ့ အကြောင်းပြန်ချက်တွေကို
𝐀𝐩𝐩𝐥𝐢𝐜𝐚𝐭𝐢𝐨𝐧 ထဲမှာ ပြန်ကြည့်လို့ရပြီးတော့
လာမဲ့သူ ၊ မလာမဲ့သူတွေကို အုပ်စုခွဲပြီး
အလွယ်တကူ ကြည့်လို့ရတဲ့အချက်ပါပဲ
ပုံတွေ 𝐀𝐥𝐛𝐮𝐦𝐬 တွေကိုလည်း
ဒီ 𝐀𝐩𝐩 ထဲမှာ တစ်စုတစ်စည်းတည်း ကြည့်လို့ရပါသေးတယ်
𝐀𝐩𝐩𝐥𝐞 𝐌𝐮𝐬𝐢𝐜 𝐏𝐥𝐚𝐲𝐥𝐢𝐬𝐭 နဲ့ပါ တွဲသုံးလို့ရတာမို့ ကိုယ်လုပ်တဲ့ 𝐈𝐧𝐯𝐢𝐭𝐚𝐭𝐢𝐨𝐧 တွေထဲမှာ
သီချင်းတွေထည့်လို့ရပါတယ်
နောက်ပြီး 𝐀𝐩𝐩𝐥𝐞 𝐈𝐧𝐯𝐢𝐭𝐞 𝐀𝐩𝐩 မှာ
𝐀𝐩𝐩𝐥𝐞 𝐈𝐧𝐭𝐞𝐥𝐥𝐢𝐠𝐞𝐧𝐜𝐞 သုံးပေးထားတာကြောင့်
𝐈𝐧𝐯𝐢𝐭𝐚𝐭𝐢𝐨𝐧 လက်ခံပြီး ပွဲလာမဲ့သူတွေအတွက်
ကိုယ်ပွဲစီစဉ်ထားတဲ့ နေ့မှာ ရာသီဥတု ဘယ်လိုအခြေအနေ ရှိမလဲ
ပွဲကို ဘယ်လမ်းတွေက လာရမလဲဆိုတာတွေကအစ 𝐀𝐩𝐩 ထဲမှာ ကြည့်လို့ရမှာပါ
မိတ်ဆက်ထားတာ မကြာသေးပေမဲ့
အခုလို အရမ်းမိုက်တဲ့ 𝐅𝐞𝐚𝐭𝐮𝐫𝐞 တွေကြောင့် 𝐀𝐩𝐩𝐥𝐞 𝐈𝐧𝐯𝐢𝐭𝐞 𝐀𝐩𝐩𝐥𝐢𝐜𝐚𝐭𝐢𝐨𝐧 ကို
ကမ္ဘာတစ်ဝန်းမှာ သုံးစွဲသူတွေ အများအပြား ရှိနေပါပြီ။