Google Pixel နဲ့ Samsung ဖုန်းတွေပေါ်မှာ စတင်မိတ်ဆက်ခဲ့တဲ့ Google ရဲ့ Circle To Search က အခုဆိုရင် Xiaomi ရဲ့ 14T Series နဲ့ Xiaomi Mix Flip ဖုန်းတွေမှာပါ သုံးလို့ရလာတော့မှာဖြစ်ပါတယ်။
အရင်ကဆိုရင် လိုင်းသုံးနေရင်း တွေ့မိတဲ့ ဓာတ်ပုံကနေ တစ်ခုခုကိုသိချင်တယ်ဆိုရင် ပုံကို Save တာပဲဖြစ်ဖြစ် Screenshot ရိုက်တာပဲဖြစ်ဖြစ် အရင်လုပ်ပြီးမှ Google Lens လိုမျိုး Search Engine တစ်ခုခုသုံးပြီးမှ ရှာခဲ့ရတာပဲဖြစ်ပါတယ်။
ဒီ Feature ကတော့ ဓာတ်ပုံတွေကနေပြီး ကိုယ်သိချင်တဲ့ အကြောင်းအရာတစ်ခုခုရှိတယ်ဆိုရင် Screenshot ရိုက်တာ Save တာတွေလုပ်စရာမလိုတော့ပဲ Circle To Search ကို Activate လုပ်ပြီး ကိုယ်သိချင်တဲ့အပိုင်းကို စက်ဝိုင်းလေးဝိုင်းလိုက်ရုံနဲ့ အဲ့ဒီအရာနဲ့ပတ်သက်တဲ့ Data တွေအကုန်လုံးကိုရှာလို့ရမှာပဲဖြစ်ပါတယ်။
Circle To Search ကိုသုံးဖို့ဆိုရင်တော့ ဖုန်းကို Software Update နောက်ဆုံး Version တင်ထားပေးရပါမယ်။
ပြီးရင်တော့ Home Button ကိုဖိထားပြီး ကိုယ်ရှာချင်တဲ့အပိုင်းကို စက်ဝိုင်းလေး ဝိုင်းလိုက်ရုံပါပဲ။
Circle To Search Feature ကို လက်ရှိမှာတော့ Xiaomi Mix Flip နဲ့ Xiaomi 14T Series တွေမှာပဲ သုံးလို့ရဦးမှာဖြစ်ပြီး နောက်ပိုင်းမှာတော့ အခြား Model တွေမှာပါ သုံးလို့ရလာနိုင်ပါတယ်။