iOS 18 Update တင်ထားပြီးပြီဆိုရင် ကိုယ့်ရဲ့ Privacy ပိုပြီးလုံခြုံစေဖို့အတွက်
Applications တွေကို ဒီလိုမျိုး Lock ခတ်ထားလို့ရပါတယ်။
ပထမဆုံး ကိုယ် Lock ခတ်ထားချင်တဲ့ App ကို ဖိထားလိုက်ပြီး Require Passcode ကိုနှိပ်လိုက်မယ်။
ကိုယ်က Face ID နဲ့ထားထားရင်တော့ Require Face ID လို့ပေါ်နေပါလိမ့်မယ်။
Passcode ထည့်ဖို့ကျလာပြီဆိုရင် ကိုယ်ထားချင်တဲ့ ဂဏန်း 6 လုံးကို ရေးလိုက်ပြီး Done ကိုနှိပ်လိုက်ပါ။
App ထဲကိုဝင်မယ်ဆိုရင် ခုနက ကိုယ်ရိုက်ထည့်လိုက်တဲ့ Passcode ကိုရေးပြီးမှသာ
ဝင်လို့ရတော့မှာ ဖြစ်ပါတယ်။