Series 10 မှာ Design ပိုင်းကို အထူးပြောင်းလဲထားပြီး Thickness ကလည်း
အရင် Series တွေထက် ပိုပါးသွားပါတယ်။ နောက်ပြီး Screen Size ကလည်း ကြီးလာမှာဖြစ်ပါတယ်။
Screen ကြီးလာပေမယ့် Series 9 ထက် 20% ထိ ပိုပေါ့တာမလို့ Day to Day ဝတ်ဆင်ချိန်မှာ သက်တောင့်သက်သာရှိစေမှာပါ။
Brightness Level ကလည်း ပိုကောင်းလာပြီး Display က Wide-Angle နဲ့ဆိုတော့ သုံးရတာ တော်တော်ကြီးကို မိုက်လာမှာပါ။
Body ပိုင်းကို ကြည့်မယ်ဆိုရင်လည်း Titanium Case နဲ့ Aluminum Case ဆိုပြီး (2) မျိုးထွက်ထားပြီး
Case တစ်ခုစီမှာ Color (3) မျိုး ရွေးချယ်နိုင်ပါတယ်။
SiP 10 Chipset ကိုသုံးပေးထားတာမလို့ Performance ပိုင်းမှာလည်း အပြစ်ပြောစရာမရှိပါဘူး။
မိနစ် (30) အားသွင်းထားရုံနဲ့ 80% ထိ အားပြည့်နိုင်မှာဆိုတော့ Charging ပိုင်းမှာလည်း တော်တော်လေးကိုအားရစရာပါပဲ။
Watch OS11 ကိုသုံးပေးထားတာကြောင့် Apple Intelligence Features တွေကို အသုံးပြုနိုင်မှာဖြစ်ပြီး
AI နဲ့ Translation တွေကိုပါ Watch ပေါ်မှာ လုပ်လို့ရလာတော့မှာပါ။
ညဘက်အိပ်နေတုန်း ရုတ်တရက်အသက်ရှူရပ်တဲ့ Sleep Apnea ဖြစ်စဉ်ကို သတိပေးတဲ့ ကျန်းမာရေးအထောက်အကူပြု Function တွေအပြင် အခြား Function တွေကိုလည်း အသုံးပြုနိုင်ဦးမှာပါ။
ကဲ…ဒါဆိုရင် ဒီ Series 10 က လိုချင်တာတွေနဲ့ ကွက်တိဖြစ်ရဲ့လားဆိုတာ Comment မှာ မန့်ခဲ့ပေးပါဦး။