Model အသစ်ထွက်ရှိတိုင်း Feature အသစ်တွေနဲ့ Hardware ပိုင်း အဆင့်မြှင့်တင်မှုတွေကိုချပြလေ့ရှိတဲ့ Apple က
ဒီတစ်ခေါက်မှာလည်း Apple intelligence လို အမိုက်ဆုံး Feature တွေ တိုးမြှင့်ထားတာကြောင့် Hardware ပိုင်းအဆင့်မြှင့်တင်မှုအတွက် ထုတ်လုပ်မှုကုန်ကျစရိတ်တွေ အနည်းနဲ့အများတိုးနေမှာသေချာပါတယ်။
ဒါပေမယ့် တစ်ဖက်မှာလည်း ကမ္ဘာလုံးဆိုင်ရာ စီးပွားရေးအကျပ်အတည်းတွေ၊
Price Tag မြင့်လွန်းရင် ကြီးမားကျယ်ပြန့်တဲ့ ဈေးကွက်ထဲ ယှဉ်ပြိုင်နိုင်စွမ်း လျော့ကျနိုင်ခြေရှိတာတွေကြောင့် လက်လှမ်းမီဖို့ခက်တဲ့ Price မျိုးတွေ ဖြစ်လာဖို့တော့ မရှိဘူးလို့ဆိုကြပါတယ်။
အတိအကျတော့မဟုတ်သေးပေမယ့် ခန့်မှန်းချက်အများစုအရတော့
iPhone 16 ရဲ့ ဈေးက Storage ကိုလိုက်လို့ $799 ကနေ $ 1099 ကြားရှိမယ်၊ 16 Plus က $899 ကနေ $1199 ကြားရှိမယ်၊ 16 Pro က $1099 ကနေ $1599 ကြား ရှိမယ်လို့ ဆိုထားပါတယ်။
Starting Price တွေကတော့ မပြောင်းမလဲ ရှိနေဆဲဖြစ်ပြီး Storage ကိုလိုက်လို့ မြင့်တက်သွားမယ့် Price Rage တွေက လည်း မဆိုးဘူးလို့ ဆိုရမှာဆိုတော့ အားလုံးပဲ ရင်ခုန်စွာနဲ့ စောင့်မျှော်လိုက်ကြရအောင်။