𝐀𝐩𝐩𝐥𝐞 က နောက်ထွက်မဲ့ 𝐢𝐏𝐡𝐨𝐧𝐞 𝐎𝐩𝐞𝐫𝐚𝐭𝐢𝐧𝐠 𝐒𝐲𝐬𝐭𝐞𝐦 အသစ်ကို 𝟐𝟎𝟐𝟓 ခုနှစ် 𝐖𝐖𝐃𝐂 မှာ ကြေညာမယ်လို့ 𝐑𝐮𝐦𝐨𝐫 တွေထွက်နေပါတယ်
နောက်ထွက်မဲ့ 𝐕𝐞𝐫𝐬𝐢𝐨𝐧 ကို 𝐢𝐎𝐒 𝟏𝟗 မဟုတ်ဘဲ 𝐢𝐎𝐒 𝟐𝟔 လို့ အမည်ပေးဖို့ 𝐀𝐩𝐩𝐥𝐞 က စီစဉ်နေတာဖြစ်ပြီး
ဒါဟာ 𝐢𝐎𝐒 𝟏𝟖 ကနေ 𝐢𝐎𝐒 𝟏𝟗 ကိုမသွားတော့ဘဲ တစ်ခုတည်းသော 𝐒𝐲𝐬𝐭𝐞𝐦 𝐕𝐞𝐫𝐬𝐢𝐨𝐧 တစ်ခုအဖြစ်
နောက်လာမဲ့နှစ် 𝟐𝟎𝟐𝟔 နဲ့ ကိုက်ညီအောင် 𝐕𝐞𝐫𝐬𝐢𝐨𝐧 𝐍𝐨. ကို တစ်ခုတည်းသုံးမယ်လို့ ဆိုတာပါ
𝐀𝐩𝐩𝐥𝐞 က သူ့ရဲ့ 𝐢𝐎𝐒, 𝐢𝐏𝐚𝐝𝐎𝐒, 𝐦𝐚𝐜𝐎𝐒, 𝐰𝐚𝐭𝐜𝐡𝐎𝐒, 𝐭𝐯𝐎𝐒 နဲ့ 𝐯𝐢𝐬𝐢𝐨𝐧𝐎𝐒 တို့ရဲ့ 𝐯𝐞𝐫𝐬𝐢𝐨𝐧 နံပါတ်တွေကို တူအောင် စနစ်တကျညှိဖို့ ဒီလို 𝐯𝐞𝐫𝐬𝐢𝐨𝐧 ကိုလုပ်တာဖြစ်ပါတယ်။
ဆိုတော့ 𝐢𝐎𝐒 𝟐𝟔 မှာ ဘာတွေပြောင်းလဲလာနိုင်မလဲ…
📌𝐍𝐞𝐰 𝐃𝐞𝐬𝐢𝐠𝐧 – 𝐒𝐨𝐥𝐚𝐫𝐢𝐮𝐦
𝐢𝐎𝐒 𝟐𝟔 မှာ “𝐒𝐨𝐥𝐚𝐫𝐢𝐮𝐦” လို့အမည်ရတဲ့ 𝐯𝐢𝐬𝐮𝐚𝐥 𝐝𝐞𝐬𝐢𝐠𝐧 အသစ်တစ်ခု ထည့်သွင်းလာမှာ ဖြစ်ပါတယ်
𝐃𝐞𝐬𝐢𝐠𝐧 အသစ်က 𝐯𝐢𝐬𝐢𝐨𝐧𝐎𝐒 ကို အခြေခံထားပြီးထုတ်လုပ်ထားတာပါ
📌 𝐀𝐩𝐩𝐥𝐞 𝐈𝐧𝐭𝐞𝐥𝐥𝐢𝐠𝐞𝐧𝐜𝐞 (𝐀𝐈)
𝐢𝐎𝐒 𝟏𝟖 မှာ စတင်မိတ်ဆက်ခဲ့တဲ့ 𝐀𝐩𝐩𝐥𝐞 𝐈𝐧𝐭𝐞𝐥𝐥𝐢𝐠𝐞𝐧𝐜𝐞 ကို 𝐢𝐎𝐒 𝟐𝟔 မှာ ပိုမိုအသုံးဝင်လာအောင်ပြုလုပ်ထားမယ်လို့လည်းသိရပါတယ်
📌𝐆𝐚𝐦𝐞 𝐏𝐥𝐚𝐭𝐟𝐨𝐫𝐦
𝐀𝐩𝐩𝐥𝐞 က 𝐆𝐚𝐦𝐞 𝐂𝐞𝐧𝐭𝐞𝐫 နဲ့ 𝐀𝐩𝐩𝐥𝐞 𝐀𝐫𝐜𝐚𝐝𝐞 ကို ပေါင်းစည်းပြီး 𝐠𝐚𝐦𝐞 𝐚𝐩𝐩 အသစ်တစ်ခု ထုတ်ဖို့စီစဉ်နေပါတယ်
အဲ့ဒီ 𝐚𝐩𝐩 မှာ 𝐢𝐏𝐡𝐨𝐧𝐞, 𝐢𝐏𝐚𝐝, 𝐌𝐚𝐜, 𝐀𝐩𝐩𝐥𝐞 𝐓𝐕 စတဲ့ 𝐝𝐞𝐯𝐢𝐜𝐞𝐬 တွေအတွက် ဂိမ်းတွေအားလုံး စုပုံထားနိုင်မဲ့နေရာ ဖြစ်လာမှာပါ။