𝐆𝐨𝐨𝐠𝐥𝐞 𝐌𝐚𝐩𝐬 𝐓𝐫𝐚𝐟𝐟𝐢𝐜 𝐃𝐚𝐭𝐚 ဆိုတာ
𝐆𝐨𝐨𝐠𝐥𝐞 𝐌𝐚𝐩𝐬 နဲ့ တခြား 𝐆𝐨𝐨𝐠𝐥𝐞 ရဲ့ ဝန်ဆောင်မှုတွေမှာ အသုံးပြုတဲ့
လမ်းပိတ်ဆို့မှု၊ ယာဉ်ကြောအခြေအနေတွေကို စဉ်ဆက်မပြတ် စောင့်ကြည့်ပြီး
ပြသပေးတဲ့ ဒေတာတွေဖြစ်ပါတယ်။
ဒီ 𝐃𝐚𝐭𝐚 တွေကို အချိန်နဲ့တစ်ပြေးညီ (𝐑𝐞𝐚𝐥-𝐭𝐢𝐦𝐞) နဲ့ အတိတ်ကာလအချက်အလက်တွေကို
အခြေခံပြီး ခန့်မှန်းတဲ့ ယာဉ်ကြောအခြေအနေ (𝐏𝐫𝐞𝐝𝐢𝐜𝐭𝐢𝐯𝐞 𝐓𝐫𝐚𝐟𝐟𝐢𝐜) အဖြစ်လည်း ပြသပေးနိုင်ပါတယ်။
𝐆𝐨𝐨𝐠𝐥𝐞 𝐌𝐚𝐩𝐬 𝐓𝐫𝐚𝐟𝐟𝐢𝐜 𝐃𝐚𝐭𝐚 က …
𝐆𝐏𝐒 𝐃𝐚𝐭𝐚 𝐟𝐫𝐨𝐦 𝐌𝐨𝐛𝐢𝐥𝐞 𝐃𝐞𝐯𝐢𝐜𝐞𝐬
𝐆𝐨𝐨𝐠𝐥𝐞 𝐌𝐚𝐩 ကို အသုံးပြုတဲ့ ဖုန်းတွေရဲ့ 𝐆𝐏𝐒 ကဒေတာတွေကို စုဆောင်းပါတယ်
(ဥပမာ- လမ်းပေါ်က ကားတွေရဲ့ အမြန်နှုန်းကို တိုင်းတာပြီး ယာဉ်ကြောအခြေအနေကို ခန့်မှန်းပေးနိုင်ပါတယ်)
𝐖𝐚𝐳𝐞 𝐀𝐩𝐩 (𝐂𝐫𝐨𝐰𝐝𝐬𝐨𝐮𝐫𝐜𝐞𝐝 𝐃𝐚𝐭𝐚)
𝐖𝐚𝐳𝐞 𝐚𝐩𝐩 ကနေ ရတဲ့ဒေတာတွေကို ယူပါတယ်
𝐖𝐚𝐳𝐞 သုံးစွဲသူတွေက မတော်တဆမှု၊ လမ်းပိတ်ဆို့မှု၊ ယာဉ်ကြောထူထပ်မှုတွေကို
ရိုက်ကူးပြီး မျှဝေတဲ့အတွက် 𝐆𝐨𝐨𝐠𝐥𝐞 𝐌𝐚𝐩𝐬 က ဒီဒေတာတွေကို ပေါင်းစပ်အသုံးပြုတာပါ
𝐋𝐨𝐜𝐚𝐥 𝐓𝐫𝐚𝐧𝐬𝐩𝐨𝐫𝐭𝐚𝐭𝐢𝐨𝐧 𝐀𝐮𝐭𝐡𝐨𝐫𝐢𝐭𝐢𝐞𝐬
သယ်ယူပို့ဆောင်ရေးအဖွဲတွေရဲ့ တရားဝင် ယာဉ်ကြောဒေတာတွေကို လည်း အသုံးပြုပါတယ်။
𝐇𝐢𝐬𝐭𝐨𝐫𝐢𝐜𝐚𝐥 𝐓𝐫𝐚𝐟𝐟𝐢𝐜 𝐃𝐚𝐭𝐚
ယာဉ်ကြောအခြေအနေတွေကို လေ့လာပြီး အလားတူအချိန်တွေမှာ
ဘယ်လိုယာဉ်ကြောဖြစ်နိုင်မလဲဆိုတာ ခန့်မှန်းပါတယ်။
(ဥပမာ- နေ့စဉ် ညနေ ၅နာရီ ရုံးဆင်းချိန်တွေမှာ ဘယ်လမ်းမကြီးတွေက ပုံမှန်အားဖြင့် ဘယ်လိုပိတ်လေ့ရှိသလဲ)
နောက်ပြီး 𝐆𝐨𝐨𝐠𝐥𝐞 𝐌𝐚𝐩𝐬 𝐓𝐫𝐚𝐟𝐟𝐢𝐜 𝐃𝐚𝐭𝐚 ကို အဝါ ၊ အစိမ်း ၊ အနီ စတဲ့
အရောင်တွေနဲ့ ဖော်ပြပေးပါတယ်
အဓိက ကတော့ 𝐆𝐨𝐨𝐠𝐥𝐞 𝐦𝐚𝐩 𝐓𝐫𝐚𝐟𝐟𝐢𝐜 𝐃𝐚𝐭𝐚 ဆိုတာက
အချိန်နဲ့တစ်ပြေးညီ ယာဉ်ကြောအခြေအနေကို သိရှိစေနိုင်ပြီး
ကိုယ်လမ်းခရီးအဆင်ပြေဖို့အတွက် အကောင်းဆုံးလမ်းကြောင်းရွေးချယ်မှု ကိုပြပေးမဲ့ 𝐅𝐞𝐚𝐭𝐮𝐫𝐞 တစ်ခုဖြစ်ပါတယ်
သို့ပေမဲ့ အရင်ရက်ပိုင်းတွေမှာပဲ 𝐆𝐞𝐫𝐦𝐚𝐧𝐲 နိုင်ငံက
လူတစ်ယောက်ဟာ
ဖုန်းတော်တော်များများကို လက်ဆွဲလှည်းလေးထဲထည့်ပြီး
𝐆𝐨𝐨𝐠𝐥𝐞 𝐌𝐚𝐩𝐬 𝐓𝐫𝐚𝐟𝐟𝐢𝐜 𝐃𝐚𝐭𝐚 က တလွဲပါဆိုတာက သက်သေပြသွားပါတယ်
သူက လှည်းထဲမှာထည့်ထားတဲ့ ဖုန်းတွေကို 𝐋𝐨𝐜𝐚𝐭𝐢𝐨𝐧 ဖွင့်ထားပြီး
𝐆𝐨𝐨𝐠𝐥𝐞 𝐌𝐚𝐩𝐬 ရဲ့ 𝐒𝐭𝐫𝐞𝐞𝐭 𝐃𝐚𝐭𝐚 ကြည့်လိုက်တော့ လမ်းကြောဟာပိတ်နေတယ်ဆိုပြီး
မီးနီလေးတွေပြနေတာပါ
ဒါပေမဲ့ ထိုသူရဲ့ ပြောကြားချက်အရ
အဲ့ဒီလမ်းမှာ သူတစ်ယောက်တည်းရှိပြီး လမ်းဟာလည်းတစ်လမ်းလုံးရှင်းနေခဲ့တယ်ဆိုတာပါ။