𝐢𝐏𝐡𝐨𝐧𝐞 တွေရဲ့ 𝐋𝐨𝐜𝐤 𝐒𝐜𝐫𝐞𝐞𝐧 မှာရှိတဲ့
𝐒𝐡𝐨𝐫𝐭𝐜𝐮𝐭 တွေကို စိတ်ကြိုက်အပြောင်းအလဲလုပ်လို့ရတာ
အားလုံးလည်းသိပြီးသားဖြစ်မှာပါ
မကြာသေးခင်ကထွက်ထားတဲ့ 𝐢𝐎𝐒 𝟏𝟖.𝟒 မှာ
𝐎𝐩𝐞𝐧 𝐒𝐩𝐞𝐜𝐢𝐟𝐢𝐜 𝐌𝐞𝐬𝐬𝐚𝐠𝐞𝐬 𝐂𝐨𝐧𝐯𝐞𝐫𝐬𝐚𝐭𝐢𝐨𝐧 ဆိုတဲ့ 𝐀𝐜𝐭𝐢𝐨𝐧 အသစ်တစ်ခု
𝐒𝐡𝐨𝐫𝐭𝐜𝐮𝐭𝐬 𝐀𝐩𝐩 ထဲမှာပါလာပါတယ်
ဒါလေးက 𝐋𝐨𝐜𝐤 𝐒𝐜𝐫𝐞𝐞𝐧 မှာရှိတဲ့ 𝐒𝐡𝐨𝐫𝐭𝐜𝐮𝐭 တွေနေရာမှာ
ကိုယ် 𝐌𝐞𝐬𝐬𝐚𝐠𝐞 ပို့နေကျသူကို 𝐌𝐞𝐬𝐬𝐚𝐠𝐞𝐬 𝐀𝐩𝐩 ထဲဝင်နေစရာမလိုဘဲ
𝐋𝐨𝐜𝐤 𝐒𝐜𝐫𝐞𝐞𝐧 ကနေတစ်ချက်နှိပ်လိုက်ရုံနဲ့ 𝐂𝐡𝐚𝐭 𝐂𝐨𝐧𝐯𝐞𝐫𝐬𝐚𝐭𝐢𝐨𝐧 ထဲတန်းဝင်သွားမှာပါ
တစ်ကိုယ်တည်း 𝐅𝐚 သမားတွေအတွက် တော့သိပ်ထူးဆန်းနေမှာမဟုတ်ပေမဲ့
ချစ်သူရည်စားရှိတဲ့သူတွေအတွက်တော့ တစ်ချက်နှိပ်လိုက်တာနဲ့
𝐂𝐨𝐧𝐯𝐞𝐫𝐬𝐚𝐭𝐢𝐨𝐧 ထဲတန်းရောက်သွားမှာဖြစ်လို့
အမြဲအတူတူရှိနေသလို ခံစားရစေမှာပါ
ဘယ်လိုလုပ်ရမလဲဆိုတော့ …..
𝐒𝐡𝐨𝐫𝐭𝐜𝐮𝐭𝐬 𝐀𝐩𝐩 ထဲကိုဝင်ပြီး (+) 𝐁𝐮𝐭𝐭𝐨𝐧 လေးကို နှိပ်ပါမယ်
ပြီးတော့ “𝐎𝐩𝐞𝐧 𝐂𝐨𝐧𝐯𝐞𝐫𝐬𝐚𝐭𝐢𝐨𝐧” ဆိုပြီး 𝐀𝐜𝐭𝐢𝐨𝐧 ထည့်လိုက်ပါမယ်
𝐎𝐩𝐞𝐧 𝐂𝐨𝐧𝐯𝐞𝐫𝐬𝐚𝐭𝐢𝐨𝐧 ကိုနှိပ်ပြီး ကိုယ့်ထည့်ချင်တဲ့ 𝐂𝐨𝐧𝐭𝐚𝐜𝐭 ကိုထည့်လိုက်လို့ရပါပြီ
အဲ့ဒါတွေပြီးရင်တော့ ပုံမှန် အတိုင်း
𝐋𝐨𝐜𝐤 𝐒𝐜𝐫𝐞𝐞𝐧 လေးကိုဖိပြီး 𝐂𝐮𝐬𝐭𝐨𝐦𝐢𝐳𝐞 > 𝐋𝐨𝐜𝐤 𝐒𝐜𝐫𝐞𝐞𝐧
ပြီးရင်တော့ အောက်မှာရှိတဲ့ 𝐒𝐡𝐨𝐫𝐭𝐜𝐮𝐭 ကို (-) လေးနှိပ်ပြီး
(+) 𝐢𝐜𝐨𝐧 လေးနဲ့ စောစောကလုပ်ထားတဲ့
𝐂𝐡𝐚𝐭 𝐂𝐨𝐧𝐯𝐞𝐫𝐬𝐚𝐭𝐢𝐨𝐧 ကို 𝐒𝐡𝐨𝐫𝐭𝐜𝐮𝐭 𝐀𝐩𝐩 လေးကနေဝင်ပြီးထည့်လိုက်လို့ရပါပြီ။