မကြာခင် 𝐢𝐎𝐒 𝟏𝟖.𝟒 လည်းထွက်ရှိလာတော့မှာဆိုတော့
သုံးစွဲသူကျေနပ်စေဖို့ 𝐀𝐩𝐩𝐥𝐞 ကနေပြီး အလန်းစား 𝐅𝐞𝐚𝐭𝐮𝐫𝐞 တွေကို
ထည့်သွင်း ပေးတော့မယ်လို့ 𝐑𝐮𝐦𝐨𝐫 တွေထွက်ရှိနေပါတယ်
အဲ့ဒီထဲကမှ 𝐔𝐬𝐞𝐫 တွေသဘောကျစေလောက်မဲ့ 𝐅𝐞𝐚𝐭𝐮𝐫𝐞 တချို့ကိုဖော်ပြပေးပါမယ်
𝐂𝐨𝐧𝐭𝐫𝐨𝐥 𝐂𝐞𝐧𝐭𝐞𝐫 𝐔𝐩𝐝𝐚𝐭𝐞𝐬 : 𝐒𝐢𝐫𝐢 ကိုစကားပြောတာတွေ၊ စာရေးတာတွေနဲ့ 𝐕𝐢𝐬𝐮𝐚𝐥 𝐈𝐧𝐭𝐞𝐥𝐥𝐢𝐠𝐞𝐧𝐜𝐞 ကိုပါ
𝐅𝐮𝐧𝐜𝐭𝐢𝐨𝐧 အသစ်တွေထည့်သွင်းပေးမှာပါ
ဆိုတော့ တိုင်ပတ်နေတဲ့ 𝐀𝐩𝐩𝐥𝐞 𝐈𝐧𝐭𝐞𝐥𝐥𝐢𝐠𝐞𝐧𝐜𝐞 က 𝐢𝐎𝐒 𝟏𝟖.𝟒 မှာပြန်ပြီး အဆင်ပြေလာနိုင်မလား
𝐂𝐮𝐬𝐭𝐨𝐦 𝐏𝐫𝐢𝐨𝐫𝐢𝐭𝐲 𝐍𝐨𝐭𝐢𝐟𝐢𝐜𝐚𝐭𝐢𝐨𝐧𝐬 : 𝐀𝐈-𝐩𝐨𝐰𝐞𝐫𝐞𝐝 𝐏𝐫𝐢𝐨𝐫𝐢𝐭𝐲 𝐍𝐨𝐭𝐢𝐟𝐢𝐜𝐚𝐭𝐢𝐨𝐧𝐬 𝐭𝐨𝐨𝐥 ထဲမှာ ပါဝင်မဲ့
𝐀𝐩𝐩 တွေကို ကိုယ့်စိတ်ကြိုက်ရွေးချယ်နိုင်မှာပါ
𝐄𝐕 𝐑𝐨𝐮𝐭𝐢𝐧𝐠 𝐢𝐧 𝐀𝐩𝐩𝐥𝐞 𝐌𝐚𝐩𝐬 : 𝐀𝐩𝐩𝐥𝐞 𝐌𝐚𝐩𝐬 မှာ 𝐄𝐥𝐞𝐜𝐭𝐫𝐢𝐜 𝐕𝐞𝐡𝐢𝐜𝐥𝐞 (𝐄𝐕) မောင်းသူတွေအတွက် လမ်းခရီးမှာအဆင်ပြေစေဖို့ ကြိုတင်စီစဉ်ပေးတဲ့ 𝐅𝐞𝐚𝐭𝐮𝐫𝐞 ဖြစ်ပါတယ်။ လမ်းကြောင်းတစ်လျှောက်မှာရှိတဲ့ 𝐄𝐕 𝐂𝐡𝐚𝐫𝐠𝐢𝐧𝐠 𝐒𝐭𝐚𝐭𝐢𝐨𝐧 တွေကို အလိုအလျောက်ထည့်သွင်းပေးပါတယ်
ဒါ့အပြင် ကားရဲ့ လက်ရှိ 𝐁𝐚𝐭𝐭𝐞𝐫𝐲 𝐥𝐞𝐯𝐞𝐥 နဲ့ ခရီးစဉ်အတွက် လိုအပ်တဲ့ 𝐂𝐡𝐚𝐫𝐠𝐢𝐧𝐠 𝐒𝐭𝐨𝐩 ကို အတိအကျတွက်ချက်ပေးပါတယ်
ဒါက 𝐄𝐕 ကား ကြိုက်နှစ်သက်တဲ့သူတွေအတွက် သိပ်ကိုအဆင်ပြေစေမှာပါ။
တစ်ခုရှိတာက 𝐀𝐩𝐩𝐥𝐞 𝐌𝐚𝐩𝐬 က မြန်မာနိုင်ငံမှာ လမ်းညွှန်မှုနဲ့ မြေပုံဆောင်ရွက်ချက်တွေကို ကန့်သတ်ချက်နဲ့ ပံ့ပိုးပေးထားပြီး 𝐄𝐕 𝐂𝐡𝐚𝐫𝐠𝐢𝐧𝐠 𝐒𝐭𝐚𝐭𝐢𝐨𝐧𝐬 တွေရဲ့ အချက်အလက်တွေ 𝐀𝐩𝐩𝐥𝐞 𝐌𝐚𝐩𝐬 မှာ ပြည့်စုံစွာ ထည့်သွင်းထားမထားဆိုတာကို သေချာစစ်ဆေးဖို့ လိုပါတယ်
𝐀𝐩𝐩𝐥𝐞 𝐍𝐞𝐰𝐬+ 𝐅𝐨𝐨𝐝 : 𝐀𝐩𝐩𝐥𝐞 𝐍𝐞𝐰𝐬+ ရဲ့ ထပ်ဆောင်း 𝐅𝐞𝐚𝐭𝐮𝐫𝐞 တစ်ခုဖြစ်ပြီး ဟင်းချက်နည်းတွေ၊ အစားအစာနဲ့ ပတ်သက်တဲ့ ဆောင်းပါးတွေ ချက်ပြုတ်နည်းလမ်းညွှန်တွေကို စုစည်းပေးထားတဲ့ ကဏ္ဍတစ်ခုဖြစ်ပါတယ်
ဒီ 𝐅𝐞𝐚𝐭𝐮𝐫𝐞 က 𝐀𝐩𝐩𝐥𝐞 𝐍𝐞𝐰𝐬+ အသုံးပြုသူတွေအတွက် ချက်ပြုတ်နည်းတွေနဲ့ အစားအစာဆိုင်ရာ ပညာရပ်တွေကို လွယ်ကူစွာ ရှာဖွေလေ့လာနိုင်စေဖို့ ရည်ရွယ်ထားတဲ့ 𝐅𝐞𝐚𝐭𝐮𝐫𝐞 လေးဖြစ်ပါတယ်
တစ်နေ့တစ်နေ့ ဘာချက်ရမလဲဆိုတာစဉ်းစားရခက်နေတဲ့ အိမ်ရှင်မ တွေအတွက်တော့ အသုံးဝင်မှာအသေအချာပါပဲ
𝐍𝐞𝐰 𝐄𝐦𝐨𝐣𝐢 : အိပ်ချင်မူးတူးဖြစ်နေတဲ့ 𝐄𝐦𝐨𝐣𝐢 လေးအပြင် 𝐁𝐚𝐠𝐬 𝐮𝐧𝐝𝐞𝐫 𝐞𝐲𝐞𝐬, 𝐅𝐢𝐧𝐠𝐞𝐫𝐩𝐫𝐢𝐧𝐭, 𝐥𝐞𝐚𝐟𝐥𝐞𝐬𝐬 𝐭𝐫𝐞𝐞, 𝐑𝐨𝐨𝐭 𝐯𝐞𝐠𝐞𝐭𝐚𝐛𝐥𝐞, 𝐇𝐚𝐫𝐩, 𝐒𝐡𝐨𝐯𝐞𝐥 နဲ့ 𝐒𝐩𝐥𝐚𝐭𝐭𝐞𝐫 တို့ကိုလည်း ထည့်သွင်းပေးထားပါတယ်
𝐀𝐦𝐛𝐢𝐞𝐧𝐭 𝐌𝐮𝐬𝐢𝐜 : 𝐂𝐨𝐧𝐭𝐫𝐨𝐥 𝐂𝐞𝐧𝐭𝐞𝐫 မှာ 𝐀𝐦𝐛𝐢𝐞𝐧𝐭 𝐦𝐮𝐬𝐢𝐜 အတွက် 𝐂𝐡𝐢𝐥𝐥, 𝐏𝐫𝐨𝐝𝐮𝐜𝐭𝐢𝐯𝐢𝐭𝐲, 𝐒𝐥𝐞𝐞𝐩, နဲ့ 𝐖𝐞𝐥𝐥𝐛𝐞𝐢𝐧𝐠 အတွက် 𝐓𝐨𝐠𝐠𝐥𝐞 အသစ်တွေထည့်သွင်းထားပါတယ်
ဒါလေးတွေကတော့ 𝐢𝐎𝐒 𝟏𝟖.𝟒 မှာပါဝင်လာနိုင်တဲ့ 𝐅𝐞𝐚𝐭𝐮𝐫𝐞 လေးတွေဖြစ်ပါတယ်။