Close Menu

    Subscribe to Updates

    Get the latest creative news from FooBar about art, design and business.

    What's Hot

    Apple ရဲ့ Pride Edition တွေလာပြီ

    May 8, 2025

    Google Map ရဲ့ Traffic Data ဆိုတာ …

    May 6, 2025

     2027 က Dynamic Island တွေရဲ့ နေဝင်ချိန်ဖြစ်လာမှာလား

    May 5, 2025
    Facebook X (Twitter) Instagram
    Anycall Blog WebsiteAnycall Blog Website
    • Home
    • All Topics
    • How’s-To
    • Reviews
    • News
    • Features

      Google Map ရဲ့ Traffic Data ဆိုတာ …

      May 6, 2025

      ချစ်ရတဲ့သူကို အမြန်ဆုံး စာပို့နိုင်ဖို့

      April 28, 2025

      Edits လား CapCut လား

      April 26, 2025

       iOS 18.4 မှာပါတဲ့ Ambient Music Feature ဆိုတာဘာလဲ

      April 24, 2025

      FA တွေဆို ချောင်မှာကပ်ငိုရမဲ့ TikTok ရဲ့ Streak Feature

      April 22, 2025
    Anycall Blog WebsiteAnycall Blog Website
    Home»Features»အလုခံရတာနဲ့ Lock တန်းချပေးမဲ့  Google Theft Protection
    Features

    အလုခံရတာနဲ့ Lock တန်းချပေးမဲ့  Google Theft Protection

    AnycallBy AnycallMarch 8, 2025No Comments2 Mins Read
    Facebook Telegram Copy Link
    Share
    Facebook Telegram Copy Link

    ကိုယ့်သူငယ်ချင်းတွေက ကိုယ့်ဖုန်းကို လုပြေးသွားတာမျိုး ကိုယ့်ရဲ့ ဖုန်းကို ဖွက်ထားတာမျိုးတွေ လူတိုင်းကြုံဖူးကြမှာပါ

    ဒီလိုမျိုး လုတာ ဖွက်တာမျိုးတွေက နေ့စဉ်နဲ့ အမျှ နေရာတိုင်းမှာ တစ်ယောက်မဟုတ်တစ်ယောက် ကြုံနေကြရတဲ့ ဖြစ်စဉ်လေး တစ်ခုပါပဲ

    ဒါပေမဲ့ ဒီလိုမျိုး အလုခံ အဖွက်ခံရတဲ့အခါ ကိုယ့်ရဲ့ စိတ်ထဲမှာ ဖုန်းကို ဆုံးရှုံးသွားလို့ ဖြစ်ပေါ်လာတဲ့ နှမြောစိတ်က 𝟓𝟎% လောက်ပဲ ရှိနေမှာ ဖြစ်ပြီး

    ကျန်တဲ့ 𝟓𝟎% ကတော့ ကိုယ့်ဖုန်းထဲမှာ ရှိတဲ့ အရေးကြီး အချက်အလက်တွေ ၊ 𝐁𝐚𝐧𝐤 𝐚𝐜𝐜𝐨𝐮𝐧𝐭 တွေ ၊ အဖိုးဖြတ်မရအောင် တန်တဲ့ အမှတ်တရပုံရိပ်တွေကို လုသွားတဲ့သူ ၊ ဖွက်သွားတဲ့သူက မြင်သွားမှာ (ဒါမှမဟုတ် ) ပေါက်ကြားသွားမှာကို ကြောက်တဲ့ စိတ်ပဲ ဖြစ်ပါတယ်

    ပျောက်သွားတဲ့ ဖုန်းကို ပြန်ရှာတွေ့ဖို့ဆိုတာကလည်း လက်တွေ့မှာ 𝟑 ပုံ 𝟏ပုံလောက်ပဲ ဖြစ်နိုင်တာပါ

    ဒီနေ့မှာတော့ ကိုယ့်ရဲ့ ဖုန်းကို သူငယ်ချင်းမိတ်ဆွေတွေက စနောက်ပြီး လုသွား ဖွက်သွားတဲ့အခါ ကိုယ့်ရဲ့ 𝐃𝐚𝐭𝐚 တွေကို သူတို့ မမြင်အောင် ဝင်ကြည့်မရအောင် လုပ်လို့ရတဲ့ နည်းလမ်းလေး အကြောင်းကို ပြောပြပေးသွားမှာပဲ ဖြစ်ပါတယ်

    ဒီနည်းလမ်းလေးကိုတော့ 𝐓𝐡𝐞𝐟𝐭 𝐏𝐫𝐨𝐭𝐞𝐜𝐭𝐢𝐨𝐧 𝐒𝐲𝐬𝐭𝐞𝐦 လို့ခေါ် ပြီးတော့ 𝐓𝐡𝐞𝐟𝐭 𝐃𝐞𝐭𝐞𝐜𝐭𝐢𝐨𝐧 𝐋𝐨𝐜𝐤 , 𝐎𝐟𝐟𝐥𝐢𝐧𝐞 𝐃𝐞𝐯𝐢𝐜𝐞 𝐋𝐨𝐜𝐤 နဲ့ 𝐅𝐢𝐧𝐝 𝐦𝐲 𝐝𝐞𝐯𝐢𝐜𝐞 ဆိုပြီး 𝐅𝐞𝐚𝐭𝐮𝐫𝐞 သုံးခု ပါတာပဲ ဖြစ်ပါတယ်

    ပထမ 𝐅𝐞𝐚𝐭𝐮𝐫𝐞 ဖြစ်တဲ့ 𝐓𝐡𝐞𝐟𝐭 𝐃𝐞𝐭𝐞𝐜𝐭𝐢𝐨𝐧 𝐋𝐨𝐜𝐤 ကို ဖွင့်ထားလိုက်မယ်ဆိုရင် ဖုန်းကို တစ်စုံတစ်ယောက်က လုသွားတဲ့အခါတိုင်း ကိုယ့်ရဲ့ ဖုန်းက အလိုအလျောက် 𝐋𝐨𝐜𝐤 ချသွားမှာ ဖြစ်ပါတယ် 

    ဒီ 𝐓𝐡𝐞𝐟𝐭 𝐃𝐞𝐭𝐞𝐜𝐭𝐢𝐨𝐧 𝐋𝐨𝐜𝐤 𝐅𝐞𝐚𝐭𝐮𝐫𝐞 က 𝐏𝐨𝐰𝐞𝐫𝐟𝐮𝐥 ဖြစ်တဲ့ 𝐀𝐈 တစ်မျိုးနဲ့ 𝐎𝐧-𝐃𝐞𝐯𝐢𝐜𝐞 𝐌𝐚𝐜𝐡𝐢𝐧𝐞 𝐋𝐞𝐚𝐫𝐧𝐢𝐧𝐠 𝐒𝐲𝐬𝐭𝐞𝐦 ကို အသုံးပြုပြီး ကိုယ့်ဖုန်းမှာ ဖြစ်နေတဲ့ 𝐃𝐞𝐯𝐢𝐜𝐞 𝐒𝐢𝐠𝐧𝐚𝐥 အမျိုးမျိုးကို အာရုံခံပါမယ်

    အာရုံခံမိတဲ့ 𝐃𝐞𝐯𝐢𝐜𝐞 𝐒𝐢𝐠𝐧𝐚𝐥 က မူမမှန်တော့ဘူးဆိုတာနဲ့ 𝐃𝐞𝐯𝐢𝐜𝐞 ကို အလိုအလျှောက် 𝐋𝐨𝐜𝐤 တန်းချသွားမှာပဲ ဖြစ်ပါတယ် 

    ဒီ 𝐅𝐞𝐚𝐭𝐮𝐫𝐞 ကိုတော့ 𝐒𝐞𝐭𝐭𝐢𝐧𝐠 ထဲက 𝐆𝐨𝐨𝐠𝐥𝐞 ကိုနှိပ် ၊ 𝐀𝐥𝐥 𝐒𝐞𝐫𝐯𝐢𝐜𝐞 ထဲဝင်ပြီး 𝐓𝐡𝐞𝐟𝐭 𝐩𝐫𝐨𝐭𝐞𝐜𝐭𝐢𝐨𝐧 ကို ဖွင့်ပြီး အသုံးပြုလို့ရပါတယ်

    ဒုတိယ 𝐅𝐞𝐚𝐭𝐮𝐫𝐞 ဖြစ်တဲ့ 𝐎𝐟𝐟𝐥𝐢𝐧𝐞 𝐃𝐞𝐯𝐢𝐜𝐞 𝐋𝐨𝐜𝐤 (𝐑𝐞𝐦𝐨𝐭𝐞 𝐋𝐨𝐜𝐤 )ကိုလည်း  𝐓𝐡𝐞𝐟𝐭 𝐏𝐫𝐨𝐭𝐞𝐜𝐭𝐢𝐨𝐧 ထဲမှာ တစ်ခါတည်း ဖွင့်ပြီး သုံးလို့ရပါတယ်

    ဒီ 𝐅𝐞𝐚𝐭𝐮𝐫𝐞 ကတော့ ဖုန်းပါသွားတာထက် ဖုန်းပျောက်သွားတဲ့အခါမှာ ပိုပြီးအသုံးဝင်ပါတယ် 

    ပျောက်နေတဲ့ ဖုန်း ရဲ့ ဖုန်းနံပါတ်ကို android.com/lock မှာ ရိုက်ထည့်ပြီးတော့ 𝐋𝐨𝐜𝐤 ချလို့ရတဲ့ 𝐅𝐞𝐚𝐭𝐮𝐫𝐞 တစ်ခုပါ

    နောက်ဆုံး 𝐅𝐢𝐧𝐝 𝐌𝐲 𝐃𝐞𝐯𝐢𝐜𝐞 ဆိုတဲ့ 𝐅𝐞𝐚𝐭𝐮𝐫𝐞 ကတော့ အားလုံးနဲ့ မစိမ်းတဲ့ 𝐅𝐞𝐚𝐭𝐮𝐫𝐞 တစ်ခုပဲ ဖြစ်ပါတယ် 

    𝐆𝐩𝐬 ဖွင့်ထားလိုက်ရုံနဲ့ 𝐈𝐧𝐭𝐞𝐫𝐧𝐞𝐭 ရှိနေသမျှ ကာလပတ်လုံးမှာ ကိုယ့်ဖုန်းရဲ့ တည်နေရာကို ပြပေးနေမဲ့ 𝐅𝐞𝐚𝐭𝐮𝐫𝐞 တစ်ခုပဲ ဖြစ်ပါတယ်

    အကျဉ်းချုပ်အနေနဲ့ ပြောရမယ်ဆိုရင်တော့ 𝐓𝐡𝐞𝐟𝐭 𝐏𝐫𝐨𝐭𝐞𝐜𝐭𝐢𝐨𝐧 က ဖုန်းအလုခံရတဲ့အခါ 𝐃𝐚𝐭𝐚 တွေ 𝐋𝐞𝐚𝐤 ဖြစ်မှာကို ကာကွယ်ပေးမယ်

    ပြီးရင်တော့ 𝐑𝐞𝐦𝐨𝐭𝐞 𝐋𝐨𝐜𝐤 က ပျောက်သွား ၊ပါသွားတဲ့ ကိုယ့်ဖုန်းကို 𝐋𝐨𝐜𝐤 ထပ်ချလို့ရမယ်

    ပျောက်နေတဲ့ဖုန်းမှာ 𝐈𝐧𝐭𝐞𝐫𝐧𝐞𝐭 ဖွင့်မိပြီဆိုတာနဲ့ 𝐅𝐢𝐧𝐝 𝐌𝐲 𝐃𝐞𝐯𝐢𝐜𝐞 နဲ့ လိုက်ပြီးရှာမယ် 

    ဒါဆိုရင်တော့ သူငယ်ချင်းကစနောက်ပြီး ဖုန်းလုသွားလည်း သိပ်စိတ်မပူရတော့ဘူးပေါ့။

    Application featured picks trending
    Share. Facebook Twitter Pinterest LinkedIn Tumblr Email
    Anycall
    • Website

    Related Posts

    Apple ရဲ့ Pride Edition တွေလာပြီ

    May 8, 2025

    Google Map ရဲ့ Traffic Data ဆိုတာ …

    May 6, 2025

     2027 က Dynamic Island တွေရဲ့ နေဝင်ချိန်ဖြစ်လာမှာလား

    May 5, 2025

    iPhone 17 Series နဲ့ ကြောင်ပျောက်နေပြန်တဲ့ Apple

    April 29, 2025
    Add A Comment
    Leave A Reply Cancel Reply

    Editors Picks

    𝐋𝐢𝐧𝐞 𝐔𝐩 နှစ်ခုကြား ဗျာများနေတဲ့ 𝐒𝐧𝐚𝐩𝐝𝐫𝐚𝐠𝐨𝐧 𝐂𝐡𝐢𝐩𝐬𝐞𝐭 အသစ်

    March 26, 2025

    လက်လွန်ကြက်သွန် ဖြစ်ထားတာတွေကို   တစ်ကြောင်းချင်း ဖျက်စရာမလိုတော့ဘူး

    March 24, 2025

    Apple Maps ကို ပိုမိုတိကျစေမဲ့ Surveyor App

    March 17, 2025

    𝐀𝐩𝐩𝐥𝐞 𝐈𝐧𝐭𝐞𝐥𝐥𝐢𝐠𝐞𝐧𝐜𝐞 𝐒𝐢𝐫𝐢 𝐅𝐞𝐚𝐭𝐮𝐫𝐞 တွေကို 2026 လောက်မှ သုံးနိုင်တော့မယ်

    March 9, 2025
    Top Reviews
    Advertisement
    Demo
    Anycall Blog Website
    Facebook YouTube TikTok Telegram
    ©2025 Anycall Mobile.All Rights Reserved.

    Type above and press Enter to search. Press Esc to cancel.