ပြီးခဲ့တဲ့ 𝐌𝐚𝐫𝐜𝐡 လ (𝟒) ရက်နေ့မှာ 𝐀𝐩𝐩𝐥𝐞 ကနေပြီးတော့ 𝐢𝐏𝐚𝐝 𝐀𝐢𝐫 𝐌𝟑 ကို 𝐌𝐚𝐠𝐢𝐜 𝐊𝐞𝐲𝐛𝐨𝐚𝐫𝐝 အသစ်နဲ့ စတင်မိတ်ဆက်ခဲ့ပါတယ်
𝐀𝐩𝐩𝐥𝐞 ဘက်ကတော့ ဒီ 𝐢𝐏𝐚𝐝 𝐌𝟑 လေးကို 𝐀𝐩𝐩𝐥𝐞 𝐈𝐧𝐭𝐞𝐥𝐥𝐢𝐠𝐞𝐧𝐜𝐞 အတွက် အထူးရည်ရွယ်ပြီးတော့ ထုတ်ခဲ့တယ်လို့ သိရပါတယ်
နောက်ပြီး ဒီ 𝐢𝐏𝐚𝐝 𝐀𝐢𝐫 𝐌𝟑 လေးက သူ့ရှေ့ထွက်မှာ ထွက်ရှိထားခဲ့တဲ့ 𝐢𝐏𝐚𝐝 𝐀𝐢𝐫 𝐌𝟏 ထက် 𝟐ဆ ပိုမြန်မယ်
𝐀𝟏𝟒 𝐁𝐢𝐨𝐧𝐢𝐜 𝐂𝐡𝐢𝐩 သုံးထားတဲ့ 𝐢𝐏𝐚𝐝 𝐀𝐢𝐫 ထက် 𝟑ဆခွဲလောက် ပိုမြန်မယ်ဆိုပြီးတော့လည်း 𝐀𝐩𝐩𝐥𝐞 ဘက်က နှိုင်းယှဉ်ပြထားပါသေးတယ်နော်
ဆိုတော့ လက်ရှိမှာ 𝐢𝐏𝐚𝐝 𝐀𝐢𝐫 𝐌𝟏 ကို အသုံးပြုနေရင်း 𝐌𝟑 𝐕𝐞𝐫𝐬𝐢𝐨𝐧 ကို ပြောင်းသုံးမယ်ဆိုရင်တော့ သိသာတဲ့ မြန်ဆန်မှုတွေကို ခံစားရမှာပဲ ဖြစ်ပါတယ်
𝐢𝐏𝐚𝐝 𝐀𝐢𝐫 𝐌𝟑 ရဲ့ ဈေးနှုန်းတွေအနေနဲ့ကတော့ 𝟏𝟏-𝐢𝐧𝐜𝐡 𝐌𝐨𝐝𝐞𝐥 ကို 𝐒𝐆𝐃𝟖𝟗𝟗 , 𝟏𝟑-𝐢𝐧𝐜𝐡 𝐌𝐨𝐝𝐞𝐥 ကို 𝐒𝐆𝐃𝟏,𝟏𝟗𝟗 နဲ့ ဝယ်ယူနိုင်မှာပဲ ဖြစ်ပါတယ်နော်
နောက်ပြီး 𝐢𝐏𝐚𝐝 𝐀𝐢𝐫 𝐌𝟑 နဲ့အတူ 𝐀𝐥𝐥-𝐍𝐞𝐰 𝐌𝐚𝐠𝐢𝐜 𝐊𝐞𝐲𝐛𝐨𝐚𝐫𝐝 ဆိုပြီး 𝐌𝐚𝐠𝐢𝐜 𝐊𝐞𝐲𝐛𝐨𝐚𝐫𝐝 အသစ်တွေကိုလည်း 𝐀𝐩𝐩𝐥𝐞 က မိတ်ဆက်ခဲ့ပါသေးတယ်
ထုံးစံအတိုင်း 𝐁𝐥𝐮𝐞𝐭𝐨𝐨𝐭𝐡 မလိုဘဲ 𝐌𝐚𝐠𝐧𝐞𝐭𝐢𝐜𝐚𝐥𝐥𝐲 ချိတ်ဆက်ရမှာဖြစ်ပြီး ဈေးနှုန်းအနေနဲ့ 𝟏𝟏-𝐢𝐧𝐜𝐡 𝐌𝐨𝐝𝐞𝐥 𝐊𝐞𝐲𝐛𝐨𝐚𝐫𝐝 အတွက် 𝐒𝐆𝐃 𝟑𝟗𝟗 , 𝟏𝟑-𝐢𝐧𝐜𝐡 𝐌𝐨𝐝𝐞𝐥 𝐊𝐞𝐲𝐛𝐨𝐚𝐫𝐝 အတွက် 𝐒𝐆𝐃𝟒𝟒𝟗 နဲ့ ဝယ်ယူလို့ရမှာပဲ ဖြစ်ပါတယ်။