Close Menu

    Subscribe to Updates

    Get the latest creative news from FooBar about art, design and business.

    What's Hot

    Apple ရဲ့ Pride Edition တွေလာပြီ

    May 8, 2025

    Google Map ရဲ့ Traffic Data ဆိုတာ …

    May 6, 2025

     2027 က Dynamic Island တွေရဲ့ နေဝင်ချိန်ဖြစ်လာမှာလား

    May 5, 2025
    Facebook X (Twitter) Instagram
    Anycall Blog WebsiteAnycall Blog Website
    • Home
    • All Topics
    • How’s-To
    • Reviews
    • News
    • Features

      Google Map ရဲ့ Traffic Data ဆိုတာ …

      May 6, 2025

      ချစ်ရတဲ့သူကို အမြန်ဆုံး စာပို့နိုင်ဖို့

      April 28, 2025

      Edits လား CapCut လား

      April 26, 2025

       iOS 18.4 မှာပါတဲ့ Ambient Music Feature ဆိုတာဘာလဲ

      April 24, 2025

      FA တွေဆို ချောင်မှာကပ်ငိုရမဲ့ TikTok ရဲ့ Streak Feature

      April 22, 2025
    Anycall Blog WebsiteAnycall Blog Website
    Home»Features»Infinix ရဲ့ Tri-Fold ဖုန်းဆိုတာက…
    Features

    Infinix ရဲ့ Tri-Fold ဖုန်းဆိုတာက…

    AnycallBy AnycallMarch 2, 2025No Comments1 Min Read
    Facebook Telegram Copy Link
    Share
    Facebook Telegram Copy Link

    ဒီနောက်ပိုင်း 𝐌𝐨𝐛𝐢𝐥𝐞 𝐈𝐧𝐝𝐮𝐬𝐭𝐫𝐲 ထဲမှာတော့ 𝐅𝐨𝐥𝐝𝐚𝐛𝐥𝐞 ဖုန်းတွေက အတော်လေးကို ရေပန်းစားလာကြပြီးတော့ ပိုပြီးခေါက်ပြနိုင်တဲ့ကောင်က ဆရာကြီးပဲ ဆိုပြီးတော့များပြိုင်ခေါက်နေသလားတောင် မှတ်ရပါတယ်။

    မနှစ်ကလည်း 𝐇𝐮𝐚𝐰𝐞𝐢 က ကမ္ဘာ့ပထမဆုံး 𝐓𝐫𝐢-𝐅𝐨𝐥𝐝 ဖုန်းဆိုပြီး 𝐇𝐮𝐚𝐰𝐞𝐢 𝐌𝐚𝐭𝐞 𝐗𝐓 ကြီးကို ထုတ်ကြွယ်ပြလိုက်တာ လုံးဝကို ဟိုးလေးတကျော်ကျော် ဖြစ်သွားတာပါပဲ။

    ဒီလိုမျိုး ပြိုင်ဆိုင်မှုတွေ ပြင်းထန်နေတဲ့အချိန်မှာ 𝐈𝐧𝐟𝐢𝐧𝐢𝐱 ဘက်ကလည်း 𝐙𝐞𝐫𝐨 𝐒𝐞𝐫𝐢𝐞𝐬 ကိုမှ 𝐌𝐢𝐧𝐢 𝐓𝐫𝐢-𝐅𝐨𝐥𝐝 ဆိုတဲ့ 𝐓𝐫𝐢-𝐅𝐨𝐥𝐝 𝐂𝐨𝐧𝐜𝐞𝐩𝐭 ဖုန်းတစ်လုံးကို မကြာခင်မှာ ကျင်းပတော့မဲ့ 𝐌𝐖𝐂 𝐁𝐚𝐫𝐜𝐞𝐥𝐨𝐧𝐚 အမီထုတ်ကြွားလာခဲ့ပြီးတော့𝐓𝐫𝐞𝐧𝐝 ထဲကို အားကျမခံ ဝင် 𝐉𝐨𝐢𝐧 လာခဲ့ပြန်ပါတယ်။

    ဒီ 𝐙𝐞𝐫𝐨 𝐌𝐢𝐧𝐢 𝐭𝐫𝐢-𝐟𝐨𝐥𝐝 ရဲ့ 𝐃𝐞𝐬𝐢𝐠𝐧 ကတော့ 𝐓𝐫𝐢-𝐟𝐨𝐥𝐝 ဆိုတဲ့အတိုင်း သုံးခေါက်ချိုးဖုန်းကိုမှ အပြင်ဘက်ကို ခေါက်တဲ့ပုံစံမျိုးဖြစ်မယ်လို့တော့ ယူဆရပြီးတော့ ဖုန်းတစ်လုံး အနေနဲ့သုံးလို့ရရုံတင်မကဘဲ တခြားလိုအပ်သလို ပြောင်းလဲအသုံးပြုနိုင်မဲ့ 𝐖𝐞𝐚𝐫𝐚𝐛𝐥𝐞 𝐆𝐚𝐝𝐠𝐞𝐭 တစ်ခုအနေနဲ့ သုံးလို့ရဦးမယ်လို့လည်း သိရပါတယ်။ အဲ့ဒီလိုသုံးဖို့အတွက်တော့ 𝐀𝐜𝐜𝐞𝐬𝐬𝐨𝐫𝐲 တွေ လိုအပ်ဦးမှာပါ။

    ကင်မရာပိုင်းကတော့ ကျောဘက်မှာ  𝐃𝐮𝐚𝐥 𝐂𝐚𝐦𝐞𝐫𝐚 နဲ့ အတွင်းဘက်မှာ 𝐏𝐮𝐧𝐜𝐡 𝐇𝐨𝐥𝐞 တစ်ခုပါတာကိုတွေ့ရပါတယ်။တခြား အသေးစိတ် 𝐒𝐩𝐞𝐜 တွေကိုတော့ ပြောပြထားတာမျိုးမရှိသေးပါဘူး

    ဒါပေမဲ့ 𝐁𝐚𝐫𝐜𝐞𝐥𝐨𝐧𝐚 မှာကျင်းပမဲ့ 𝐌𝐨𝐛𝐢𝐥𝐞 𝐖𝐨𝐫𝐥𝐝 𝐂𝐨𝐧𝐠𝐫𝐞𝐬𝐬 𝟐𝟎𝟐𝟓 (𝐌𝐖𝐂 𝟐𝟎𝟐𝟓) မှာတော့ဒီ 𝐂𝐨𝐧𝐜𝐞𝐩𝐭 နဲ့ပတ်သက်တဲ့ အသေးစိတ် အချက်အလက်တွေကို ချပြသွားမယ်လို့ မျှော်လင့်ရပါတယ်။

    𝐒𝐚𝐦𝐬𝐮𝐧𝐠 ဘက်ကလည်း 𝐆𝐚𝐥𝐚𝐱𝐲 𝐔𝐧𝐩𝐚𝐜𝐤𝐞𝐝 𝐥𝐚𝐮𝐧𝐜𝐡 𝐞𝐯𝐞𝐧𝐭 မှာ  𝐭𝐫𝐢𝐩𝐥𝐞 𝐟𝐨𝐥𝐝𝐢𝐧𝐠 𝐩𝐡𝐨𝐧𝐞 ကို 𝐓𝐞𝐚𝐬𝐞 လုပ်ခဲ့သေးတာဆိုတော့ မကြာခင်မှာ ဒီပွဲထဲကို ခြေစုံပစ်ဝင်ပြီး အပြိုင်အဆိုင်ခေါက်ပြတော့မလားဆိုတာကလည်း စိတ်ဝင်စားစရာ ကောင်းနေပါပြီ။ 

    တချို့တချို့ကလည်း ကျောက်တုံးကြီးတွေလို ငြိမ်နေပြီးတော့ နောက်မှ 𝐒𝐮𝐫𝐩𝐫𝐢𝐬𝐞 ဆိုပြီးထုတ်ပြမလားဆိုတာကိုတော့ စောင့်ကြည့်ရဦးမှာပါပဲ။

    trending
    Share. Facebook Twitter Pinterest LinkedIn Tumblr Email
    Anycall
    • Website

    Related Posts

    Apple ရဲ့ Pride Edition တွေလာပြီ

    May 8, 2025

    Google Map ရဲ့ Traffic Data ဆိုတာ …

    May 6, 2025

     2027 က Dynamic Island တွေရဲ့ နေဝင်ချိန်ဖြစ်လာမှာလား

    May 5, 2025

    iPhone 17 Series နဲ့ ကြောင်ပျောက်နေပြန်တဲ့ Apple

    April 29, 2025
    Add A Comment
    Leave A Reply Cancel Reply

    Editors Picks

    𝐋𝐢𝐧𝐞 𝐔𝐩 နှစ်ခုကြား ဗျာများနေတဲ့ 𝐒𝐧𝐚𝐩𝐝𝐫𝐚𝐠𝐨𝐧 𝐂𝐡𝐢𝐩𝐬𝐞𝐭 အသစ်

    March 26, 2025

    လက်လွန်ကြက်သွန် ဖြစ်ထားတာတွေကို   တစ်ကြောင်းချင်း ဖျက်စရာမလိုတော့ဘူး

    March 24, 2025

    Apple Maps ကို ပိုမိုတိကျစေမဲ့ Surveyor App

    March 17, 2025

    𝐀𝐩𝐩𝐥𝐞 𝐈𝐧𝐭𝐞𝐥𝐥𝐢𝐠𝐞𝐧𝐜𝐞 𝐒𝐢𝐫𝐢 𝐅𝐞𝐚𝐭𝐮𝐫𝐞 တွေကို 2026 လောက်မှ သုံးနိုင်တော့မယ်

    March 9, 2025
    Top Reviews
    Advertisement
    Demo
    Anycall Blog Website
    Facebook YouTube TikTok Telegram
    ©2025 Anycall Mobile.All Rights Reserved.

    Type above and press Enter to search. Press Esc to cancel.