Close Menu

    Subscribe to Updates

    Get the latest creative news from FooBar about art, design and business.

    What's Hot

    Apple ရဲ့ Pride Edition တွေလာပြီ

    May 8, 2025

    Google Map ရဲ့ Traffic Data ဆိုတာ …

    May 6, 2025

     2027 က Dynamic Island တွေရဲ့ နေဝင်ချိန်ဖြစ်လာမှာလား

    May 5, 2025
    Facebook X (Twitter) Instagram
    Anycall Blog WebsiteAnycall Blog Website
    • Home
    • All Topics
    • How’s-To
    • Reviews
    • News
    • Features

      Google Map ရဲ့ Traffic Data ဆိုတာ …

      May 6, 2025

      ချစ်ရတဲ့သူကို အမြန်ဆုံး စာပို့နိုင်ဖို့

      April 28, 2025

      Edits လား CapCut လား

      April 26, 2025

       iOS 18.4 မှာပါတဲ့ Ambient Music Feature ဆိုတာဘာလဲ

      April 24, 2025

      FA တွေဆို ချောင်မှာကပ်ငိုရမဲ့ TikTok ရဲ့ Streak Feature

      April 22, 2025
    Anycall Blog WebsiteAnycall Blog Website
    Home»Features» Mobile လောကရဲ့ အကြောက်တရား
    Features

     Mobile လောကရဲ့ အကြောက်တရား

    AnycallBy AnycallFebruary 27, 2025No Comments2 Mins Read
    Facebook Telegram Copy Link
    Share
    Facebook Telegram Copy Link

    𝐆𝐫𝐞𝐞𝐧 𝐋𝐢𝐧𝐞 

    𝐎𝐋𝐄𝐃 နဲ့  𝐀𝐌𝐎𝐋𝐄𝐃 𝐃𝐢𝐬𝐩𝐥𝐚𝐲 ဖုန်းတွေ ကိုင်တဲ့သူတိုင်း ခိုက်ခိုက်တုန်အောင် ကြောက်တတ်ကြတဲ့ 𝐄𝐫𝐫𝐨𝐫 တစ်ခု

    တကယ်တော့ ဒီ 𝐆𝐫𝐞𝐞𝐧 𝐥𝐢𝐧𝐞 𝐄𝐫𝐫𝐨𝐫 က ဗြုန်းခနဲ ကောက်ဖြစ်သွားတာမဟုတ်သလို ၊ ဖြစ်လည်းဖြစ်ခဲတဲ့ 𝐄𝐫𝐫𝐨𝐫 တစ်ခုပဲ ဖြစ်ပါတယ်

    ဒါပေမဲ့ ဖြစ်လာပြီဆိုရင်လည်း ဖုန်းပိုင်ရှင်တွေခမျာ ပြင်ရခက် ၊ ရောင်းရခက် အခြေအနေတစ်ခုကို မရောက်ချင်ဘဲ ရောက်သွားကြရပြန်ပါတယ်

    ဒီနေ့မှာ 𝐆𝐫𝐞𝐞𝐧 𝐋𝐢𝐧𝐞 𝐄𝐫𝐫𝐨𝐫 တွေ ဘာကြောင့် ဖြစ်ရတာလဲ 

    ဘယ်လိုနည်းတွေနဲ့ ပြင်လို့ရလဲဆိုတာကို အကျဉ်းချုပ်ရှင်းပြပေးသွားမှာပဲ ဖြစ်ပါတယ်နော်

    𝐆𝐫𝐞𝐞𝐧 𝐋𝐢𝐧𝐞 တွေက  𝐇𝐚𝐫𝐝𝐰𝐚𝐫𝐞 𝐃𝐚𝐦𝐚𝐠𝐞 ၊ 𝐒𝐨𝐟𝐭𝐰𝐚𝐫𝐞 𝐆𝐥𝐢𝐭𝐜𝐡 𝐨𝐫 𝐁𝐮𝐠 နဲ့ 𝐎𝐯𝐞𝐫𝐡𝐞𝐚𝐭𝐢𝐧𝐠 𝐨𝐫 𝐖𝐚𝐭𝐞𝐫 𝐃𝐚𝐦𝐚𝐠𝐞 ဆိုတဲ့ အချက် (𝟑) မျိုးကြောင့် အဖြစ်များပါတယ်

    𝐇𝐚𝐫𝐝𝐰𝐚𝐫𝐞 𝐃𝐚𝐦𝐚𝐠𝐞 မှာဆိုရင် 

    𝐃𝐢𝐬𝐩𝐥𝐚𝐲 (𝐎𝐋𝐄𝐃/𝐀𝐌𝐎𝐋𝐄𝐃 ) ကို ဖုန်းပြုတ်ကျလို့ပဲ ဖြစ်ဖြစ် ၊ ဖိမိလို့ပဲဖြစ်ဖြစ် ၊ 𝐃𝐢𝐬𝐩𝐥𝐚𝐲 အတွင်းပိုင်းမှာ ထိခိုက်သွားလို့ပဲ ဖြစ်ဖြစ် 𝐆𝐫𝐞𝐞𝐧 𝐋𝐢𝐧𝐞 𝐄𝐫𝐫𝐨𝐫 ဖြစ်တတ်ပါတယ် 

    နောက်ပြီး ဖုန်းအတွင်းပိုင်း ပြုပြင်တဲ့အခါ မတော်တဆ အမှားလုပ်မိရင်လည်း 𝐆𝐫𝐞𝐞𝐧 𝐋𝐢𝐧𝐞 𝐄𝐫𝐫𝐨𝐫 ဖြစ်နိုင်ပါသေးတယ်

    𝐒𝐨𝐟𝐭𝐰𝐚𝐫𝐞 အနေနဲ့ကတော့ 𝐒𝐨𝐟𝐭𝐰𝐚𝐫𝐞 𝐔𝐩𝐝𝐚𝐭𝐞 မှာ 𝐁𝐮𝐠 ပါလာတာမျိုး ၊ 𝐒𝐨𝐟𝐭𝐰𝐚𝐫𝐞 𝐂𝐨𝐫𝐫𝐮𝐩𝐭𝐢𝐨𝐧 ကြောင့်  𝐆𝐫𝐚𝐩𝐡𝐢𝐜 𝐄𝐫𝐫𝐨𝐫 ဖြစ်ပြီး 𝐆𝐫𝐞𝐞𝐧 𝐋𝐢𝐧𝐞 တွေ ပေါ်လာနိုင်ပါတယ်နော်

    နောက်ပြီး ဖုန်းအပူလွန်တာနဲ့ အစိုဓာတ် ၊ ရေစိုဒဏ်တွေကြောင့်လည်း 𝐆𝐫𝐞𝐞𝐧 𝐋𝐢𝐧𝐞 𝐄𝐫𝐫𝐨𝐫 ဖြစ်နိုင်ပါသေးတယ်

    𝐆𝐫𝐞𝐞𝐧 𝐋𝐢𝐧𝐞 𝐄𝐫𝐫𝐨𝐫 ဖြစ်တာကို ပြုပြင်တဲ့ နည်းလမ်းတွေကတော့ 

    ဖုန်းကို 𝐑𝐞𝐬𝐭𝐚𝐫𝐭 ချကြည့်ပြီး ပြန်ကောင်းမကောင်း စမ်းကြည့်လို့ရသလို ,𝐒𝐨𝐟𝐭𝐰𝐚𝐫𝐞 𝐔𝐩𝐝𝐚𝐭𝐞 အသစ်ထပ်တင်တာ ၊ အရင် 𝐕𝐞𝐫𝐬𝐢𝐨𝐧 အဟောင်းကို ပြန်ချပြီး သုံးတာမျိုးနဲ့လည်း 𝐆𝐫𝐞𝐞𝐧𝐥𝐢𝐧𝐞 𝐄𝐫𝐫𝐨𝐫 ကို ဖြေရှင်းကြည့်နိုင်ပါတယ်

    နောက်ပြီး 𝐃𝐞𝐯𝐞𝐥𝐨𝐩𝐞𝐫 𝐎𝐩𝐭𝐢𝐨𝐧𝐬 ဖွင့်ပြီးရင်  𝐒𝐞𝐭𝐭𝐢𝐧𝐠𝐬 > 𝐃𝐞𝐯𝐞𝐥𝐨𝐩𝐞𝐫 𝐎𝐩𝐭𝐢𝐨𝐧𝐬 > 𝐃𝐢𝐬𝐚𝐛𝐥𝐞 𝐇𝐖 𝐎𝐯𝐞𝐫𝐥𝐚𝐲𝐬 ထဲကိုဝင်ပြီး  𝐇𝐚𝐫𝐝𝐰𝐚𝐫𝐞 𝐎𝐯𝐞𝐫𝐥𝐚𝐲𝐬 ကို 𝐃𝐢𝐬𝐚𝐛𝐥𝐞  လုပ်ပြီး စမ်းကြည့်လို့လည်းရပါသေးတယ် 

    ဒီနည်းတွေစမ်းကြည့်လို့ 𝐆𝐫𝐞𝐞𝐧 𝐋𝐢𝐧𝐞 𝐄𝐫𝐫𝐨𝐫 မပျောက်သေးဘူးဆိုရင်တော့ ယုံကြည်ရတဲ့ 𝐒𝐞𝐫𝐯𝐢𝐜𝐞 𝐂𝐞𝐧𝐭𝐞𝐫 ကိုသွားပြီး စစ်ဆေးကြည့်ဖို့ပဲ အကြံပေးချင်ပါတယ်နော် 

    𝐆𝐫𝐞𝐞𝐧 𝐋𝐢𝐧𝐞 𝐄𝐫𝐫𝐨𝐫 ဖြစ်တာကို လွယ်လွယ်နဲ့ ပြန်ပြင်လို့မရပေမဲ့ အခုပြောသွားနည်းလမ်းလေးတွေကို စမ်းပြီး ပြန်ကောင်းနိုင်သေးတာမို့ စိတ်ဝင်စားတယ် ၊ 𝐆𝐫𝐞𝐞𝐧 𝐋𝐢𝐧𝐞 𝐄𝐫𝐫𝐨𝐫 ဖြစ်နေတယ်ဆိုရင်တော့ စမ်းကြည့်ဖို့ တိုက်တွန်းလိုက်ပါတယ်နော် ။ 

    picks trending
    Share. Facebook Twitter Pinterest LinkedIn Tumblr Email
    Anycall
    • Website

    Related Posts

    Apple ရဲ့ Pride Edition တွေလာပြီ

    May 8, 2025

    Google Map ရဲ့ Traffic Data ဆိုတာ …

    May 6, 2025

     2027 က Dynamic Island တွေရဲ့ နေဝင်ချိန်ဖြစ်လာမှာလား

    May 5, 2025

    iPhone 17 Series နဲ့ ကြောင်ပျောက်နေပြန်တဲ့ Apple

    April 29, 2025
    Add A Comment
    Leave A Reply Cancel Reply

    Editors Picks

    𝐋𝐢𝐧𝐞 𝐔𝐩 နှစ်ခုကြား ဗျာများနေတဲ့ 𝐒𝐧𝐚𝐩𝐝𝐫𝐚𝐠𝐨𝐧 𝐂𝐡𝐢𝐩𝐬𝐞𝐭 အသစ်

    March 26, 2025

    လက်လွန်ကြက်သွန် ဖြစ်ထားတာတွေကို   တစ်ကြောင်းချင်း ဖျက်စရာမလိုတော့ဘူး

    March 24, 2025

    Apple Maps ကို ပိုမိုတိကျစေမဲ့ Surveyor App

    March 17, 2025

    𝐀𝐩𝐩𝐥𝐞 𝐈𝐧𝐭𝐞𝐥𝐥𝐢𝐠𝐞𝐧𝐜𝐞 𝐒𝐢𝐫𝐢 𝐅𝐞𝐚𝐭𝐮𝐫𝐞 တွေကို 2026 လောက်မှ သုံးနိုင်တော့မယ်

    March 9, 2025
    Top Reviews
    Advertisement
    Demo
    Anycall Blog Website
    Facebook YouTube TikTok Telegram
    ©2025 Anycall Mobile.All Rights Reserved.

    Type above and press Enter to search. Press Esc to cancel.