ပြီးခဲ့တဲ့ 𝐅𝐞𝐛𝐫𝐮𝐚𝐫𝐲 𝟏𝟗 ရက်နေ့က အိန္ဒိယနဲ့ တောင်ကိုရီးယား မှာရှိတဲ့ 𝐆𝐚𝐥𝐚𝐱𝐲 𝐒𝟐𝟒 , 𝐆𝐚𝐥𝐚𝐱𝐲 𝐒𝟐𝟒+နဲ့ 𝐆𝐚𝐥𝐚𝐱𝐲 𝐒𝟐𝟒 𝐔𝐥𝐭𝐫𝐚 ဖုန်းတွေမှာ 𝐎𝐧𝐞 𝐔𝐈 𝟕 𝐛𝐞𝐭𝐚 𝐕𝐞𝐫𝐬𝐢𝐨𝐧 ကို 𝐔𝐩𝐝𝐚𝐭𝐞 လုပ်လို့ရခဲ့ပါတယ်
ဒီ 𝐔𝐩𝐝𝐚𝐭𝐞 မှာ 𝐁𝐮𝐠 အချို့ကို ပြင်ပေးခဲ့ပြီးတော့ 𝐍𝐞𝐰 𝐅𝐞𝐚𝐭𝐮𝐫𝐞 တွေကိုပါ 𝐆𝐚𝐥𝐚𝐱𝐲 𝐒𝟐𝟓 𝐒𝐞𝐫𝐢𝐞𝐬 နဲ့ တန်းတူဖြစ်အောင် ထည့်ပေးထားပါသေးတယ်
ဒီနေ့မှာတော့ 𝐔𝐩𝐝𝐚𝐭𝐞 ထဲမှာ ပါတဲ့ 𝐍𝐞𝐰 𝐅𝐞𝐚𝐭𝐮𝐫𝐞 တွေထဲကမှ အသုံးဝင်မှု အမြင့်ဆုံး ဖြစ်မဲ့ 𝐅𝐞𝐚𝐭𝐮𝐫𝐞 လေး ဖြစ်တဲ့ 𝐋𝐨𝐠 (𝐥𝐨𝐠𝐚𝐫𝐢𝐭𝐡𝐦𝐢𝐜 𝐜𝐨𝐥𝐨𝐮𝐫 𝐩𝐫𝐨𝐟𝐢𝐥𝐞 ) ကို သုံးပြီး 𝐕𝐢𝐝𝐞𝐨 ရိုက်လို့ရမဲ့ 𝐅𝐞𝐚𝐭𝐮𝐫𝐞 လေး အကြောင် းကို ပြောပြပေးသွားမှာ ဖြစ်ပါတယ်
ဒီ 𝐅𝐞𝐚𝐭𝐮𝐫𝐞 ကို 𝐒𝐚𝐦𝐬𝐮𝐧𝐠 𝐒𝟐𝟒 𝐒𝐞𝐫𝐢𝐞𝐬 ထဲမှာမှ 𝐒𝟐𝟒 𝐔𝐥𝐭𝐫𝐚 ဖုန်းကပဲ သုံးလို့ရဦးမှာ ဖြစ်ပါတယ်
𝐋𝐨𝐠 𝐕𝐢𝐝𝐞𝐨 ဆိုတာကတော့ ပုံမှန် အမြင်နဲ့ ပြောရရင်တော့ ကာလာတွေကို လျှော့ပြီးရိုက်တာမျိုးကို ဆိုလိုတာပဲ ဖြစ်ပါတယ်
ဒါကြောင့် ထွက်လာတဲ့ ပုံရိပ်တွေက မှုန်ဝါးဝါး ၊ မွဲခြောက်ခြောက်နဲ့ အသက်မပါသလိုမျိုး ခံစားကြရတတ်ပါတယ်
𝐋𝐨𝐠 𝐕𝐢𝐝𝐞𝐨 𝐅𝐞𝐚𝐭𝐮𝐫𝐞 ကို သုံးရတဲ့ ရည်ရွယ်ချက်ကလည်း ရှင်းပါတယ်
𝐂𝐨𝐥𝐨𝐮𝐫 တွေ အရမ်းရှုပ်မနေဘဲ 𝐢𝐦𝐚𝐠𝐞 𝐝𝐚𝐭𝐚 တွေ များများ ရချင်လို့ပါပဲ
ဒီလိုမျိုး ရလာတဲ့ 𝐢𝐦𝐚𝐠𝐞 𝐃𝐚𝐭𝐚 တွေကို အလင်းအမှောင်တွေ အတိအကျ လှလှပပ ချိန်ညှိပြီး 𝐂𝐨𝐥𝐨𝐫 𝐆𝐫𝐚𝐝𝐢𝐧𝐠 နဲ့ 𝐀𝐝𝐣𝐮𝐬𝐭𝐦𝐞𝐧𝐭 လုပ်အပြီးမှာတော့ ပုံမှန်ရိုက်တဲ့ ရိုက်ချက်တွေထက် ထွက်လာတဲ့ ပုံရိပ်တွေက ပိုလှလာတာကို မြင်ရပါလိမ့်မယ်
ပြောရရင်တော့ ဒီ 𝐅𝐞𝐚𝐭𝐮𝐫𝐞 က 𝐏𝐫𝐨𝐟𝐞𝐬𝐬𝐢𝐨𝐧𝐚𝐥 တွေနဲ့ 𝐂𝐨𝐧𝐭𝐞𝐧𝐭 𝐂𝐫𝐞𝐚𝐭𝐨𝐫 တွေ အတွက် ရည်ရွယ်ပြီး ထည့်ပေးထားတယ်လို့တောင် ပြောလို့ရပါတယ်။