Close Menu

    Subscribe to Updates

    Get the latest creative news from FooBar about art, design and business.

    What's Hot

    Apple ရဲ့ Pride Edition တွေလာပြီ

    May 8, 2025

    Google Map ရဲ့ Traffic Data ဆိုတာ …

    May 6, 2025

     2027 က Dynamic Island တွေရဲ့ နေဝင်ချိန်ဖြစ်လာမှာလား

    May 5, 2025
    Facebook X (Twitter) Instagram
    Anycall Blog WebsiteAnycall Blog Website
    • Home
    • All Topics
    • How’s-To
    • Reviews
    • News
    • Features

      Google Map ရဲ့ Traffic Data ဆိုတာ …

      May 6, 2025

      ချစ်ရတဲ့သူကို အမြန်ဆုံး စာပို့နိုင်ဖို့

      April 28, 2025

      Edits လား CapCut လား

      April 26, 2025

       iOS 18.4 မှာပါတဲ့ Ambient Music Feature ဆိုတာဘာလဲ

      April 24, 2025

      FA တွေဆို ချောင်မှာကပ်ငိုရမဲ့ TikTok ရဲ့ Streak Feature

      April 22, 2025
    Anycall Blog WebsiteAnycall Blog Website
    Home»Features»2025 မှာလည်း ပိုတိုးမလာတဲ့ Samsung ရဲ့  Charging Wattage 
    Features

    2025 မှာလည်း ပိုတိုးမလာတဲ့ Samsung ရဲ့  Charging Wattage 

    AnycallBy AnycallFebruary 11, 2025No Comments2 Mins Read
    Facebook Telegram Copy Link
    Share
    Facebook Telegram Copy Link

    𝟐𝟎𝟐𝟓 နှစ်အစပိုင်းမှာတင်ပဲ 𝐒𝐚𝐦𝐬𝐮𝐧𝐠 ကနေပြီးတော့ 𝐆𝐚𝐥𝐚𝐱𝐲 𝐒𝟐𝟓 𝐒𝐞𝐫𝐢𝐞𝐬 ဆိုပြီး 𝐅𝐥𝐚𝐠𝐬𝐡𝐢𝐩 ဖုန်းတွေ ထုတ်ခဲ့ပြီးပါပြီ

    တိုးတက်ပြောင်းလဲမှုတွေ ၊ 𝐅𝐞𝐚𝐭𝐮𝐫𝐞 အမိုက်စားတွေ ထပ်မံ ပါဝင်လာခဲ့ပေမဲ့လည်း အခုထိတိုင် မပြောင်းလဲသေးတဲ့  အရာလေးတစ်ခု 𝐒𝐚𝐦𝐬𝐮𝐧𝐠 မှာ ရှိနေပါတယ်  

    အဲဒီအရာလေးကတော့ 𝐒𝐚𝐦𝐬𝐮𝐧𝐠 ရဲ့ 𝐂𝐡𝐚𝐫𝐠𝐢𝐧𝐠 𝐒𝐩𝐞𝐞𝐝 (𝐂𝐡𝐚𝐫𝐠𝐢𝐧𝐠 𝐖𝐚𝐭𝐭𝐚𝐠𝐞 ) ပဲ ဖြစ်ပါတယ် 

    𝟐𝟎𝟐𝟐 ခုနှစ် 𝐅𝐞𝐛𝐫𝐮𝐚𝐫𝐲 လမှာ အသစ်ထွက်ရှိခဲ့တဲ့  𝐆𝐚𝐥𝐚𝐱𝐲 𝐒𝟐𝟐+ ဖုန်းကစလို့ 𝐒𝐚𝐦𝐬𝐮𝐧𝐠 ဖုန်း 𝐂𝐡𝐚𝐫𝐠𝐢𝐧𝐠 𝐖𝐚𝐭𝐭𝐚𝐠𝐞 ဟာ 𝟐𝟓𝐖 ကနေ 𝟒𝟓𝐖 အထိ တိုးမြှင့်ပြောင်းလဲခဲ့ပါတယ် 

    ဒါပေမဲ့လည်း ဒီ 𝟒𝟓𝐖 𝐂𝐡𝐚𝐫𝐠𝐢𝐧𝐠 𝐒𝐩𝐞𝐞𝐝 က ယခု 𝟐𝟎𝟐𝟓 မှာ နောက်ဆုံးထွက်ထားတဲ့ 𝐒𝟐𝟓 𝐒𝐞𝐫𝐢𝐞𝐬 အထိ ပိုတိုးလာတာမျိုး မရှိသေးပါဘူး 

    ဆိုတော့ 𝐒𝐚𝐦𝐬𝐮𝐧𝐠 က 𝐂𝐡𝐚𝐫𝐠𝐢𝐧𝐠 အပိုင်းကို မေ့နေတာလား 

    ဒါမှမဟုတ် ပြောင်းလဲမှု မလုပ်နိုင်သေးတာလား 

    ဘာကြောင့် 𝐂𝐡𝐚𝐫𝐠𝐢𝐧𝐠 𝐖𝐚𝐭𝐭𝐚𝐠𝐞 ထပ်မတိုးသေးတာလဲ ဆိုတဲ့ မေးခွန်းတွေနဲ့ ပတ်သက်ပြီး ဆွေးနွေးတင်ပြသွားမှာဖြစ်ပါတယ် 

    ပထမဆုံး အကြောင်းပြချက်ကိုပြောရမယ်ဆိုရင်တော့ 𝟒𝟓𝐖 ဆိုတဲ့ 𝐂𝐡𝐚𝐫𝐠𝐢𝐧𝐠 𝐖𝐚𝐭𝐭𝐚𝐠𝐞 ဆိုတာ ဖုန်းတစ်လုံးအတွက် လုံလောက်တယ်လို့ ပြောလို့ရပါတယ်

    𝟏𝟖𝐖 , 𝟐𝟓𝐖 , 𝟒𝟓𝐖 ဆိုတဲ့ 𝐂𝐡𝐚𝐫𝐠𝐢𝐧𝐠 𝐖𝐚𝐭𝐭𝐚𝐠𝐞 တွေကြားမှာ ကွဲပြားမှု အကြီးကြီးရှိပေမဲ့ 𝟒𝟓𝐖 နောက်ပိုင်း 𝟔𝟕𝐖 , 𝟗𝟎𝐖 , 𝟏𝟐𝟎𝐖 စတဲ့ 𝐂𝐡𝐚𝐫𝐠𝐢𝐧𝐠 𝐖𝐚𝐭𝐭𝐚𝐠𝐞 တွေ ကြားမှာတော့ ကွဲပြားမှု ကြီးကြီးမားမား မရှိပါဘူး 

    နောက်ပြီး 𝐂𝐡𝐚𝐫𝐠𝐢𝐧𝐠 𝐒𝐩𝐞𝐞𝐝 မြန်လေလေ ဖုန်းနဲ့ အားသွင်းခေါင်း (𝐂𝐡𝐚𝐫𝐠𝐢𝐧𝐠 𝐁𝐫𝐢𝐜𝐤 ) အတွက် အပူချိန်မြင့်တက်မှု ပိုများလေလေပါပဲ 

    အပူချိန်မြင့်တက်ပါများလာတဲ့အခါ 𝐁𝐚𝐭𝐭𝐞𝐫𝐲 𝐥𝐢𝐟𝐞 လည်း အကျမြန်လာတတ်ပါတယ် 🪫

    ဆိုတော့ ဒုတိယအချက်အနေနဲ့ 𝐒𝐚𝐦𝐬𝐮𝐧𝐠 က 𝐁𝐚𝐭𝐭𝐞𝐫𝐲 𝐇𝐞𝐚𝐥𝐭𝐡 ကို 𝐂𝐡𝐚𝐫𝐠𝐢𝐧𝐠 𝐒𝐩𝐞𝐞𝐝 ထက် ပိုအလေးထားတာလည်း ဖြစ်နိုင်ပါတယ်

    ဒါကြောင့် 𝐒𝐚𝐦𝐬𝐮𝐧𝐠 ဖုန်း 𝐁𝐚𝐭𝐭𝐞𝐫𝐲 တွေဟာ အခြားဖုန်းတွေထက် ပိုကြာကြာ အသုံးခံနိုင်တာပဲဖြစ်ပါတယ်

    𝟐𝟎𝟏𝟔 ခုနှစ်မှာ ဖြစ်ပျက်ခဲ့တဲ့ 𝐒𝐚𝐦𝐬𝐮𝐧𝐠 𝐆𝐚𝐥𝐚𝐱𝐲 𝐍𝐨𝐭𝐞 𝟕 𝐈𝐧𝐜𝐢𝐝𝐞𝐧𝐭 အကြောင်းကိုလည်း 𝐒𝐚𝐦𝐬𝐮𝐧𝐠 𝐅𝐚𝐧 တွေဆိုရင် သိကြမယ်ထင်ပါတယ် 

    𝐒𝐚𝐦𝐬𝐮𝐧𝐠 𝐆𝐚𝐥𝐚𝐱𝐲 𝐍𝐨𝐭𝐞 𝟕 ဟာ 𝐒𝐚𝐦𝐬𝐮𝐧𝐠 ရဲ့ ပြောင်းလဲမှုအများဆုံး ဖုန်းဆိုလည်းမမှားပါဘူး 

    ကောင်းမွန်တဲ့ ပြောင်းလဲမှုတွေအများကြီး ရှိခဲ့ပေမဲ့လည်း မကောင်းတဲ့ အချက်လေးတစ်ချက်ကြောင့်ပဲ ကုမ္ပဏီရဲ့ ရှယ်ယာတွေ ၃ပုံ၁ပုံလောက်ကျတဲ့အထိကို အထိနာခဲ့ရပါတယ် 

    ဖြစ်စဉ်ကတော့ 𝐆𝐚𝐥𝐚𝐱𝐲 𝐍𝐨𝐭𝐞 𝟕 ဖုန်းတွေရဲ့ ရုတ်တရက် ပေါက်ကွဲမှုတွေပါပဲ 

    ဒီဖြစ်စဉ်နောက်ပိုင်းမှာတော့ 𝐒𝐚𝐦𝐬𝐮𝐧𝐠 က 𝐁𝐚𝐭𝐭𝐞𝐫𝐲 နဲ့ပတ်သက်လာရင် အရမ်းကို ဂရုစိုက်လာတာပဲဖြစ်ပါတယ်

    အကျဉ်းချုပ်အနေနဲ့ ပြောရရင်တော့ 𝐒𝐚𝐦𝐬𝐮𝐧𝐠 ဖုန်းတွေရဲ့ 𝐂𝐡𝐚𝐫𝐠𝐢𝐧𝐠 𝐖𝐚𝐭𝐭𝐚𝐠𝐞 မတိုးတာက မကောင်းတဲ့ အချက်မဟုတ်ဘဲ အရမ်းကို ဂရုတစိုက် လုပ်ဆောင်ပေးထားတဲ့ ကောင်းမွန်တဲ့အချက် တစ်ခုပဲ ဖြစ်ပါတယ် 

    အခုလက်ရှိမှာတော့ 𝐒𝐚𝐦𝐬𝐮𝐧𝐠 ဖုန်းတွေက 𝟒𝟓𝐖 (𝐒𝐮𝐩𝐞𝐫 𝐅𝐚𝐬𝐭 𝐂𝐡𝐚𝐫𝐠𝐢𝐧𝐠 𝟐.𝟎) ပဲ ရသေးတယ်ဆိုပေမယ့် သိပ်မကြာတဲ့ အနာဂတ်မှာ ဒီထက်ပိုမြင့်တဲ့ 𝐂𝐡𝐚𝐫𝐠𝐢𝐧𝐠 𝐖𝐚𝐭𝐭𝐚𝐠𝐞 တွေ ပါလာမယ်လို့ မျှော်လင့်နိုင်ပါတယ်။

    trending
    Share. Facebook Twitter Pinterest LinkedIn Tumblr Email
    Anycall
    • Website

    Related Posts

    Apple ရဲ့ Pride Edition တွေလာပြီ

    May 8, 2025

    Google Map ရဲ့ Traffic Data ဆိုတာ …

    May 6, 2025

     2027 က Dynamic Island တွေရဲ့ နေဝင်ချိန်ဖြစ်လာမှာလား

    May 5, 2025

    iPhone 17 Series နဲ့ ကြောင်ပျောက်နေပြန်တဲ့ Apple

    April 29, 2025
    Add A Comment
    Leave A Reply Cancel Reply

    Editors Picks

    𝐋𝐢𝐧𝐞 𝐔𝐩 နှစ်ခုကြား ဗျာများနေတဲ့ 𝐒𝐧𝐚𝐩𝐝𝐫𝐚𝐠𝐨𝐧 𝐂𝐡𝐢𝐩𝐬𝐞𝐭 အသစ်

    March 26, 2025

    လက်လွန်ကြက်သွန် ဖြစ်ထားတာတွေကို   တစ်ကြောင်းချင်း ဖျက်စရာမလိုတော့ဘူး

    March 24, 2025

    Apple Maps ကို ပိုမိုတိကျစေမဲ့ Surveyor App

    March 17, 2025

    𝐀𝐩𝐩𝐥𝐞 𝐈𝐧𝐭𝐞𝐥𝐥𝐢𝐠𝐞𝐧𝐜𝐞 𝐒𝐢𝐫𝐢 𝐅𝐞𝐚𝐭𝐮𝐫𝐞 တွေကို 2026 လောက်မှ သုံးနိုင်တော့မယ်

    March 9, 2025
    Top Reviews
    Advertisement
    Demo
    Anycall Blog Website
    Facebook YouTube TikTok Telegram
    ©2025 Anycall Mobile.All Rights Reserved.

    Type above and press Enter to search. Press Esc to cancel.