Google နဲ့ Samsung ပူးပေါင်းပြီး Android XR နာမည်နဲ့
Operating System ကို မိတ်ဆက်လိုက်ပါတယ်။
ပထမဆုံး Android XR အသုံးပြုတဲ့ Headset ကို
Samsung က 2025 မှာ မိတ်ဆက်ပေးမှာဖြစ်ပြီး
Vision Pro နဲ့ Meta ရဲ့ VR Headset တွေနဲ့ ယှဉ်ပြိုင်နိုင်မှာပဲဖြစ်ပါတယ်။
Android XR က Android Apps နှင့် Tools တွေကို XR Devices မှာ အသုံးပြုနိုင်အောင် ရည်ရွယ်ထားပြီး
Virtual galleries, Navigation နဲ့ တစ်ခြား Function တွေကိုလည်း စုံနေအောင်အသုံးပြုလို့ရမှာပါ။
Google ရဲ့ Gemini Ai Assistant ပါဝင်တဲ့အတွက် Device Controls နဲ့ Wearer ရဲ့
မြင်ကွင်းတွေက ပိုမိုကောင်းနေမှာပါ။
နောက်ပြီး “Virtual Big Screen” ပေါ်မှာ YouTube ကို ကြည့်ရှုနိုင်ပြီးတော့
Google Maps ကို Immersive view နဲ့သုံးလို့ရနိုင်မှာဖြစ်သလို
Chrome မှာဆိုရင်လည်း Multitasking တွေကို Virtual screens နဲ့ အသုံးပြုလို့ရမှာပဲဖြစ်ပါတယ်။