Youtube Short Video လေးတွေရိုက်မယ့်အချိန်မှာ Background မလှလို့
မရိုက်လိုက်ရတဲ့ အခိုက်အတန့်လေးတွေကို ကြူံဖူးတယ်မလား
Youtube မှာ Short Video တွေအတွက်
Dream Screen Feature ကိုအသုံးပြုပြီး
Ai – Generated Video Background တွေကိုဖန်တီးလို့ရနေပါပြီ။
Google DeepMind’s ရဲ့ AI Video generation model ဖြစ်တဲ့
Veo နဲ့ပေါင်းပြီး1080p Video Clips တွေကို
ဖန်တီးနိုင်မှာပဲဖြစ်ပါတယ်။
Dream Screen နဲ့ Short Video တွေဖန်တီးချင်ရင်တော့
Short Camera > Green Screen icon > Dream Screen
ကိုနှိပ်ပြီး ကိုယ်လိုချင်တဲ့ပုံစံလေးတွေကို ဖန်တီးရမှာပါ
လောလောဆယ်မှာတော့ United States, Canada, Australia နဲ့
New Zealand မှာပဲ စတင်အသုံးပြုလို့ ရနေပြီး
မြန်မာမှာတော့ မကြာခင်အသုံးပြုလို့ရလာမလား စောင့်ကြည့်ရမှာဖြစ်ပါတယ်။