iOS 18တင်ပြီးနောက်ပိုင်း iPhone 16 User တော်တော်များများနဲ့ တစ်ချို့သော
iPhone Model လေးတွေမှာ Photo App နဲ့ပတ်သက်ပြီး Error လေးတစ်ခုရှိပါတယ်။
အဲ့ဒါလေးက ပုံတစ်ပုံကို Edit လုပ်ပြီးတဲ့အချိန်
“There was an error saving this photo. Please try again later.”
ဆိုတဲ့စာတန်းနဲ့အတူ save လို့မရတာမျိူးတွေဖြစ်တာမျိူးပါ။
User တွေအနေနဲ့လည်း Still Photo အနေနဲ့ပုံတစ်ပုံကို Duplicate လုပ်ပြီး
ပုံတွေကို Save လုပ်နိုင်ပါတယ်။ ဒါပေမယ့် ဒီနည်းလမ်းက Live Photo တွေနဲ့
Photographic Style ကိုတော့ ပျက်သွားစေနိုင်ပါတယ်။
ဒီလိုError လေးတွေကြောင့် User တော်တော်များများ အခက်တွေ့နေကျတာမလို့
Apple ဘက်ကနေပြီး ဒီ Error လေးကိုဖြေရှင်းပေးမယ်လို့ ဆိုထားပါတယ်။