Apple ကနေပြီး iOS 18.1 မှာ
Apple Intelligence ကိုစတင်မိတ်ဆက်ခဲ့ပြီးနောက်ပိုင်းမှာ
Siri ကိုအသုံးပြုရတဲ့အခါမှာလည် ပိုမိုကောင်းမွန်လာခဲ့ပါတယ်။
အခုတစ်ခါ Siri နဲ့ စကားပြောတာအပြင်
စာနဲ့လည်းရိုက်ပြီးပြောလို့ရနေပါပြီ။
ဒီ Feature လေးက အရမ်းအသုံးဝင်ပြီးတော့
အသုံးပြုရတာကလည်းလွယ်ကူပါတယ်။
Siri ကို စာလေးနဲ့ရိုက်ပြီး ကိုယ်သိချင်တာလေးတွေ မေးချင်ရင်တော့
Setting > Apple Intelligence & siri > Type to Siri toggle ကို On ပေးလိုက်ရုံပါပဲ။
Type to Siri ဆိုတာလေးကို On ပြီးသွားတာနဲ့ ဖုန်းအောက်ပိုင်း Display ကို
Double Tap နှိပ်လိုက်ရုံနဲ့ Typing Interface ပေါ်လာမှာပဲဖြစ်ပါတယ်။
အဲ့ဒီမှာ ကိုယ်သိလိုတဲ့ အကြောင်းအရာတွေကို စာရိုက်ပြီးမေးလို့ရမှာပဲဖြစ်ပါတယ်။