Apple ရဲ့ Live Listen လိုမျိုး Android ဖုန်းတွေမှာလည်း အဲ့ဒီလို Feature သုံးလို့ရတယ်ဆိုတာ သိပြီးပြီလား
Samsung ဖုန်းတွေမှာ Bluetooth နားကြပ်တစ်ခုခုသုံးပြီး ကိုယ့်ဖုန်းရဲ့အနီးနား ပတ်ဝန်းကျင်ကအသံကို နားကြပ်ကနေတစ်ဆင့်ပြန်နားထောင်လို့ရတဲ့ Function လေးတစ်ခု ပါပါတယ်
ဥပမာ ကိုယ်ကအဲ့ဒီ Function လေးဖွင့်ပြီး ဖုန်းကို ခပ်ဝေးဝေးမှာထားလိုက်ရင်တောင်
ဖုန်းရဲ့ဘေးနားကအသံတွေကို နားကြပ်ကနေ ရှင်းရှင်းလင်းလင်းကြားရတာမျိုးပါ
ဒီ Function လေးရဲ့ အဓိက ရည်ရွယ်ချက်က Hearing Aid အနေနဲ့ အသုံးပြုနိုင်မှာဖြစ်လို့ အကြားအာရုံချို့တဲ့နေတဲ့ လူတွေအတွက် တကယ့်ကိုအသုံးဝင်စေတဲ့ Function လေးတစ်ခု ဖြစ်ပါတယ်
ဒီ Feature လေးကိုသုံးဖို့ကတော့ အရင်ဆုံး Bluetooth နားကြပ်တစ်ခုခုကို ဖုန်းနဲ့ချိတ်ထားဖို့ လိုပါမယ်နော်
Setting >> Accessibility >> Hearing Enhancements >> Amplify Ambient Sound ကိုဖွင့်လိုက်ရင်ရပါပြီ။