Apple က မိတ်ဆက်ပေးလိုက်တဲ့ Mac Mini အသစ်က ပိုပြီးသေးငယ်တဲ့ Design
ပိုပြီး powerful ဖြစ်တဲ့ Feature တွေနဲ့ ထွက်ရှိလာပါပြီ
Mac Mini M4 နဲ့ M4 Pro ဆိုပြီးထွက်ရှိလာပြီး နှစ်ခုလုံးရဲ့ Chip တွေကလည်း
ကမ္ဘာ့အမြန်ဆုံး CPU Core ဖြစ်တာကြောင့် ကိုယ့်ရဲ့ လုပ်ဆောင်ချက်အားလုံးတိုင်းကို
မြန်မြန်ဆန်ဆန်ပဲ လုပ်ဆောင်နိုင်မှာ ဖြစ်ပါတယ်
Mac Mini က ဈေးနှုန်းတူ Desktop တွေနဲ့ နှိုင်းယှဉ်မယ်ဆိုရင်တောင် ၆ဆ ပိုမြန်ပါတယ်လို့ Apple ဘက်ကပြောထားပြီးတော့
GPU ကလည်း Powerful Feature ဖြစ်လာတာကြောင့် 3D Game တွေနဲ့ Graphic အတော်လေးကို အသုံးဝင်လာမှာ ဖြစ်ပါတယ်
Apple ရဲ့ ပထမဆုံး Carbon-neutral Mac ဖြစ်လာတဲ့ Mac Mini က သေးသေးလေးနဲ့
ပိုကောင်းတဲ့ စွမ်းဆောင်ချက်တွေကို စွမ်းဆောင်နိုင်တော့မှာပါ
ဒါ့အပြင်
သူ့ရဲ့ Apple Intelligence ကလည်း ပို Smart ၊ ပိုကောင်းလာပြီး AI ကိုခိုင်းစေပြီး လုပ်မယ့်
AI task တော်တော်များများကိုလည်း လုပ်ဆောင်နိုင်တာကြောင့် ကျောင်းသားတွေအပြင်
Productivity သမားတွေအတွက်ပါ အသုံးဝင်လာမှာ ဖြစ်ပါတယ်